Apple Watch နဲ့ IPhone မှာ အရေးပေါ် Contacts နံပါတ်ဘယ် လိုထည့်မလဲ

0
659

အရေးပေါ် အခြေအနေတွေမျိုးမှာ Apple Watch ကနေ ဒါမှမဟုတ် iPhone ကနေ မိမိရဲ့ မိသားစုဝင်တွေကို အလွယ်တကူ အသိနိုင်ဖို့ အရေးပေါ် Contacts နံပါတ်ကို ထည့်သွင်းထားနိုင်ပါတယ်။ အရေးပေါ်ဖုန်းခေါ်ရမယ့် နံပါတ်ကို Health app မှာ ထည့်သွင်း ထားမယ်ဆိုရင် ဖုန်း ဒါမှမဟုတ် Apple Watch ကနေ အရေးပေါ် SOS အတွက် ခလုတ်နှိပ်လိုက်မယ်ဆိုရင် ဖုန်းကနေ အလိုအလျောက် ထည့်သွင်းထားတဲ့ အရေးပေါ်နံပါတ်ကို လှမ်းဆက်သွယ်မှာ ဖြစ်ပါတယ်။

တစ်နေရာကနေ တစ်နေရာကို ရွေ့လျားတိုင်းမိမိရဲ့ တည်နေရာကို တောက်လျောက်ပေးပို့ ပေးနေမှာလည်း ဖြစ်ပါတယ်။ ဒီ စနစ်ကို အသုံးပြုဖို့အတွက် iPhone မှာ Health app ကို ဖွင့်လိုက်ပါ။ Health app ပွင့်လာရင်တော့ မြင်ကွင်းရဲ့ ညာဘက်အပေါ် ထောင့်နားက Edit ဆိုတဲ့စာသားကို နှိပ်လိုက်ပါ။

Edit ကို နှိပ်လိုက်မယ်ဆိုရင် ဘောက်တစ်ခုပေါ်လာမှာဖြစ်ပြီး ဘောက်ထဲက Edit Medical ID ဆိုတဲ့ စာသားကို ထပ်နှိပ်ပါ။

ပြီးရင်တော့ မိမိအနေနဲ့ အရေးပေါ် အခြေအနေမှာ အကြောင်းကြားမယ့် ဖုန်းနံပါတ်ကို ထည့်သွင်းဖို့အတွက် Add emergency contact ဆိုတဲ့ စာသားဘေးနားက အပေါင်းသင်္ကေတကို တစ်ချက် နှိပ်ပါ။

ဖုန်း Contact ထဲကနာမည် တွေပေါ်လာပါလိမ့်မယ်။ အဲဒီထဲ ကမှ တစ်ယောက်ကို ရွေးချယ်ပေးလိုက်ပါ။

ပြီးရင်တော့ မိမိနဲ့ ဘယ်လို ဆက်နွယ်မှုရှိသလဲဆိုတာကို ထည့်သွင်းဖို့အတွက် ထပ်ပြီး ပေါ် လာပါလိမ့်မယ်။ သူငယ်ချင်း၊ ကလေး၊ အိမ်စတဲ့ မိမိထည့်သွင်း ချင်တဲ့တစ်ခုကို ရွေးပေးလိုက်ပါ။

ဒါဆိုရင်တော့ အရေးပေါ် အခြေအနေအတွက် ဆက်သွယ် ရမယ့် နံပါတ်ကို ထည့်သွင်းခြင်း ပြီးပါပြီ။ ကိုယ့်အနေနဲ့ အခုလိုမျိုး ဖုန်းမှာဖြစ်စေ၊ Apple Watch မှာဖြစ်စေထည့်သွင်းထားမယ်ဆို ရင် အရေးပေါ်အခြေအနေမျိုးကြုံ တွေ့ပါက အလွယ်တကူ ခလုတ် တစ်ချက်နှိပ်အကူအညီတောင်း နိုင်မှာပဲဖြစ်ပါတယ်။

ရဲထွဋ်ဝင်း

အင်တာနက်ဂျာနယ် မှ ကူးယူဖော်ပြသည်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.