Uncategorized

Grand Theft Auto (ကားသူခိုး) ဂိမ်းက ဘယ်လို စဖြစ်လာခဲ့သလဲ။

0

GTA Game ကို မဆော့ဘူးတဲ့ကလေး မရှိသလောက်ပါပဲ။ ဂိမ်းထဲမှာ ကားတွေ လိုက်ခိုးပြီး လျှောက်မောင်းတဲ့အရသာမျိုးက 90s born ကလေးတွေအတွက် အကောင်းဆုံးအချိန်တွေ ဖြစ်ခဲ့ဖူးပါတယ်။ ဒီနေ့ခတ်မှာ GTA games တွေက Graphic ပိုင်းဆိုင်ရာရော performance တွေရောကောင်းလာပြီး ဒီနေ့ခေတ်ကလေးတွေထိ အသဲစွဲ game အဖြစ်ထိ ကျန်ရှိနေဆဲပါပဲ။

GTA game ကို မွေးထုတ်ပေးတဲ့ company က Rockstar Game company ဖြစ်ပါတယ်။ Rockstar game ရဲ့ founder နှစ်ယောက်က လန်ဒန်က ညီအကိုနှစ်ယောက်ဖြစ်တဲ့ Sam နဲ့ Dan Hauser ပဲဖြစ်ပါတယ်။ သူတို့ရဲ့မိဘတွေက​ အနုပညာရှင်တွေနဲ့ ဂီတပညာရှင်တွေ ဖြစ်ကြပါတယ်။ အနုပညာရှင်မျိုးရိုးက ဆင်းသက်လာပေမယ့် ညီအစ်ကိုနှစ်ယောက်က ဂိမ်းတွေကိုသာ စိတ်ဝင်စားကြပါတယ်။ အဲ့အချိန်က ဂိမ်းတွေက Arcade Game တွေသာရှိပြီး ဂြိုလ်သားတွေကို ပစ်ရတဲ့ Game မျိုးသာရှိပါသေးတယ်။

၁၉၈၀ ခုနှစ်မှာတော့ Sam တို့ညီအစ်ကိုနှစ်ယောက်ကို သူတို့အဖေက New York မြို့ကို အလည်ခေါ်သွားပါတယ်။ အဲ့အချိန်က Hip Hop music တွေအရမ်းထွန်းကားတဲ့အချိန်ဖြစ်ပြီး လူတွေရဲ့  ဝတ်စားဆင်ယင်ပုံတွေကအစ Hip Hop တေးဂီတနဲ့အညီ ဝတ်စားကြတဲ့ခေတ်ဖြစ်ပါတယ်။ Sam ရဲ့အဖေက အဲ့အချိန်တုန်းက ဂီတပညာရှင်တစ်ယောက်ဖြစ်ပြီး သီချင်းထုတ်လုပ်ရေး company တစ်ခုဖြစ်တဲ့ BMG က အမှုဆောင်တစ်ယောက်ဖြစ်ပါတယ်။ Sam က သူ့အဖေကို ဒီလိုမေးခွန်းမေးခဲ့ပါတယ်။ BMG company က လူကြီးတွေသာ ခန့်ထားပြီး လူငယ်တွေကို ဘာကြောင့် မခန့်ရလဲဆိုတဲ့ မေးခွန်းမေးခဲ့ပါတယ်။ ဒီမေးခွန်းကြောင့်ပဲ Sam နဲ့ သူ့ brother က BMG မှာ အလုပ်ရခဲ့ပါတယ်။ BMG ကလည်း သိပ်မကြာခင်မှာပဲ Gaming Business ထဲကို စတင်ဝင်ရောက်လာပါတယ်။

Sam နဲ့ သူ့ညီအစ်ကိုက အတွေ့အကြုံမရှိပေမယ့် ကြိုးစားပြီးလုပ်လာတဲ့အခါမှာတော့ ၁၉၉၇ ခုနှစ်မှာတော့ ပထမဆုံး shooting game အနေနဲ့ ပေါ်ထွက်လာပါတယ်။ Game ထဲမှာ ကားတွေလိုက်မောင်းပြီး သေနတ်နဲ့ပစ်ရတာမျိုးတွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ညီအစ်ကိုနှစ်ယောက်က Rockstar game company အဖြစ် game company တစ်ခု ဖြစ်လာခဲ့ပါတယ်။ GTA game ကို စတင်မိတ်ဆက်ခဲ့တာက playstation မှာ ဖြစ်ပါတယ်။ GTA ရဲ့ ပထမဆုံး version မှာတင် ကမ္ဘာတစ်ဝှမ်းလူကြိုက်အများဆုံးဖြစ်လာပြီး ရောင်းအားအကောင်းဆုံး Game  ဖြစ်လာခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ GTA game အဆက်တွေပေါ်လာပြီး အချို့နိုင်ငံတွေမှာ GTA game ကို တားမြစ်တဲ့အဆင့်ထိရောက်လာပါတယ်။ ဒီလိုတားမြစ်ရတဲ့ အကြောင်းရင်းက game ထဲမှာပါတဲ့ သွေးထွက်သံယိုတွေနဲ့ လိင်ကိစ္စတွေပါ ပါလာတာကြောင့်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ GTA game က ကွန်ပျူတာမှာပါ ဆော့လာနိုင်ပါတယ်။

GTA games ကို လူကြိုက်များရတဲ့အကြောင်းရင်းက ဂိမ်းထဲမှာ ကိုယ့်စိတ်ကြိုက်လျှောက်လုပ်နိုင်တာကြောင့်ဖြစ်ပါတယ်။  Games ရဲ့မြေပုံတွေကလည်း အပြင်က မြို့ရဲ့ အသေးစိတ် အချက်အလက်တွေပါ ပါတာကြောင့်ဖြစ်ပါတယ်။ iPhones တွေ ပေါ်လာတဲ့အခါမှာတော့ Rockstar က iPhones တွေမှာပါ GTA ဆော့လာနိုင်အောင် ဖန်တီးလာခဲ့ပါတယ်။ Rockstar က အခြား Games တွေဖြစ်တဲ့ Max Payne လို game မျိုးတွေ ထုတ်ပေမယ့် အမြတ်က GTA ကို မမှီကြပါဘူး။ အခုဆို GTA ရဲ့နောက်ဆုံး game က မြို့တစ်မြို့တည်းသာမက မြို့တစ်မြို့နဲ့ တစ်မြို့သွားနိုင်တဲ့အဆင့်ထိ မြေပုံကကြီးလာပြီး graphic နဲ့ performance ကလည်း တစ်ကယ့်အပြင်ကအတိုင်း ရုပ်ကြွနေတာမျိုးကို မြင်တွေ့ရမှာပါ။ GTA game ရဲ့ရောင်းအားဝင်ငွေ က Hollywood  Blockbuster moviesတွေဖြစ်တဲ့ Avartar နဲ့ Endgame နှစ်ခုပေါင်းရင်းတောင် မမှီပါဘူး။ Gaming အနာဂတ်ဖြစ်တဲ့ Google ရဲ့ stadia မှာလည်း Rockstar games တွေကို မြင်တွေ့ရဖို့ gamers တော်တော်များများက မျှော်လင့်နေကြပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

Microsoft ရဲ့ နောက်ထပ်လာမယ့် Foldable Surface က Android apps တွေကို support လုပ်နိုင်။

Previous article

Apple ရဲ့ Chief Design Officer ဖြစ်တဲ့ Jony Ive ရဲ့ ဖန်တီးမှုများ။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.