You are here
Home > PC & Mobile > Android > မိသားစုနဲ့ ချစ်သူရဲ့ တည်နေရာကို ထောက်လှန်းနိုင်မယ့် Trusted Contacts Android App

မိသားစုနဲ့ ချစ်သူရဲ့ တည်နေရာကို ထောက်လှန်းနိုင်မယ့် Trusted Contacts Android App

Google မှ Trusted Contacts ဆိုတဲ့ App ကို Android စမတ်ဖုန်းတွေအတွက် ထုတ်လုပ်လိုက်ပါပြီ။ Trusted Contact App ဟာဆိုရင် မိသားစု၊ သူငယ်ချင်း၊ ချစ်သူ တွေ ဘယ်ရောက်နေလဲဆိုတာကို နောက်ယောက်ခံလိုက်နိုင်မယ့် App မျိုးဖြစ်ပါတယ်။ အလုပ်လုပ်ပုံကလဲ ရိုးရှင်းပါတယ်။ သင် နောက်ယောက်ခံလိုက်လိုတဲ့ သူကို Trusted Contact အတွင်းမှာ ထည့်ထားရမှာဖြစ်ပြီး အင်တာနက်ကနေ တစ်ဆင့် သူတို့ဘယ်မှာရှိနေလဲဆိုတာကို မေးတဲ့ Location Request ကို လက်ခံရရှိမှာဖြစ်ပါတယ်။ အကယ်၍များ သူတို့က လက်မခံ ဘူးဆိုရင်တော့ သင် နောက်ယောင်ခံနိုင်မှ မဟုတ်ပါဘူး။ ဒါ့အပြင် သင်ကိုယ်တိုင်ကလဲ သင်ဘယ်မှာရှိနေလဲဆိုတာကို အများသိအောင် ပြန်လည်မျှဝေနိုင်ပါသေးတယ်။

တည်နေရာမျှဝေပြပုံ
တည်နေရာမျှဝေပြပုံ

Google Trusted App Location Share ထားတဲ့အချိန်မှာ သွားနေတဲ့ အတိုင်း မြေပုံပေါ်မှာ ရွေ့လျားနေမှာဖြစ်ပါတယ်။ ဒါကြောင့် မိသားစုလုံခြုံရေးစနစ် အတွက်လည်း အသုံးပြုနိုင်သလို ကိုယ့်ချစ်သူဘယ်သွားနေလဲ ဆိုတာကိုလဲ စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အချင်းချင်းတော့ Trusted Contact အဖြစ် ထားပေးရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ Google ရဲ့ Trusted Contact App ကို Android တစ်မျိုးသာ ရရှိ အုံးမှာဖြစ်ပြီး iOS အတွက်တော့ လက်ရှိမှာ မထုတ်သေးပါဘူး။ ဒေါင်းလုပ်ဆွဲမယ်ဆိုရင်တော့ အောက်ကလင့်မှာ ဒေါင်းနိုင်ပါတယ်။

Trusted Contact App ဒေါင်းလုပ်ဆွဲရန် : | |

Ref : The Next Web

ဆန်းသစ်မြန်မာမှ ကူးယူဖော်ပြသည်။

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top