InternetLifestyle

Google Calendar ကို အကျိုးရှိအောင် ဘယ်လိုသုံးမလဲ။

0

Google Calendar က ဘယ် device မှာမဆို သုံးလို့ရပြီး သင်လုပ်ဆောင်ရမယ့်အရာတွေကို အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်နိုင်အောင် ပြောပြပေးတဲ့  app ကောင်းတစ်ခုလည်းဖြစ်တယ်။ လူတော်တော်များများက Google Calendar ကို သိကြပေမယ့် Calendar မှာပါတဲ့ feature တွေကိုတော့ သိတဲ့လူနည်းပါးတယ်။

၁။ Holidays

တစ်နှစ်တာ Holidayကို Calendar မှာ မြင်နိုင်ပါတယ်။ Calendar မှာ International ရုံးပိတ်ရက်တွေပါပြီး သင့် Holiday Plan ကို ဆွဲလို့ရပါတယ်။ အကယ်၍ Calendar မှာမပါရင် သင်ကိုယ်တိုင် Holiday ကို လုပ်လို့ရပါတယ်။ သင် သတ်မှတ်လိုက်တဲ့ date က အခြား device တွေမှာပါ အကျုံးဝင်သွားပြီး အခြား device တွေကပါ သင့်ကို holiday ရောက်ရင် remind လုပ်ပါလိမ့်မယ်။

၂။ Reminder

+ ပုံလေးကို နှိပ်ပြီး သင် လိုချင်တဲ့ event တွေ ဖန်တီးလို့ရပါတယ်။ ဥပမာ သင့်သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ကို​ ဘယ်နေ့မှာ စပြီး create လုပ်ချင်လဲ၊ ဒါမှမဟုတ် သင်လုပ်စရာရှိတဲ့ အလုပ်ကို လုပ်မယ့် date မှာကြိုတင် ဖန်တီးထားလို့ရပါတယ်။ နောက်တစ်နှစ်မှာ repeat ထပ်လုပ်ချင်ရင်လည်း ရပါတယ်။ ဒီ feature တွေကို ဖုန်းတွေ Tablet တွေမှာ သုံးလို့ရသလို Desktop မှာသုံးရင်လည်း ရပါတယ်။ Web Version က ကြည့်ရတာ ပိုရှင်းလင်းပြီး သုံးရတာ လွယ်ကူပါတယ်။

၃။ မိတ်ဆက်ပွဲတွေက​ Calendar

ဥပမာ Oneplus 7 Phone မိတ်ဆက်ပွဲကို သင်က Live ကြည့်ချင်တယ်ဆိုပါစို့။ One Plus website မှာ Add to Calendar ကို နှိပ်လိုက်တာနဲ့ သင့်ရဲ့ Google Calendar ထဲ ဝင်သွားမှာဖြစ်ပါတယ်။ ဒါဆိုရင် ပွဲမစခင် မိနစ်ပိုင်းအတွင်းမှာ သင့်ဖုန်းဖြစ်ဖြစ် ကွန်ပျူတာဖြစ်ဖြစ် Noti တက်လာပါလိမ့်မယ်။ သင်က Apple user တစ်ယောက်ဖြစ်ရင်လည်း Apple Calendar က ထိုနည်းအတိုင်းသုံးလို့ရပါတယ်။

Google Calendar အတိုင်း အခြား Calendar တွေဖြစ်တဲ့ Apple Calendar, Microsoft Calendar နဲ့ Yahoo Calendar တို့ရှိပေမယ့်လည်း Google က တစ်ကမ္ဘာလုံးကလူတွေ အသုံးများဆုံးဖြစ်ပြီး သုံးရတာလည်း လွယ်ကူတာကြောင့် Google Calendar ကို သုံးကြပါတယ်။ Google Calendar အပြင် Google Contacts ကိုပါ သင်တွဲသုံးရင် ဖုန်းဘယ်နှစ်လုံး ပြောင်းပြောင်း ဘာကွန်ပျူတာသုံးသုံး သင့် Data တွေက သင်နဲ့အတူ အမြဲရှိနေမှာဖြစ်တယ်။ Google ရဲ့ အခြား office product တွေဖြစ်တဲ့ Google word, spread sheet တွေကိုပါ တွဲသုံးရင် အလုပ် schedule တွေချတဲ့အခါမှာ အဆင်ပြေပါတယ်။

 

Win Thet Oo
Think Different! Do what you love! Love what you do!

WhatsApp Payment ရုံးအသစ်ကို လန်ဒန်မှာ တည်လိုက်တဲ့ Facebook

Previous article

Amazon က ကမ္ဘာမှာ အမြတ်အများဆုံး company တစ်ခုအဖြစ် ဘယ်လိုရပ်တည်လာတာလဲ။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Internet