မြန်မာစာကို လေးထောင့်လေးတွေ သို့မဟုတ် တလွဲတွေဖြစ်နေရင် ကိုယ်မြင်ချင်၊ သုံးချင်တဲ့ ဖောင့်ကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ Mozilla Firefox, Chrome, Internet Explore တို့ရဲ့ Default font တွေက ဇော်ဂျီဖောင့်ကို ကောင်းမွန်စွာ မဖော်ပြပေးနိုင်ပါဘူး။ ယူနီကုဒ်ဖောင့်တွေနဲ့ ရေးသားထားတာတွေကိုတော့ ကောင်းစွာမြင်တွေ့ရမှာပါ။
ဒီတော့ ကျွန်တော်တို့ Computer Operating System အသစ်တင်ပြီးလို့ ကိုယ်သုံးလို့တဲ့ သို့မဟုတ် ဆိုင်ကထည့်ပေးလိုက်တဲ့ Browser တွေမှာ ဇော်ဂျီဖောင့်ကို မြင်ရအောင် Settings ထဲမှာ ပြောင်းပေးလိုက်တာ ရှိသလို မပြောင်းပေးလိုက်တာလည်း ရှိပါတယ်။ ကိုယ့်ဘာသာ Browser အသစ်တစ်ခုခုကို ထည့်သွင်းအသုံးပြုမယ်ဆိုရင်လည်း ဖောင့် Settings မှာ ဇော်ဂျီဖောင့်ကို ပြောင်းပေးမှ ဇော်ဂျီဖောင့်နဲ့ ရေးထားတဲ့ စာတွေကို ကောင်းစွာ ဖတ်နိုင် မြင်နိုင်မှာပါ။
ဒီတော့ အောက်မှာ Mozilla Firefox Browser တွေမှာ ဖောင့်ပြောင်းလဲ အသုံးပြုနည်းကို ဖော်ပြပေးလိုက်ပါတယ်။
Mozilla Firefox မှာ ဖောင့်ပြောင်းလဲနည်း
Mozilla Firefox ရဲ့ Options ကို သွားပါ။
about:preferences#content
အပေါ်က အနီရောင်စာတွေကို Copy ကူးလိုက်ပါ။ ပြီးပါက Address box မှာ Paste ထည့်ပြီး Enter လုပ်ပြီး Mozilla Firefox Content options ကို တန်းသွားနိုင်ပါတယ်။ ဒုတိယပုံကို ကြည့်ရင် သိနိုင်ပါတယ်။
ဒါမှမဟုတ် Mozilla Firefox ရဲ့ ညာဘက်မှာ အတန်းသုံးတန်း ရှိပါတယ်။ နှိပ်လိုက်ပါ။ အောက်ပါပုံအတိုင်း မြင်ရမှာ ဖြစ်ပြီး Options ကို နှိပ်ပါ။

Options ကို နှိပ်လိုက်ပါ။ Options ကို နှိပ်လိုက်ပါက Mozilla Firefox မှာ Tag အသစ်တစ်ခုထဲလာမှာ ဖြစ်ပါတယ်။ Tag အသစ်မှာ Generals ထဲကို ရောက်နေပါလိမ့်မယ်။ ညာဘက် Menu တွေထဲက Content ကို နှိပ်လိုက်ပါ။ အောက်ပါပုံကို မြင်ရမှာ ဖြစ်ပါတယ်။

ပုံမှာ တွေ့ရတဲ့ အဝါရောင် ခြယ်ထားတဲ့ Advanced… ကို နှိပ်လိုက်ပါ။ အောက်ပါပုံကို မြင်ရမှာ ဖြစ်ပါတယ်။

ပုံမှာ ပြထားတဲ့ အဝါရောင် လေးတွေအားလုံးကို ဇော်ဂျီ ဖောင့်ပြောင်းထားလိုက်ပါ။ အောက်ဆုံးက အဝါရောင်မှာတော့ အမှန်ခြစ်ပေးထားရမှာ ဖြစ်ပါတယ်။ ပြီးရင် OK တွေနဲ့ ထွက်ပါ။ စာတွေ မမြင်ရသေးဘူးဆိုရင် Mozilla Firefox ကို ပိတ်ပြီး ပြန်ဖွင့်ပါ။
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ Comment ပေးသွားဖို့ မမေ့နဲ့နော်… 🙂