Gaming

Governor Of Poker 3

0
Governor Of Poker 3
Governor Of Poker 3

Governor Of Poker ဆို တော်တော်များများ ရင်းနှီးပြီးသား ဖြစ်မှာပါ။ မရင်းနှီးသေးတဲ့ သူတွေလည်း ရှိမှာပေါ့။ Governor Of Poker ဟာ Windows Vista မပေါ်ခင်ကတည်းက Windows ပေါ်မှာ တော်တော်များများ စွဲစွဲလမ်းလမ်းကစားခဲ့တဲ့ ဖဲဂိမ်းတစ်မျိုးပါ။ ရှိုးကစားနည်းနဲ့ ဆင်တူပါတယ်။ ရှိုးကစားနည်းမှာက နောက်ဆုံးအထိ လိုက်တဲ့သူတိုင်းကို ဖဲ ၅ ချပ်အထိဝေပြီးဆော့တာ ဖြစ်ပြီး Governor Of Poker မှာတော့ အယောက်တိုင်းကို ဖဲနှစ်ချပ်စီ ဝေပြီး ကောင်တာကနေ နောက်ဆုံးအထိ ဖဲ ၅ ချပ် လှန်ပြီး ကိုယ့်ရှိတဲ့ ဖဲ နှစ်ချပ်နဲ့ တိုက်ပြီး ဖဲ ၅ ချပ် အထိပဲ ကြည့်ပါတယ်။

Governor Of Poker 3 က Multiplayer ဂိမ်းဖြစ်ပြီး အွန်လိုင်းနဲ့ ဆော့ရမှာ ဖြစ်ပါတယ်။ ဒီအတိုင်း Guest player အနေနဲ့ ဆော့နိုင်သလို၊ အီးမေးလ်၊ Facebook နဲ့လည်း ချိတ်ဆက် ဆော့နိုင်ပါတယ်။ အီးမေးလ် သို့မဟုတ် Facebook နဲ့ ချိတ်ဆက်ထားမယ်ဆိုရင်တော့ ဘယ်ဖုန်းမှာ ဖြစ်ဖြစ် Login ဝင်ဆော့နိုင်မှာဖြစ်ပါတယ်။ ဖုန်းတစ်ခုခုဖြစ်သွားရင်လည်း မပူရတော့ပါဘူး။

Governor Of Poker ကို Experience point တွေ ပေါင်းပြီး Level တက်သွားမှာ ဖြစ်ပါတယ်။ Level အပေါ်မူတည်ပြီး Game room တွေ ပွင့်သွားမှာပါ။ အဓိက Game room ပုံစံ ၅ မျိုးခွဲထားပါပြီး Level အလိုက် ကွိုင်ပမာဏ များသွားမှာဖြစ်ပါတယ်။ ဂိမ်းပုံစံတွေကတော့ Cash game, Sit & Go tournament, Push or Fold, Big Win and Royal poker တို့ပဲ ဖြစ်ပါတယ်။ 21 ကစားလိုသူအနေနဲ့လည်း ဒိုင်နဲ့ နှစ်ဦးတည်း ကစားနိုင်ပါသေးတယ်။ အဲဒါကတော့ BLACKJACK 21 မှာပဲ ဖြစ်ပါတယ်။ Level အလိုက် အဆင့်မှီသွားရင် ဦးထုပ်၊ အဝတ်အစားတွေလည်း ရနိုင်ပါသေးတယ်။ ဒါပေမယ့် ရွှေတွေနဲ့လည်း ဝယ်လို့ရပါသေးတယ်။ ကွိုင်ကိုလည်း ဝယ်ကစားလို့ရနိုင်ပါတယ်။

Governor Of Poker ၏ ဖဲကြည့်ပုံ

Governor Of Poker ၏ ဖဲကြည့်ပုံ

Downloads

Governor Of Poker ကို ကစားချင်ရင်တော့ | | |

အွန်လိုင်း Password များကို ကာကွယ်နိုင်မည့် နည်းလမ်း (၈) ခု

Previous article

အကွာအဝေး ၄ ဆပိုမိုပြီး ၂ ဆ ပိုမိုမြန်ဆန်သည့် Bluetooth 5 ကို တရားဝင် အတည်ပြု

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Gaming