You are here
Home > PC & Mobile > Internet > Spectre ကြောင့် RAM ၁၀ ရာခိုင်နှုန်း ပိုမိုသုံးစွဲမယ့် Google Chrome

Spectre ကြောင့် RAM ၁၀ ရာခိုင်နှုန်း ပိုမိုသုံးစွဲမယ့် Google Chrome

Spectre ကြောင့် RAM ၁၀ ရာခိုင်နှုန်း ပိုမိုသုံးစွဲမယ့် Google Chrome

သိပ်မကြာခင်မှာ Google Chrome ဟာ သင့်ရဲ့ RAM ကို ပိုမိုသုံးစွဲတော့မှာ ဖြစ်ပါတယ်။ ဒါဟာ Spectre အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် Chrome 67 မှာ ပါဝင်လာတဲ့ Site Isolation feature သစ်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

Spectre ဆိုတာက စျေးကွက်ထဲက CPU တိုင်းမှာရှိတဲ့ အားနည်းချက်တစ်ခုပါ။ တိုက်ခိုက်သူတွေက အဲ့ဒီအားနည်းချက်ကို အသုံးချပြီး အသုံးပြုခွင့်မရှိတဲ့ အချက်အလက်တွေကို ရယူနိုင်ပါတယ်။ အဆိုးရွားဆုံးက အန္တရာယ်ရှိတဲ့ ဒါမှမဟုတ် hack ခံထားရတဲ့ site တစ်ခုကနေ web browser မှာ JavaScript code ကို run ပြီး PC ပေါ်က အချက်အလက်တွေကို ရယူတာနဲ့ password တွေ ခိုးယူတာကို ပြုလုပ်နိုင်ပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Chrome 67 မှာ Site Isolation လို့ခေါ်တဲ့ security feature သစ်တစ်ခုကို default အဖြစ် ထည့်သွင်းပေးခဲ့ပါတယ်။ အဲ့ဒီ feature ဟာ site တစ်ခုက rendering process တစ်ခုချင်းစီကို ကန့်သတ်ပေးတာကြောင့် internetjournal.media အတွက် chrome.exe process တစ်ခုနဲ့ google.com အတွက် chrome.exe တစ်ခု ဆိုပြီး ခွဲခြားပေးမှာဖြစ်ပါတယ်။ ဒီလို rendering process တွေကို site တစ်ခုချင်းစီ ခွဲခြားတဲ့အတွက်ကြောင့် Chrome က process တစ်လျှောက်လုံးမှာ memory တိုက်ရိုက် read လုပ်တာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် Spectre ကို ရင်ဆိုင်ဖို့အတွက် built-in operating system protection တွေကို အသုံးချမှာဖြစ်ပါတယ်။

ခြုံပြီးပြောရရင် Chrome မှာ tab ပေါင်း မြောက်မြားစွာကို ဖွင့်ပြီး အသုံးပြုသူတွေဟာ memory သုံးစွဲမှု သိသိသာသာ မြင့်တက်လာမှာဖြစ်ပါတယ်။

Chrome မှာ Site ISolation ကို enable လုပ်ထားမှု ရှိ၊ မရှိ စစ်ဆေးခြင်း

Chrome မှာ tab တွေအများကြီး ဖွင့်ထားတယ်ဆိုရင် Google Chrome ရဲ့ Task Manager ကို ဖွင့်ပါ။ Task Manager ကို Menu > More Tools အောက်မှာ ရှာနိုင်ပါတယ်။ Task Manager ကိုဖွင့်ပြီးပြီဆိုရင် URL တစ်ခုအောက်မှာ doubleclick.net ဒါမှမဟုတ် 2mdn.net ဆိုတဲ့ “Subframe” ဆိုတဲ့ process တွေကိုရှာပါ။

Subframe process တွေကို တွေ့တယ်ဆိုရင် သင့်ရဲ့ system မှာ Site Isolation က enable ဖြစ်နေပါပြီ။

Site isolation ဟာ ပိုပြီး လုံခြံုမှုရှိစေတာကြောင့် Disable မလုပ်သင့်ပါဘူး။

-နောင်နောင်
Ref: HowToGeek

Internet Journal မှ ကူးယူဖော်ပြသည်

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top