ဒီနေ့ခေတ်မှာ ဖုန်း contacts, photos တွေနဲ့ notes တွေကအစ cloud service ကို အသုံးပြုရပါတယ်။ အလုပ်ခွင်က အရေးကြီး Documents နဲ့ Files တွေကိုလည်း ကိုယ်နဲ့တစ်ပါတည်း ယူသွားတဲ့အခါမှာ Cloud Service က လိုအပ်ပါတယ်။ Google Drive က size ကြီးတဲ့ data files တွေကို သိမ်းဆည်းပေးနိုင်ပါတယ်။ PDFs fies, ဓါတ်ပုံ files တွေနဲ့ အခြား microsoft office files တွေကို Google Drive မှာ သိမ်းဆည်းနိုင်ပါတယ်။ ခါတိုင်း Google Drive မှာ files တွေကို access လုပ်ချင်ရင် အရင်ဆုံး download လုပ်ရတာဖြစ်ပြီး offline mode မှာတော့ google drive မှာ သိမ်းထားလို့ရပြီး ကိုယ်အသုံးပြုတဲ့ device ထဲကို သိမ်းဆည်းစရာမလိုပဲ Google Drive ထဲမှာတင် အသုံးပြုလို့ရပါတယ်။
လောလောဆယ်မှာတော့ G suite organizations ထဲကလူတွေပဲ offline mode ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Google Drive ကို offline mode သုံးချင်ရင် settings ထဲဝင်ပြီး available offline ကို ဖွင့်ပေးဖို့လိုပါတယ်။ လက်ရှိ Google Drive ရဲ့ လက်ရှိ version မှာတော့ offline mode ကို မရပေမယ့် မကြာမီမှာတော့ လူတိုင်းရရှိမှာ ဖြစ်ပါတယ်။
Comments