You are here
Home > Tech News > MPT ရဲ့ CDMA SIM Card များသို့ GSM ငွေဖြည့်ကတ်များလည်း ဖြည့်သွင်းနိုင်ပြီ

MPT ရဲ့ CDMA SIM Card များသို့ GSM ငွေဖြည့်ကတ်များလည်း ဖြည့်သွင်းနိုင်ပြီ

တကယ်ကောင်းတဲ့ အစီအစဉ်တစ်ခုကို MPT မှ လုပ်ဆောင်ပေးလိုက်ပါပြီ။ အဲဒါကတော့ MPT ရဲ့ CDMA SIM Card များ ကိုင်ဆောင်သူများအတွက် အထူးဝမ်းသာစရာ သတင်းကောင်းပဲ ဖြစ်ပါတယ်။ MPT က ၎င်းရဲ့ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုတွေကို လုပ်ဆောင်အပြီးမှာတော့ GSM ငွေဖြည့်ကတ်များကိုလည်း ၎င်းတို့ရဲ့ CDMA SIM Card များသို့ ဖြည့်သွင်းပေးနိုင်ပြီဆိုတာပါပဲ။ MPT ရဲ့ တရားဝင် Facebook စာမျက်နှာမှာ အောက်ပါအတိုင်း ဖေါ်ပြထားပါတယ်။

လေးစားရပါသော MPT မိုဘိုင်းဖုန်းအသုံးပြုသူများခင်ဗျာ
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်းအသုံးပြုသူများအား အရည်အသွေးပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများပေးနိုင်ရန် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်း ကိုအောင်မြင်စွာ ပြုလုပ်ပြီး ဖြစ်ပါတယ်။ CDMA သုံးစွဲသူများဟာ အခုမှာဆိုရင် CDMA ငွေဖြည့်ကတ်ရှာဝယ်ရန်မလိုတော့ဘဲ GSM ငွေဖြည့်ကတ်များဖြင့်လည်း ငွေဖြည့်နိုင်ပြီဖြစ်ပါတယ်။ လက်ရှိဈေးကွက်တွင်ရောက်ရှိနေသော CDMA ငွေဖြည့်ကတ်များကိုလည်း ပုံမှန်အတိုင်း အသုံးပြုနိုင်မှာဖြစ်ပြီး နောင်တွင် MPT အနေဖြင့် CDMA ငွေဖြည့်ကတ်ဟု သီးခြား ထပ်မံထုတ်လုပ်တော့မှာမဟုတ်ဘဲ GSM ငွေဖြည့်ကတ်ဖြင့် အားလုံးအသုံးပြုနိုင်ပြီဖြစ်ပါတယ်။

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်... Facebook Profile: Fb/dev.thihabobo Email: [email protected]
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top