You are here
Home > PC & Mobile > Internet > အန္တရာယ်တစ်ခုခုနဲ့ ကြုံလာတဲ့အခါ မိမိကို တည်နေရာကို ဘယ်လို မျှဝေမလဲ

အန္တရာယ်တစ်ခုခုနဲ့ ကြုံလာတဲ့အခါ မိမိကို တည်နေရာကို ဘယ်လို မျှဝေမလဲ

အန္တရာယ်တစ်ခုခုနဲ့ ကြုံလာတဲ့အခါ မိမိကို တည်နေရာကို ဘယ်လို မျှဝေမလဲ
အန္တရာယ်တစ်ခုခုနဲ့ ကြုံလာတဲ့အခါ မိမိကို တည်နေရာကို ဘယ်လို မျှဝေမလဲ

Zawgyi Version

နည်းပညာခေတ်ကြီးမှာ နည်းပညာကြောင့် ကောင်းတာတွေ ရှိသလို၊ ဆိုးတာတွေလည်း ရှိပါတယ်။ နည်းပညာကို ကောင်းတဲ့ဘက်က အသုံးချရင် ကောင်းတာတွေ ရရှိမှာ ဖြစ်ပြီး၊ အဆိုးဘက်က အသုံးချရင်တော့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။

ခု Myanmar End User မှ ဖော်ပြပေးမယ့် အကြောင်းအရာကတော့ မိမိတည်ရှိတဲ့ တည်နေရာကို အခြားတစ်ယောက်ယောက် သို့မဟုတ် အများသိစေဖို့ ဘယ်လိုမျှဝေပေးမလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် လက်ရှိ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်နေပါတယ်။  အကြမ်းဖက်မှုတွေကြောင့် ပုန်းအောင်းနေရတယ်။ လာကယ်ဖို့အတွက် အဖွဲ့အစည်း၊ သို့မဟုတ် မိတ်ဆွေ၊ သူငယ်ချင်းကို ဆက်သွယ်တယ်။ ဒါပေမယ့် မိမိ ဘယ်ကိုရောက်နေတယ်ဆိုတာ ပြောမပြနိုင်ဘူး။ ပြောမပြတတ်ဘူး ဖြစ်နေတယ်။ ဒါပေမယ့် မိမိမှာ Smartphone ရှိတယ်။ လိုင်းလည်း ရနေတယ်ဆိုရင် နည်းပညာ အကူအညီနဲ့ မိမိရဲ့ တည်နေရာကို ပေးပို့နိုင်ပါတယ်။ ဒီလိုပဲ တစ်လောက ကောင်မလေး တစ်ယောက်ရဲ့ အဖြစ်အပျက်တစ်ခုကို ဖတ်ရပါတယ်။ ချစ်သူကောင်လေးက လက်မထပ်ပဲ ခိုးယူပေါင်းသင်းတယ်။ ကောင်မလေးကို အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ထားပြီး ပိတ်လှောင်ထားတယ်။ အဲဒီလို အဖြစ်အပျက်မျိုးတွေ သို့မဟုတ် ချစ်သူ အချင်းချင်း တစ်ဦးနှင့်တစ်ဦး ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ အသိပေးချင်ရင်လည်း တည်နေရာကို မျှဝေပေးထားလို့ရပါသေးတယ်။

တည်နေရာကို ဘယ်လို မျှဝေမလဲ

တည်နေရာကို မျှဝေဖို့အတွက်က GPS services ရှိဖို့လိုပါတယ်။ GPS မှာ GPS Satellite တိုက်ရိုက်ချိတ်ဆက်တာနဲ့ အင်တာနက်ကနေ ချိတ်ဆက်တာဆိုပြီး နှစ်မျိုး ရှိပါတယ်။ GPS Satellite နဲ့ တိုက်ရိုက်ချိတ်ဆက်တာက ဝန်ဆောင်ခပေးရမှာ ဖြစ်တဲ့အတွက် ဒီ ဆောင်းပါးမှာတော့ အင်တာနက်နဲ့ ချိတ်ဆက်ပြီး Google maps နဲ့ Messenger location sharing ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Unicode Version





Messenger location sharing

(Zawgyi) Messenger မှာ မိမိ တည်နေရာကို မျှဝေပေးတဲ့ စနစ် ပါရှိပါတယ်။ Messenger မှာ မိမိ တည်နေရာကို မိနစ် ၆၀ မျှဝေပေးလို့ရပါတယ်။ ဒီထက်ပို မျှဝေချင်တယ်ဆိုရင်တော့ အချိန်ပြည့်သွားတဲ့အခါ ထပ်ပြီးတော့ မျှဝေပေးလို့ ရပါတယ်။ ၆၀ မိနစ်အတွင်းမှာ မျှဝေဖို့ မလိုတော့ဘူးဆိုရင်တော့ ရပ်လိုက်လို့ရပါတယ်။ ဒီလို မျှဝေပေးဖို့အတွက် တည်နေရာကို အသုံးပြုဖို့ Smartphone မှာ Messenger ကို Location အသုံးပြုဖို့အတွက် Permission တောင်းတဲ့အခါမှာ Allow လုပ်ပြီး ဖွင့်ပေးထားဖို့ လိုအပ်ပါတယ်။


(Zawgyi) အပေါ်ပုံမှာ မြင်တွေ့ရတာကတော့ Keyboard တက်နေရင် အခြား Messenger option တွေကို Hide လုပ်ထားပါတယ်။ ဒါကြောင့် မြှားပုံလေးကို နှိပ်ပြီး Plus (+) ပုံလေးကို ထပ်နှိပ်ပါ။ အောက်ပါ ပုံကို မြင်တွေ့ရပါလိမ့်မယ်။


 

(Zawgyi) အပေါ်ပုံမှာ မြှားပြထားတဲ့အတိုင်း Location ကို နှိပ်လိုက်ပါ။ အောက်ပါပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။


 

Messenger location sharing
Messenger location sharing

(Zawgyi) အပေါ် ဘယ်ဘက်က ပုံကတော့ Share Live Location ကို မနှိပ်ရသေးတဲ့ ပုံဖြစ်ပြီး၊ ညာဘက်ပုံကတော့ နှိပ်ပြီး ပုံဖြစ်ပါတယ်။ Stop Sharing ကို နှိပ်ပြီး ပြန်ပိတ်နိုင်ပါတယ်။


Google maps location sharing

(Zawgyi) Google maps ရဲ့ location sharing ကတော့ Location link ကို ထုတ်ပေးတာ ဖြစ်တဲ့အတွက် Messenger ထက် ပိုကောင်းပါတယ်။ Location link ကို ထုတ်ပေးပြီး Third-party application ကို Share ပေးနိုင်ပါတယ်။ ဒါကြောင့် Facebook, Messenger, Viber, SMS စသဖြင့် မျှဝေပေးနိုင်ပါတယ်။ ပြီးတော့ လက်ရှိသွားနေတဲ့ Trip route ကိုလည်း မျှဝေပေးနိုင်ပါသေးတယ်။ Sharing ပြုလုပ်ပုံ အဆင့်ဆင့်ကို အောက်ပါ Video မှာ ကြည့်နိုင်ပါတယ်။


 

 

(Zawgyi) အထက်ပါ ပုံကတော့ Google maps ရဲ့ Menu မှာ Share location ကို မြင်တွေ့ရပုံပဲ ဖြစ်ပါတယ်။


(Zawgyi) အထက်ပါပုံကတော့ Sharing location ကို နှိပ်လိုက်တဲ့အခါ အဆင့်အလိုက် မြင်ရပုံပဲ ဖြစ်ပါတယ်။ အလယ်က ပုံက Permission တောင်း တာ ဖြစ်ပါတယ်။ Permission မပေးရသေးရင် သွားပေးဖို့လိုပါမယ်။ ညာဘက်ထောင့်က ပုံကတော့ Permission ဖွင့်ဖို့ GO TO SETTINGS ကို နှိပ်ပြီး သွားဖွင့်ပေးလိုက်ပါ။


(Zawgyi) အထက်ပါပုံကတော့ Sharing location permission ထားပြီးပါက Sharing ပြုလုပ်ရန် အဆင်သင့်ဖြစ်ပြီး Third-party application ကို ရွေးချယ်ပြီး Sharing ပြုလုပ်နိုင်ပါပြီ။ အောက်ပါ Vidoe မှာလည်း ကြည့်နိုင်ပါတယ်။


Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top