Apple က iOS 12 Stable Version ကို iPhone ၊ iPad နဲ့ iPod touch တွေအတွက် မနေ့ညကပဲ Update ချပေးလိုက်ပါပြီ။ Update လုပ်ပြီးတဲ့အချိန်မှာ Zawgyi Font သုံးနေသူတွေအတွက် စာဖတ်လို့အဆင်မပြေဖြစ်နေတဲ့ပြဿနာတွေ ကြုံနေရပါတယ်။ အဲ့ဒီပြဿနာအတွက်တော့ Font ကိုပြောင်းပြီး ဖြေရှင်းနိုင်ပါတယ်။
Step 1
Font ကိုပြောင်းထည့်ဖို့အတွက်တော့ ပထမဦးဆုံး လက်ရှိ Font ကို ဖယ်ထုတ်ရမှာပါ။ Zawgyi Font ကို iOS မှာ Profile နဲ့ထည့်ထားတာကြောင့် Font Profile ကို ဖျက်ရမှာပါ။ Font Profile ကို ဖျက်ဖို့အတွက်တော့ Settings > General ထဲကိုသွားရပါမယ်။
Step 2
General ထဲမှာ အောက်ကိုဆွဲကြည့်မယ်ဆိုရင် Profiles ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီ အထဲက Zawgyi Profile ကို ဖျက်ရမှာဖြစ်ပါတယ်။
Step 3
Zawgyi Profile ကိုဖျက်ဖို့အတွက် Remove Profile ဆိုတာကို နှိပ်ပေးရပါမယ်။
Step 4
Remove လုပ်ပြီးပြီဆိုရင်တော့ Home Screen ကိုပြန်သွားပြီး MyFont App ကို ဝင်ရမှာပါ။ MyFont App မရှိဘူးဆိုရင် ဒီ Link ကနေ ရယူနိုင်ပါတယ်။ MyFont App ထဲမှာ Zawgyi-2009 ဆိုတာကို နှိပ်ပေးရပါမယ်။
Step 5
Install လုပ်ဖို့ အခုလို မေးလာပြီဆိုရင်တော့ Install ဆိုတာကို နှိပ်ပေးရင်း Setting ထဲမှာပါ Install ကို ထပ်နှိပ်ပေးပြီးရင်ရပါပြီ။ အားလုံးပြီးသွားပြီဆိုရင်တော့ iPhone ဒါမှမဟုတ် iPad ကို Power ပိတ်ပြီး ပြန်ဖွင့်ပေးရမှာပါ။ ဒါဆိုရင်တော့ iOS 12 မှာ Zawgyi Font အဆင်မပြေတဲ့ပြဿနာကို ဖြေရှင်းလို့ပြီးပါပြီ။
Min Than Htike (Akhayar)
www.akhayar.com
Comments