Lifestyle

Google နဲ့ Microsoft Company တို့လို နည်းပညာ company ကြီးတွေက အာဖရိကမှာ ဘာလို့ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာကြတာလဲ။

0

အခုဆို အာဖရိကတိုက်က လယ်သမားတွေက လယ်ကွင်းမှာ အပင်တွေကို smartphone တစ်လုံးနဲ့ ဓါတ်ပုံရိုက်လိုက်ရင် အပင်ရဲ့လိုအပ်ချက်တွေကို အလိုအလျောက် ပြောပြပေးမယ့် စနစ်တွေပါ သုံးစွဲနေကြပါပြီ။ ဒီလို ခေတ်မှီတိုးတက်လာရခြင်း အကြောင်းရင်းက ကမ္ဘာမှာ အကြီးမားဆုံးဖြစ်တဲ့ နည်းပညာ company ကြီးတွေက အာဖရိကတိုက်မှာ ပံ့ပိုးမှုတွေ ကူညီမှုတွေလာလုပ်လို့ ဖြစ်ပါတယ်။ Google က သူ့ရဲ့ AI စနစ်တွေနဲ့ အာဖရိကတိုက်မှာရှိတဲ့ Nigeria, Nairobi, Kenya နဲ့ Lagos တို့မှာ ရှိတဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေပါတယ်။

အာဖရိကတိုက်မှာရှိတဲ့ Microsoft Development Center က ဒေသခံ အင်ဂျင်နီယာအယောက် တစ်ရာကျော်ကို skill တွေတက်လာအောင် train ပေးပါတယ်။ ဒီထဲမှာ Machine Learning , Artificial Intelligence တွေနဲ့ အခြားဘာသာရပ်များစွာကို သင်ကြားပေးပါတယ်။ နည်းပညာကို စိတ်ဝင်စားတဲ့ အင်ဂျင်နီယာနဲ့ ကျောင်းသားတွေအတွက်တော့ ဒီနေရာက​ တော်တော်လေးအကျိုးရှိပြီး အလုပ်အကိုင် အခွင့်အလမ်းတွေကို များစွာပေးနိုင်တဲ့နေရာ ဖြစ်ပါတယ်။

အာဖရိကတိုက်က အင်ဂျင်နီယာတွေကလည်း အလုပ်အကိုင် အခွင့်အလမ်းတွေများစွာပေါ်ပေါက်လာတဲ့အတွက် နည်းပညာ company တွေ ထက်ပြီးလာအောင် ဖိတ်ခေါ်ပါတယ်။ အခုဆို Nigeria, Kenya နဲ့ Uganda မှာ နည်းပညာ Campus အကြီးကြီးတွေတောင် ဖွင့်လှစ်ထားပါတယ်။ တရုတ်နည်းပညာ Company ကြီးဖြစ်တဲ့ Huawei ကလည်း အာဖရိကမှာ နည်းပညာနဲ့ပတ်သတ်တဲ့ ဝန်ဆောင်မှုတွေ လာပေးနေပါပြီ။ အာဖရိကတိုက်က အရင်တုန်းကလို သားရဲတိရစ္ဆာန်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာမျိုးမဟုတ်ပဲ မကြာတော့မယ့် အနာဂတ်မှာ နည်းပညာတစ်ဟုန်ထိုးတိုးတက်လာမယ့်​ နေရာဖြစ်ပါတယ်။

အမေရိကန်နဲ့ တရုတ်မှာ နည်းပညာ start-up company များစွာပေါ်ပေါက်လာပြီး အပြိုင်အဆိုင်တွေများလာပါတယ်။ အသစ်စက်စက် နေရာဖြစ်တဲ့ အာဖရိကတိုက်မှာ လူသားအရင်းအမြစ်နဲ့ မြေနေရာပေါတဲ့ အရင်းအမြစ်တွေက နည်းပညာ company ကြီးတွေအတွက်တော့ မျက်စိကျစရာပါပဲ။ မြန်မာနိုင်ငံကို နည်းပညာcompany ကြီးတွေ မလာရခြင်းအကြောင်းရင်းကတော့ မြေစျေးနဲ့ စည်းမျဉ်းစည်းကမ်း တင်းကြပ်မှုတွေကြောင့်ဖြစ်ပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

Microsoft နှင့် Sony တို့ ပူးပေါင်းပြီး Game Streaming လောကတွင်ခြေလှမ်းအသစ်စတင်မည်

Previous article

Machine Learning တွေလုပ်နေတဲ့ Facebook

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Lifestyle