လူမှုကွန်ယက်တွေက တစ်ယောက်နဲ့တစ်ယောက် အလွယ်တကူဆက်သွယ် ချိတ်ဆက်လို့ရအောင် လုပ်ထားပေမယ့် သေချာမသုံးတတ်တဲ့အခါမှာ မသမာသူတွေက လိုသလို သင့် data တွေကိုယူလို့ရပါတယ်။ ဒီလိုလုပ်ဖို့အတွက် Hackers တွေက ခက်ခက်ခဲခဲကြိုးစားယူနေစရာမလိုပဲ အလွယ်တကူယူလို့ရနိုင်ပါတယ်။
၁။ Profile က တစ်ဆင့် ရယူနိုင်ခြင်း။
သင့် Profile က တစ်ဆင့် သင့်ရဲ့ အချက်အလက်တွေကို အလွယ်တကူယူနိုင်ပါတယ်။ ဥပမာ အိမ်လိပ်စာ၊ ဖုန်းနံပါတ်၊ မွေးနေ့နဲ့ မွေးရက်တွေကို public အနေနဲ့ တင်ထားခြင်းက သင့် data တွေကို အလွယ်တကူရယူနိုင်ပါတယ်။ ဒါကြောင့် ကိုယ့် information တွေကို public နဲ့တင်ထားတာထက် friends only အနေနဲ့ တင်ထားသင့်ပါတယ်။
၂။ Apps တွေနဲ့ Services တွေကတစ်ဆင့် သင့်အချက်အလက်တွေကို ယူနိုင်ခြင်း။
အချို့ apps တွေက သင့်ကို social media ကတစ်ဆင့် installed လုပ်ခိုင်းပါတယ်။ ဥပမာ Facebook က တစ်ဆင့် Instagram က တစ်ဆင့် login ဝင်ခိုင်းတာမျိုးနဲ့ apps တွေကို installed လုပ်ခိုင်းတာမျိုးတွေ ရှိပါတယ်။ ဒီလို third party apps တွေကို သုံးမယ်ဆို သေချာသတိထားပါ။ နာမည်ရှိတဲ့ company ကြီးက app မျိုးက ကိစ္စမရှိပေမယ့် အခြားနာမည်တွေနဲ့ လာတဲ့ third party apps တွေကို သတိထားပါ။
၃။ Links တွေသုံးပြီး သင့်data တွေကို ရယူခြင်း။
Links တွေတွေ့တဲ့အခါ အလွယ်တကူ မနှိပ်မိပါစေနဲ့။ သင်မသိတဲ့ links တွေကို နှိပ်တဲ့အခါ နောက်ကွယ်မှာ သင့် computer နဲ့ ဖုန်းတွေထဲကို virus တွေ ဝင်လာနိုင်ပါတယ်။ အထူးသဖြင့် သင့် data အချက်အလက်တွေကို အခြားလူတစ်ယောက်ဆီ သင်မသိပဲ data တွေ ပို့နေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို links တွေက နာမည်ကြီး အနုပညာရှင်ပုံတွေနဲ့ သတင်းမျိုးတွေ ပုံစံ လာတတ်ပါတယ်။ ဒီလို link မျိုးတွေ့ရင် မနှိပ်မိခင်တည်းက သတိထားပါ။

Close up of facebook page with friend request. Concept of online communication and social network
၄။ သင့်သူငယ်ချင်းတွေက တစ်ဆင့် ရယူနိုင်ခြင်း။
သင့်သူငယ်ချင်းအနေနဲ့ သင့်ဆီ message တွေပို့ခြင်း၊ link တွေပို့ခြင်းလုပ်နိုင်ပါတယ်။ ဒီနည်းက တော်တော်များများ ကြုံရတတ်ပါတယ်။ သင့် သူငယ်ချင်းတစ်ယောက်က ဒီလိုအပြုအမူတွေ ပြုမူမယ်ဆို သေချာ ဂရုစိုက်ပါ။ Hackers တော်တော်များများက ဒီနည်းလမ်းတွေကို အသုံးပြုပြီး သင့် acc ကို hack တာမျိုးတွေ လုပ်တတ်ပါတယ်။
၅။ သင့် အရင် ဝင်ခဲ့တဲ့ history ကျန်နေခြင်း။
သင့် facebook acc သုံးပြီးအရင်က အခြား website တွေ ဝင်ခဲ့တာမျိုးတွေရှိနေခဲ့ရင်လည်း သင့် data တွေကို ယူနိုင်ပါတယ်။ ဒါကြောင့် facebook account သုံးပြီး ဝင်ခဲ့တဲ့ website တွေ game တွေရှိနေရင်log out လုပ်ပါ။ သင့် Facebook အကောင့်ကို deactivate ဖြစ်ဖြစ် delete လုပ်တာဖြစ်ဖြစ် လုပ်တဲ့အခါမှာ ချက်ချင်း မပျက်သွားပါဘူး။ ဒီလိုအခါမျိုးမှာ သင့် information တွေကို ရယူနိုင်သေးတယ်ဆိုတာ မမေ့ပါနဲ့။
၆။ သင့် Friend အဖြစ်ဝင်ရောက်ပြီး data တွေကို ရယူနိုင်ခြင်း။
အကောင့်အသစ်တစ်ခုခု friend request ပို့တဲ့အခါ သင် သိတဲ့လူလား မသိတဲ့လူလား သတိထားပါ။ သိတဲ့လူဖြစ်နေရင်တောင် အကောင့် profile picture က သင်သိတဲ့လူပုံစံမျိုးနဲ့ friend request ပို့တတ်တာမျိုး ရှိပါတယ်။ ဒါမျိုးတွေကြုံလာရင် သတိထားပါ။ အလွယ်တကူ လက်ခံလိုက်တာမျိုး မလုပ်ပါနဲ့။
အကယ်၍ အရှင်းဆုံး သင်နေချင်တယ်ဆိုရင် social media တွေမသုံးတာ အကောင်းဆုံးပါပဲ။
Comments