You are here
Home > PC & Mobile > Android > Android စမတ်ဖုန်းနဲ့ ကိုယ်ခွဲဓာတ်ပုံတွေ ဘယ်လိုရိုက်မလဲ

Android စမတ်ဖုန်းနဲ့ ကိုယ်ခွဲဓာတ်ပုံတွေ ဘယ်လိုရိုက်မလဲ

ဒီတစ်ခါတော့ Android ဖုန်းတွေနဲ့ ကိုယ်ခွဲဓာတ်ပုံတွေကို ဘယ်လို ရိုက်သလဲ ဆိုတဲ့အကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Android ဖုန်းတွေမှာ ကိုယ်ခွဲပုံစံနဲ့ ဓာတ်ပုံရိုက်နိုင်တဲ့စနစ်ပါ တဲ့ဖုန်းတွေက ရှားပါတယ်။ အချို့ Android ဖုန်းတွေမှာဆိုရင်တော့ Panorama စနစ် နဲ့ ကိုယ်ခွဲဓာတ်ပုံတွေ ရိုက်ကြပါတယ်။ ဖုန်းမှာ Default ပါတဲ့ Panorama စနစ်နဲ့ ကိုယ်ခွဲဓာတ်ပုံတွေကို ဖန်တီးမယ်ဆိုရင်လည်းရပါတယ်။

ဒါပေမဲ့ Panorama စနစ်နဲ့ ကိုယ်ခွဲပုံတွေ ဖန်တီးမယ်ဆိုရင်တော့ ဂရုစိုက်ရမယ့်အချက်လေးတွေရှိပါတယ်။ Panorama စနစ်နဲ့ ကိုယ်ခွဲ ပုံရိုက်တဲ့အချိန်မှာ ဓာတ်ပုံအရိုက်ခံတဲ့ Subject ဟာ ဓာတ်ပုံရိုက်နေတဲ့ကင်မရာထဲမှာ အလျားလိုက် ကိုယ်ရွှေ့ချင်တဲ့နေရာကို ရွှေ့လို့မရပါဘူး။ Panorama နဲ့ ဓာတ်ပုံရိုက်နေတဲ့ ကင်မရာကို တစ် ပတ် ပတ်ပြီးတော့မှ ကင်မရာရောက်လာနေတဲ့ နေရာတွေကို ရွှေ့ပြောင်း ပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် Panorama ရိုက်နေတဲ့ကင် မရာဟာ ရပ်သွားလို့ မရတဲ့အတွက် တောက်လျှောက် ရိုက်နေမှာဖြစ်တဲ့အတွက် ဓာတ်ပုံရိုက်ခံတဲ့ Subject က ကင်မရာကို မြန်မြန်လေးပတ် သွားမှ အဆင်ပြေနိုင်ပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပုံမှာမှုန်ဝါးနေ တဲ့ပုံရိပ်တွေ ထင်ဟပ်လာနိုင်ပါတယ်။

Panorama နဲ့ ကိုယ်ခွဲပုံရိုက်ခြင်းဟာ အလုပ်နည်းနည်းများတဲ့အ တွက် လွယ်ကူသွားအောင် ကျွန်တော်တို့ App ကို အသုံးပြုမှာဖြစ်ပါတယ်။ အသုံးပြုမယ့် App ကတော့ Clone Yourself Camera Pro ဆိုတဲ့ App ပဲဖြစ်ပါတယ်။

Android App တွေအများကြီး ရှိတဲ့ထဲကမှ ဒီ App ကိုဘာကြောင့်ရွေးသလဲဆိုရင်တော့ ဒီ App ကသုံးရတာ လွယ်ကူပြီးကောင်းတဲ့ အတွက်ကြောင့်ပါပဲ။ ဒီ App ကို Playstore ပေါ်မှာတော့ အခမဲ့မရနိုင်ပါဘူး။ ဒီ App ကဝယ်ပြီးသုံးရမှာပါ။ အခမဲ့အသုံးပြုချင်တယ် ဆိုရင်တော့ APKPure လိုနေရာမျိုးကနေ ယူပြီးအသုံးပြုနိုင်သလို အခုဖော်ပြပေးလိုက်တဲ့ လင့်ကနေလည်း Download လုပ်ယူလို့ ရနိုင်ပါ တယ်။

goo.gl/yWQYnu

App ကိုဖုန်းထဲကို ထည့်သွင်းပြီးပြီဆိုရင်တော့ App ကိုဖွင့်လိုက်ပါ။ App ရဲ့မြင်ကွင်းပေါ်မှာ Start, Settings နဲ့ Tutorial ဆိုပြီး ဖော်ပြထားတာ ရှိပါတယ်။

App ကို ဘယ်လိုအသုံးပြုသလဲ ဆိုတာကို ကြည့်ချင်ရင်တော့ Tutorial ထဲမှာဝင်ပြီး ကြည့်နိုင်ပါတယ်။

Settings ထဲမှာတော့ App အတွက် အသုံးပြုနိုင်တဲ့ Settings တွေကို မြင်တွေ့ရမှာပါ။

ကိုယ်ခွဲဓာတ်ပုံတွေကို စတင်ဖန်တီးတော့မယ် ဆိုရင်တော့ Start ကိုနှိပ်လိုက်တာနဲ့ ကင်မရာပွင့်လာ ပါလိမ့်မယ်။

ကင်မရာပွင့်လာတာနဲ့ဓာတ်ပုံစရိုက်လို့ရပါပြီ။ ဓာတ်ပုံရိုက်တဲ့အချိန် မှာ ဖုန်းကို တစ်နေရာတည်းမှာ ငြိမ်အောင်ကိုင်ထားပြီး ရှေ့က Subject ဖြစ်တဲ့လူကိုပဲ တစ်နေရာပြီး တစ်နေ ရာရွှေ့ပြောင်းပြီး ရိုက်ရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံရိုက်တဲ့အခါမှာ ကိုယ်ခွဲကို ၂ ပုံကနေပြီး ၄ ပုံအ ထိခွဲပြီး ရိုက်နိုင်ပါတယ်။

ဓာတ်ပုံရိုက်ပြီး သွားတဲ့အခါမှာ လူကို Select မှတ်သားဖို့ ပြပါလိမ့်မယ်။ Brush နဲ့ လူကို လိုင်းကောက်ပြီး မှတ်သားလိုက်ပါ။ ပထမဆုံး ရိုက်တဲ့ပုံတစ်ပုံကလွဲပြီး ကျန်တဲ့ ကိုယ်ပွားတွေအား လုံးကို Brush နဲ့ မှတ်သားရမှာဖြစ်ပါတယ်။

ပြီးရင်တော့ မြားကိုနှိပ်လိုက်ပါ။ ဒါဆိုရင် ကိုယ်ခွဲတွေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို ရရှိမှာဖြစ်ပါတယ်။

ကိုခွဲပုံတွေကို Brush နဲ့ မှတ်သားတဲ့အခါမှာ ပုံတစ်ပုံလုံး ရဲ့အနားစွန်းတွေ အကုန်ပါအောင် မှတ်သားရပါမယ်။ ဒါမှလူပုံ က တစ်ပုံလုံး ကြည်ကြည်လင်လင် ပေါ်လာမှာဖြစ်ပါတယ်။

ကိုသက်

အင်တာနက် ဂျာနယ်မှ ကူးယူဖော်ပြသည်။

ဆက်စပ်ဆောင်းပါးများ –

====================

[ Unicode ]


====================





goo.gl/yWQYnu












Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top