Tech News

Google Stadia စျေးနှုန်းနဲ့ ရမယ့် date ကို မိတ်ဆက်လိုက်တဲ့ Google

0

March လပိုင်းက Google က Game လောကကို ပြောင်းလဲပေးမယ့် Stadia အကြောင်းကို မိတ်ဆက်ခဲ့ပါတယ်။ Stadia ရဲ့ အကြောင်းကိုသိချင်ရင်​ https://www.myanmarenduser.com/gamer-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8-%E1%80%96%E1%80%90%E1%80%BA%E1%80%9E%E1%80%84%E1%80%B7%E1%80%BA%E1%80%9E%E1%80%B1%E1%80%AC-%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8/

ဒီlink မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ နိုဝင်ဘာလမှာ Google က Stadia တွေကို လူတိုင်းသုံးနိုင်မှာ ဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။ Stadia ကို အသုံးပြုနိုင်ဖို့ အင်တာနက် အမြန်နှုန်းက အနည်းဆုံး 35Mbps လိုအပ်ပါတယ်။ နိုဝင်ဘာမှာရမယ့် plan က Stadia Pro ဖြစ်ပြီးတစ်လကို ၁၀ဒေါ်လာ ကျမှာ ဖြစ်ပါတယ်။ ရရချင်းမှာ Destiny 2 ကို free ရမှာဖြစ်ပြီး ကျန်တဲ့ game တွေကိုတော့ ပေးဝယ်ရမှာ ဖြစ်တယ်။

၂၀၂၀ မှာတော့ Stadia Base ကိုလူတိုင်းရမှာ ဖြစ်ပါတယ်။ Stadia Base က​ ဂိမ်းအကြီးကြီးတွေတော့ဆော့လို့ရမှာ မဟုတ်ပဲ ဂိမ်းတစ်ခုချင်းစီကို ပိုက်ဆံနဲ့ ပေးဝယ်ရမှာဖြစ်ပါတယ်။ Free game တွေလည်း ရရှိမှာဖြစ်ပြီး အင်တာနက် ၁၀Mbps နဲ့တင် ဆော့လို့ရမှာ ဖြစ်ပါတယ်။

Google Stadia ရဲ့ Hardware နဲ့ Games များ

November မှာ Stadia ကို စသုံးမယ်ဆိုရင်တော့ Chrome browser ရှိရုံ၊ Chromecast Ultra ၊ ဒါမှမဟုတ် Google Pixel Phone ရှိရုံနဲ့တင် ဆော့လို့ရမှာ ဖြစ်ပါတယ်။ Stadia Controller က  ၆၉ဒေါ်လာကျမှာ ဖြစ်ပြီး သင့်မှာအရန်သင့် မရှိရင်တော့ PS4 , X-Box One Controller နဲ့ ဆော့လို့ရမှာ ဖြစ်ပါတယ်။ အခုလက်ရှိ​မှာ Google Stadia ကို ကြိုတင်မှာပြီး  စရံငွေပေးချေထားရင်တော့ ခံစားခွင့်တွေရမှာ ဖြစ်တယ်။ ခံစားခွင့်တွေကတော့ သုံးလတာ discount လစဉ်ကြေးနဲ့ အခြား game discount တွေရမှာ ဖြစ်တယ်။ ဒါ့အပြင် package အလိုက်ဝယ်မယ်ဆိုရင်တော့ controller ကိုလည်း စျေးနှုန်းသက်သက်သာသာနဲ့ ရမှာ ဖြစ်ပါတယ်။

အနာဂတ်မှာ Google Stadia က အောင်မြင်မလား ကျရှုံးမလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

Xioami က Under Display Camera ရဲ့ လျို့ဝှက်ချက်ကိုပြောပြ

Previous article

Apple ရဲ့ အကောင်းဆုံး product တစ်ခု (သို့) iPad Pro။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Tech News