မကြာမီ အချိန်အတွင်းမှာ Google ရဲ့ Developers ပွဲကို မကြာခင်ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီပွဲမှာဆို product အသစ်တွေနဲ့ service အသစ်တွေကို မိတ်ဆက်မှာဖြစ်ပါတယ်။
Pixel 3A and 3AXL
Pixel ဖုန်းအသစ်တွေကို မိတ်ဆက်မှာဖြစ်ပြီး စျေးတွေက ဒေါ်လာ၃၉၉ တန်ဖုန်း Pixel 3A နဲ့ ၆လက်မ မျက်နှာပြင်ရှိတဲ့ ဒေါ်လာ ၄၇၉ဒေါ်လာတန် Pixel 3A XLတို့ကို မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ Pixel ဖုန်းတွေက Google က hardware ရော software ရော ကိုယ်ပိုင် android OS နဲ့လာမှာ ဖြစ်ပါတယ်။ Android ဖုန်းထဲမှာ အကောင်းဆုံး ဖုန်းတစ်လုံးဖြစ်ပါတယ်။
Nest Hub Max
Nest Hub ကတော့ ၁၀ လက်မ မျက်နှာပြင်ရှိပြီး smart home device အမျိုးအစားဖြစ်ပါတယ်။ ၇လက်မ မျက်နှာပြင် Home Hub ကိုတော့ ဒေါ်လာ ၁၅၀နဲ့ ရောင်းချခဲ့ပေမယ့် အခု Nest Hub Max ရဲ့စျေးနှုန်းကိုတော့ ခန့်မှန်းလို့မရသေးပါဘူး။
Android Q
Android Os ကို ဖုန်းတွေမှာသုံးတဲ့ feature တွေထက် ပိုဆန်းသစ်ပြီး မြင်တွေ့လာနိုင်ပါတယ်။ ဥပမာ Desktop Mode လိုမျိုးတွေ ပါဝင်လာနိုင်ပါတယ်။
Google Stadia
Gaming Platform ရဲ့ အကြီးမားဆုံး အပြောင်းအလဲဖြစ်မယ့် Google Stadia က သိပ်မကြာသေးမီက မိတ်ဆက်ခဲ့ပါတယ်။ ဒီပွဲမှာတော့ Stadia အကြောင်း အသေးစိတ်သိရပါလိမ့်မယ်။
Google Photos
Google Phots ရဲ့ တစ်ခါမှ မတွေ့ဖူးတဲ့ feature အသစ်တွေကို မြင်တွေ့နိုင်ပါတယ်။
Android TV နဲ့ Wear OS
Android TV နဲ့ smartwatch android OS တွေမှာတော့ ပြောင်းလဲမှု ထူးထူးခြားခြား မြင်တွေ့ရမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တပ်အပ်တော့ပြောလို့မရသေးပါဘူး။ Feature အသစ်တွေကိုလည်း မိတ်ဆက်နိုင်ပါသေးတယ်။
မနှစ်က မိတ်ဆက်ပွဲတုန်းကတော့ Google မှာ business တွေကို ဖုန်းခေါ်လို့ရတဲ့ feature ကို မိတ်ဆက်ခဲ့ပါတယ်။ ဥပမာ သင်က စားသောက်ဆိုင်မှာ booking လုပ်ချင်ရင် google ကို ဖုန်းခေါ်ပြီး ကိုယ့်အစား booking လုပ်ခိုင်းတာမျိုးတွေ မိတ်ဆက်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကြီးကြီးမားမား ဘာတွေမိတ်ဆက်မလဲ ဘာတွေလာအုံးမလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Google IO ကို live ကြည့်ချင်ရင်တော့
Comments