AndroidEntertainmentPC & MobileProduct ReviewsTech NewsTechnology Explained

Google Photos Application နဲ့ ပုံလေးတွေကို Cloud ထဲ သိမ်းကြမယ်

0

#Google Photos Application နဲ့ ပုံလေးတွေကို Cloud ထဲ သိမ်းကြမယ်#

အခုလို နည်းပညာခေတ်ကြီးထဲမှာ ဖုန်းနဲ့ ဓာတ်ပုံတွေ ရိုက်ကြသိမ်းကြတာ အထူးဆန်းတော့ မဟုတ်တော့ပါဘူး… ထူးခြားပြီး ဆန်းသွားတာက ဖုန်းပျက်တာဖြစ်ဖြစ် ဖုန်းထဲထည့်ထားတဲ့ sd card က ဖြစ်ဖြစ် ပျက်သွားလို့ ပုံတွေ ပါသွားတာပါ… တချို့ကတော့ ဖေ့စ်ဘုတ်မှာ တင်ပြီး သိမ်းကြပါတယ်… အဲဒါကလဲ ပို့စ်တခုလိုပဲ ဖြစ်ဖြစ် only me နဲ့ ဖြစ်ဖြစ် တင်ဖြစ်ဦးမှလေ… ပြီးရင် facebook ရဲ့ Rule တခုခု နဲ့ ငြိတာဖြစ်ဖြစ် အကြောင်းအမျိုးမျိုးနဲ့ အကောင့်က ပျက်သွားခဲ့ရင်ရော… ဒါဆို အွန်လိုင်းပေါ်တက်လိုက်တာနဲ့ အလိုအလျောက်လေးသိမ်းပေးပြီး အလွယ်တကူလဲ အကောင့်မပျက်နိုင်တဲ့ Google Photos Application လေးက အင်မတန် အသုံးတဲ့ပါလိမ့်မယ်… အထူးတလည်လဲ ထပ်ထည့်စရာ မလိုဘဲ google နဲ့ partner ဖြစ်တဲ့ ဖုန်းတိုင်းလိုလိုမှာ built in ပါပြီးသားပါ… Google Mail နဲ့ ချိတ်ဆက်ပြီး Storage 10 GB ထိ သိမ်းဆည်းထားလို့ ရပါတယ်…

ပထမဆုံး ဖုန်းထဲက အစက်ကလေးတွေ အများကြီးနဲ့ Apps ဆိုတဲ့ဟာကို နှိပ်လိုက်ပါမယ်… ပြီးရင်တော့ ပုံမှာပြထားတဲ့ အတိုင်း Google ဆိုတဲ့ စာတန်းဟာလေးကို ရှာလိုက်ပါ…

တွေ့ပြီဆိုရင် ဖိပြီး ရွေးလိုက်ပါ… အောက်က ပုံအတိုင်း ပေါ်လာပါလိမ့်မယ်….

အဲမှာ ပန်ကာပုံလေး လေရဟတ်လို ပုံလေးကို ရွေးလိုက်ပါ…

ပြီးရင်တော့ အောက်က ပုံအတိုင်း ထပ်ပေါ်လာပါလိမ့်မယ်…

ပြီးရင်တော့ ဖုန်းကို အင်တာနက် သုံးပြီဆိုတာနဲ့  ပုံတွေ သိမ်းမလား… ဝိုင်ဖိုင်ရမှ သိမ်းမလာလို့ မေးတဲ့ အောက်ကပုံလေး ပေါ်လာပါဦးမယ်….

ကိုယ်နှစ်သက်ရာကို ရွေးပြီး Application စ သုံးလို့ရပါပြီ…

အစပိုင်းမှာတော့ နည်းနည်း ကြာပါလိမ့်မယ်… ရှိသမျှပုံတွေကို တခါမှ Cloud ထဲ မထည့်ရသေးတော့ တော်တော် နဲ့ မပြီးပါဘူး… နောက်ပိုင်းဆိုရင်တော့ ရိုက်သလောက်ကို သာ Back Up လုပ်မှာမို့ ကိုယ်တောင် သတိမထားမိဘဲ သိမ်းပြီးသား ဖြစ်သွားပါလိမ့်မယ်… များများရိုက်ထားရင် ဘေလ်များများ ထည့်ထားပေါ့ဗျာ… သိပ်လဲ ဘေလ်မစားပါဘူး… လုပ်စရာရှိလို့ အွန်လိုင်းပိတ်လိုက်လဲ နောက်တကြိမ် ပြန်ဖွင့်ချိန် အလိုအလျောက် သိမ်းပေးတာမို့ ကရိကထလဲ မများလို့ အသုံးပြုကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်ဗျာ…

 

လေးစားစွာဖြင့်

ကိုထွဋ်

 

Windows 7, 8 နဲ့ 10 မှာ GodMode Activate လုပ်ကြမယ်

Previous article

Dota 2 ကို Offline Server ထောင်ပြီး အဖွဲ့လိုက် ဘယ်လိုကစားမလဲ??

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Android