You are here
Home > PC & Mobile > Linux > Function Key တွေရဲ့ အသုံးပြုပုံများ

Function Key တွေရဲ့ အသုံးပြုပုံများ

Zawgyi Version



Unicode Version

Computer Keyboard ပေါ်မှာရှိတဲ့ F1 ကနေ F12 ထိ Function Key တွေကို ဘယ်နေရာတွေမှာ အသုံးချနိုင်မှန်း ကွန်ပျူတာ အသုံးပြုသူ တော်တော်များများ မသိကြပါဘူး။ သိတယ်ဆိုရင်တောင် Key အားလုံးကို သိတဲ့သူ အချို့သာ ရှိပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ ဒီ Key တွေကို အသုံးပြုမှု နည်းပါးတဲ့အတွက်ပဲ ဖြစ်ပါတယ်။ Function Key တွေကို Computer ရဲ့ Operating System နဲ့ ဖွင့်သုံးနေတဲ့ Application မှာ အသုံးပြုနိုင်ပါတယ်။ Function Key တွေကို တစ်လုံးတည်း သုံးနိုင်သလို Ctrl နှင့် Alt နဲ့လည်း တွဲသုံးလို့ရပါတယ်။ ဥပမာအားဖြင့် – Windows OS မှာ ဖွင့်ထားတဲ့ Program ကို ပိတ်ဖို့အတွက် Alt + F4 ကို တွဲသုံးရပါတယ်။

အချို့ Keyboard တွေမှာတော့ Function Key တွေကို Fn Key နဲ့ သုံးရတာကို တွေ့ရပါလိမ့်မယ်။ Fn Key ကို Ctrl Key တို့အနားမှာ တွေ့နိုင်ပါတယ်။ ဥပမာအားဖြင့် – Windows OS မှာ ဖွင့်ထားတဲ့ Program ကို ပိတ်ဖို့အတွက် Fn + Alt + F4 ကို တွဲသုံးရပါတယ်။

Zawgyi Version

F1 Key


F2 Key


F3 Key


F4 Key


F5 Key


F6 Key


Unicode Version

F1 Key

Function Key F1 ကို အများအားဖြင့် Help file ကို ခေါ်တဲ့ Key အနေဖြင့် အသုံးပြုပါတယ်။ F1 ကို CMOS Setup ထဲ ဝင်တဲ့အခါမှာလည်း အသုံးပြုနိုင်ပါတယ်။ Windows Key + F1 ဆိုရင်တော့ Windows ရဲ့ Help and Support Center ကို ဖွင့်ပေးပါတယ်။ နောက်ပိုင်း Microsoft Office တွေမှာ Task Pane ဆိုတာ ထည့်သွင်းလာပါတယ်။ အဲဒီ Task Pane ကို လည်း Alt + F1 နှိပ်ပြီး အဖွင့်အပိတ် လုပ်နိုင်ပါတယ်။

F2 Key

Function Key F2 ဟာဆိုရင် F1 Key ကဲ့သို့ CMOS Setup ထဲကို ဝင်တဲ့အခါမှာ သုံးနိုင်ပါတယ်။ Icon, File, Folder တွေကို နာမည်ပြောင်းတဲ့အခါမှာလည်း ပြောင်းချင်တဲ့ဟာကို Select ပေးပြီး F2 ကို နှိပ်လိုက်ပါက ချက်ချင်း နာမည်ပြောင်းဖို့ အဆင်သင့် ဖြစ်စေပါတယ်။ Microsoft Word ပေါ်မှာ Ctrl + Alt + F2 ကို တွဲနှိပ်ခြင်းဖြင့် Open window ကို ခေါ်နိုင်ပါတယ်။ နောက်တစ်ခုက Microsoft Word ပေါ်မှာပဲ Ctrl + F2 ကို တွဲနှိပ်ခြင်းဖြင့် Print Preview ကြည့်နိုင်ပါတယ်။

F3 Key

Function Key F3 ဟာ ပုံမှန်အားဖြင့် Search box ကို ခေါ်ပေးတာ Search box ကို သွားတာ ဖြစ်ပါတယ်။ Microsoft word မှာ Shift + F3 ကို တွဲနှိပ်ခြင်းဖြင့် စာလုံးကြီးကနေ စာလုံးသေးကို ပြောင်းပေးတာ သို့မဟုတ် ရှေ့စာလုံးတွေကို အကြီးပြောင်းပေးပါတယ်။ Outlook မှာ Windows Key နဲ့ F3 ကို တွဲနှိပ်ခြင်းဖြင့် Advance find window ကို ဖွင့်ပေးပါတယ်။

F4 Key

Function Key F4 ကတော့ Internet Explore နဲ့ Windows Explorer တွေမှာ Address bar ကို ဖွင့်ပေးပါတယ်။ Alt + F4 ကို တွဲနှိပ်မယ်ဆိုရင်တော့ Active ဖြစ်နေတဲ့ Program ကို ပိတ်ပေးမှာ ဖြစ်ပါတယ်။ Desktop ပေါ်မှာ တွဲနှိပ်ပါက Shutdown window ကို ဖွင့်ပေးမှာ ဖြစ်ပါတယ်။

F5 Key

Function Key F5 ဟာ Refresh ပြုလုပ်တဲ့ Key ဆိုတာ တော်တော်များများ သိကြမှာပါ။ ဘယ်နေရာမှာ ဖြစ်ဖြစ် F5 ကို နှိပ်ပါက Refresh သို့မဟုတ် Reload ဖြစ်စေပါတယ်။ Browser တွေမှာဆိုရင် Ctrl + F5 သုံးပြီး Reload လုပ်ပါက အဲဒီ Website ရဲ့ Cache တွေကို ရှင်းပြီး အသစ်ပြန်လည် ဖော်ပြပေးပါတယ်။ (Update မဖြစ်ဘူးလို့ ယူဆတဲ့အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။) Power Point ရဲ့ Slideshow ကို စပြေးခိုင်းတဲ့ အခါမှာလည်း F5 ကို နှိပ်သုံးနိုင်ပါတယ်။

F6 Key

Function Key F6 ကိုတော့ အချို့ Laptop တွေမှာ Speaker ရဲ့ အသုံးကို လျှော့ချပေးပါတယ်။ Web browser တွေမှာ Address bar မှာ All select လုပ်ပြီး Pointer ချပေးပါတယ်။ Microsoft word မှာ Ctrl + Shift + F6 ကို တွဲနှိပ်ခြင်းဖြင့် နောက်ထပ် Word document တစ်ခုကို ဖွင့်ဖို့ အသုံးပြုနိုင်ပါတယ်။

Zawgyi Version

F7 Key


F8 Key


F9 Key


F10 Key


F11 Key


F12 Key







Unicode Version

F7 Key

Function Key F7 ကတော့ အချို့ Laptop မှာ Speaker ရဲ့ အသံကို တိုးမြှင့်ပေးပါတယ်။ Microsoft ရဲ့ program တွေဖြစ်တဲ့ word, outlook စသည်တို့မှာ စာလုံးပေါင်း အမှားအမှန် စစ်တဲ့အခါမှာ သုံးပါတယ်။

F8 Key

Function Key F8 ကို Windows Startup Menu ကို ဝင်ရာတွင် အသုံးပြုပါတယ်။ လူသိများတာကတော့ Windows Safe Mode ကို ဝင်တာကို ခေါ်တာ ဖြစ်ပါတယ်။ Mac Computer မှာတော့ Workspace အားလုံးအတွက် ပုံတွေကို Thumbnail ပြောင်းတဲ့အခါမှာ သုံးလို့ရပါတယ်။

F9 Key

Function Key F9 ကိုတော့ Microsoft Word မှာ Refresh လုပ်ရာမှာ သုံးနိုင်ပါတယ်။ Outlook မှာတော့ Send and Receive အတွက် သုံးနိုင်ပါတယ်။ အချို့ Laptop တွေမှာတော့ Screen ရဲ့ အလင်းကို လျော့ချရာမှာ သုံးနိုင်ပါတယ်။ Mac OS 10.3 နှင့် နောက်ပိုင်း ဗားရှင်းတွေရဲ့ Single workspace ရဲ့ ပုံတွေကို Thumbnail ပြောင်းတဲ့အခါမှာ သုံးလို့ရပါတယ်။

F10 Key

Function Key F10 ကတော့ Windows ပေါ်မှာ Active ဖြစ်နေတဲ့ Application ရဲ့ Menu ကို သွားတဲ့အခါမှာ သုံးနိုင်ပါတယ်။ Shift + F10 ကတော့ Mouse ရဲ့ Right click နဲ့ အတူတူပါပဲ။ Compaq, HP, နှင့် Sony computers တွေမှာ Hidden recovery partition ကို Access လုပ်နိုင်ပါတယ်။ အချို့ Computer တွေမှာ CMOS setup ကို ဝင်နိုင်ပါတယ်။ အချို့ Laptop တွေမှာတော့ Screen ရဲ့ အလင်းကို တိုးရာမှာ သုံးနိုင်ပါတယ်။ Mac OS 10.3 နှင့် အထက်မှာတော့ Active ဖြစ်နေတဲ့ Program ရဲ့ Window တွေကို ဖော်ပြခိုင်းချင်ရင် သုံးနိုင်ပါတယ်။

F11 Key

Function Key F11 ကတော့ နောက်ပိုင်း Web Browser တော်တော်များများမှာ Full-screen mode ကို အဖွင့်အပိတ် လုပ်လို့ရနိုင်ပါတယ်။ Full-screen mode ဆိုတာ ကိုယ်ကြည့်နေတဲ့ Webpage ကို Monitor ရဲ့ မျက်နှာပြင်အပြည့်ကြည့်တာပါ။ Dell computer တွေမှာ Hidden recovery partition ကို ကြည့်ချင်ရင် Ctrl + F11 ကို သုံးနိုင်ပါတယ်။ eMachines, Gateway, နှင့် Lenovo computer တွေမှာတော့ F11 ကို နှိပ်သုံးရုံဖြင့် Hidden recovery partition ကို Access လုပ်နိုင်ပါတယ်။ Mac Os 10.4 နှင့် အထက်မှာတော့ Active ဖြစ်နေတဲ့ Window အားလုံးကို Minimize လုပ်ပြီး Desktop သွားချင်ပါက F11 ကို သုံးနိုင်ပါတယ်။

F12 Key

Function key F12 ကိုတော့ ဖွင့်ထားတဲ့ Microsoft word ကို Save as လုပ်ချင်ပါက F12 ကို နှိပ်၍ Save as window ကို ခေါ်နိုင်ပြီး Shift နဲ့ တွဲသုံးပါက Ctrl+S ကဲ့သို့ Save ဖြစ်စေပါတယ်။ Microsoft word မှာပဲ အခြား စာမျက်နှာများကို ထပ်ဖွင့်ချင်ပါက Ctrl + F12 ကို သုံးနိုင်ပါတယ်။ Microsoft word ကို Print လုပ်ချင်ပါက Ctrl+Shift+F12 ကို တွဲနှိပ်ခြင်းဖြင့် Print လုပ်နိုင်ပါတယ်။

Function Key တွေမှာ ဒီထက်ပိုပြီး လုပ်နိုင်တဲ့အလုပ်မျိုး ရှိပါက Comment ကနေတဆင့် မျှဝေပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ…

Myanmar End User ရဲ့ ဆောင်းပါးများကို Facebook မှ ဖတ်ပါက MPT အသုံးပြုသူများ အခမဲ့ ဖြစ်ပြီး… အခြားအော်ပရေတာများကတော့ Data ကုန်ကျမှု မရှိသလောက်ပါပဲ… ဒါကြောင့် နည်းပညာဆောင်းပါးများဖတ်ဖို့ အကူအညီများ ရယူဖို့ Myanmar End User ရဲ့ Facebook page ကို Like လုပ်ထားလိုက်ပါ…

Facebook မှ နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Facebook page >> https://www.facebook.com/MyanmarEndUser

နည်းပညာ အခက်အခဲတွေ ဆွေးနွေးဖို့ဆိုရင် Facebook group >> https://www.facebook.com/groups/myanmarenduser

နည်းပညာ သတင်း၊ ဆောင်းပါးတွေ ဖတ်ချင်ရင်တော့ Website >> http://www.myanmarenduser.com

Thiha Bo Bo

Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်… ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်…
Facebook Profile: Fb/dev.thihabobo
Email: [email protected]


Similar Articles

Leave a Reply

Top
Skip to toolbar