Youtube မှာ နောက်ဆုံးပေါ် Game Play တစ်ခုကို သင်ကြည့်နေတယ်ဆိုပါစို့။ သင်ဆော့ချင်တဲ့ ဆန္ဒပေါ်လာတဲ့အခါမှာ video ကို pause လုပ်လိုက်တာနဲ့ Youtube မှာ “Play” တန်းပေါ်လာပါလိမ့်မယ်။ Play ကိုနှိပ်လိုက်တာနဲ့ ငါးစက္ကန့်အတွင်း အဲ့Game ကို သင်ဆော့နိုင်ပြီဖြစ်တယ်။ အခုပြောတဲ့ Game အမျိုးအစားက ကွန်ပျူတာ၊ PS4၊ X-Box မှာ ဆော့တဲ့ ဂိမ်းကြီးတွေကို ပြောတာပါ။ အခု ဒီ Game တွေကို ကွန်ပျူတာ၊ ဖုန်း၊ smart TV ဘယ်နေရာမှာဖြစ်ဖြစ် သင်ဆော့နိုင်ပါပြီ။ အရင်တုန်းကလို Graphic လိုအပ်ချက်၊ CPU လိုအပ်ချက်တွေ ဘာမှမရှိပဲ ကြိုက်တဲ့ နေရာမှာ တန်းဆော့လို့ရနိုင်ပါပြီ။
Controllers တွေနဲ့ပတ်သတ်ပြီးပြောရမယ်ဆိုရင်တော့ သင့်မှာရှိပြီးသား controller တွေနဲ့ Pc, Tablet တွေမှာဆော့လို့ရပါတယ်။ ဒါမှမဟုတ် Google က ထုတ်တဲ့ Controller ကို ဝယ်ပြီးဆော့မယ်ဆိုလည်း ရပါတယ်။ ဒီ Controller ကို Google Stadia Controller လို့နာမည်ပေးထားပြီး သူ့မှာပါဝင်တဲ့ wifi function က တစ်ဆင့် သင်ဆော့နေတဲ့ game ကို ချိတ်ဆက်ပြီး တန်းဆော့နိုင်မှာ ဖြစ်ပါတယ်။
Stadia Controller ရဲ့လက်ကိုင်ပုံစံက Ps4 ပုံစံနဲ့ဆင်ပြီး သင်ဆော့နေတဲ့ game ကို အလွယ်တကူ share လို့ရစေတဲ့ button ပါဝင်ပါတယ်။ နောက် button တစ်ခုက Google Assistant ပါဝင်ပြီး သင်သိလိုသမျှကို ခလုတ်ကို နှိပ်ပြီး မေးနိုင်ပါတယ်။ ဥပမာ ဒီgameရဲ့ နောက်ဆုံးအခန်းက ဘယ်လိုဆော့မှ နိုင်မှာလဲ၊ ပြီးတော့ game developer က ဘယ်သူလဲ စသဖြင့် သိလိုသမျှကို ခလုတ်ကို နှိပ်ပြီး မေးနိုင်ပါတယ်။ ဒါ့အပြင် google stadia စသုံးလို့ရတဲ့ အချိန်မှာ 4K Display , Surround Sound တို့ပါဝင်ပြီး အနာဂတ်မှာတော့ 8K Display အထိရပါလိမ့်မယ်။
Google Stadia က ဘယ်လို အလုပ်လုပ်လဲ။
Google Stadia မွာ Run တဲ့ OS ကေတာ့ Linux OS ပါ။ Google Stadia မှာ ကိုယ်ပိုင် Data Centre တွေရှိပြီး သင်ဆော့တဲ့ game data မှန်သမျှကို data centre မှာ သိမ်းဆည်းထားမှာ ဖြစ်ပါတယ်။ ဆိုလိုတာက အခုသုံးနေတဲ့ Gmail, Google Documents ပုံစံလိုမျိုး သင့်ရဲ့Game Data တွေကို အချိန်မရွေး ပြန်ခေါ်နိုင်ပါတယ်။ Game ဆော့လိုက်တဲ့ data အားလုံးကို အလိုအလျောက် save ပေးပါတယ်လို့ ပြောချင်တာပါ။ Stadia ကအခုဆို Game လောကမှာ ဆရာတွေဖြစ်တဲ့ Unity, Unreal Engine တို့နဲ့ပူးပေါင်းပြီး ဘယ်သူ့မှာမှ မရှိသေးတဲ့ စွမ်းဆောင်ရည်ကောင်းတဲ့ Performance တွေကို ပေးသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
Google က ကိုယ်ပိုင် Server ကိုယ်ပိုင် Data Centre ကိုယ်ပိုင် Network တွေသုံးထားတာကြောင့် hackers တွေ cheaters တွေရန်မှလည်း ကင်းဝေးနိုင်ပါတယ်။ ဒါ့အပြင် game ဆော့နေတဲ့ အတွင်းပိုင်းမှာ လိုင်းလေးတာတို့ server လေးတာတို့လည်း မရှိတာကြောင့် online game မှန်သမျှကို ပေါ့ပေါ့ပါးပါးနဲ့ ဆော့နိုင်မှာ ဖြစ်ပါတယ်။
Google Stadia ရဲ့ရည်ရွယ်ချက်။
အဓိက ရည်ရွယ်ချက်ကတော့ Game Streamer တွေနဲ့ Game Player တွေ ပူးပေါင်းလို့ရအောင် ရည်ရွယ်ချက်နဲ့ ဖန်တီးထားတာဖြစ်တယ်လို့ Stadia မှ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ Game Companies တွေနဲ့ Game Developers တွေအားလုံးအတွက် အခွင့်အလန်းတွေ ဖန်တီးပေးဖို့နဲ့ လူတိုင်း game ကို အင်တာနက်ရှိရုံနဲ့ ကြိုက်တဲ့နေရာ ကြိုက်တဲ့ device မှာ ဆော့နိုင်ဖို့ ရည်ရွယ်ချက်နဲ့ Google Stadia ဖြစ်ပေါ်လာခဲ့တယ်လို့ Google မှ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
Google Stadia ရနိုင်မည့် အချိန်နဲ့နေရာများ။
၂၀၁၉ ထဲမှာ ပဲ ရရှိမည်ဖြစ်ပြီး US, Canada, UK နဲ့ ဥရောပမှာ ရှိတဲ့ သတ်မှတ်ထားတဲ့ နိုင်ငံတွေ အရင်ရရှိမှာ ဖြစ်ပါတယ်။
မျက်ခုံးလှူပ်သည့် ပြိုင်ဖက်များ။
Steam နဲ့ Graphic Card Companies များကတော့ Google Stadia ပေါ်လာခြင်းက တော်တော်လေးကို တုန်လှူပ်စရာကောင်းပါတယ်။ အထူးသဖြင့် Sony – Playstation နဲ့ X-Box တွေကတော့ အနာဂတ်မှာ အကောင်းဆုံး ပြင်ဆင်ထားသင့်ပါတယ်။ တစ်ခုတော့ ရှိပါတယ်၊။ Google Stadia က သူပြောသလို service တွေကို တစ်ကယ်ပေးနိုင်ဖို့ပဲလိုပါတယ်။ Performance မကောင်းခဲ့ရင်တော့ အနာဂတ်မှာ Gamer တွေကို စိတ်ပျက်စေမှာတော့ အမှန်ပါပဲ။
Comments