LifestyleTech News

Game လောကရဲ့ ဘုရင်က ဘယ်သူဖြစ်လာမလဲ။

0

Game လောကမှာ လက်ရှိအုပ်စိုးနေတာ Microsoft နဲ့ Sony ဖြစ်ပါတယ်။ Playstation က ပိုပြီးရှေးကျသလိို ပရိတ်သတ်ပိုများပါတယ်။ Smartphones တွေ ခေတ်မစားလာမီက Sony Playstation က​ လူငယ်တွေကြားမှာ နေ့တိုင်းမပါမဖြစ်ပါတဲ့ အရာပါပဲ။ Smartphones တွေ အသုံးများလာတဲ့အခါမှာတော့ Game တွေကလည်း ပြောင်းလဲလာပါတယ်။​ Games တွေကို လက်ကိုင်နဲ့ အိမ်မှာ တစ်ကူးတစ်က လိုက်ကစားစရာမလိုပဲ ဖုန်းတစ်လုံးရှိရုံနဲ့ ကြိုက်တဲ့နေရာမှာ သင်ကစားနိုင်ပါတယ်။

ဒီလိုဖြစ်လာတဲ့အချိန်မှာ နာမည်ကြီး Game ဘုရင်တွေဖြစ်တဲ့ Sony, Microsoft နဲ့ Nitendo ကလည်း portable game console တွေထုတ်လာပါတယ်။ ထင်သလောက်တော့ မအောင်မြင်ခဲ့ပါဘူး။ Game ရဲ့ တစ်ကယ့်အရေးကြီးဆုံးက Content ဇာတ်လမ်းဖြစ်ပါတယ်။ Game Player တွေက game ဆော့တဲ့အခါ ကိုယ်တိုင် game ထဲရောက်သွားသလို mode သွင်းပြီး ဆော့ကြပါတယ်။ Content  ကောင်းတဲ့နေရာမှာ Sony Playstation ကို ဘယ်သူမှ မမှီကြပါဘူး။ Microsoft ရဲ့ X-Box ကလည်း Sony နဲ့အလားတူ Content ကောင်းကောင်း Game တစ်ခု သမိုင်းမှာ ထုတ်လာနိုင်ခဲ့ပါတယ်။ အဲ့ဒါက Halo ပဲဖြစ်ပါတယ်။ ဒီလိုနဲ့ လက်ရှိ Game လောကမှာ ကြီးစိုးလာတဲ့ Microsoft နဲ့ Sony တို့က အချင်းချင်း ပြိုင်နေကြရင်း တစ်ကယ့်ပြိုင်ဖက်အကြီးစား တစ်ယောက်ပေါ်လာခဲ့ပါတယ်။

Google Stadia က ရိုးရိုးရှင်းရှင်းနဲ့ နည်းပညာ နောက်ခံကောင်းတာကြောင့် Game လောကကို အသာလေး သိမ်းပိုက်နိုင်မယ့် Stadia ကို ၂၀၁၉ အစမှာပဲ မိတ်ဆက်ခဲ့ပါတယ်။ Stadia ပေါ်လာခြင်းက Microsoft နဲ့ Sony အတွက်တော့ ကြီးမားတဲ့ ပြိုင်ဖက်ကြီးတစ်ခုပါပဲ။ Stadia ပေါ်လာခြင်းက အရင်တုန်းက Tape ခွေ ခေတ်က CD ခေတ်ကိုပြောင်းတာနဲ့ တူပါတယ်။ နည်းပညာလောကမှာ တစ်ရက်နောက်ကျရင် နောက်နေ့ ထမင်းငတ်သွားနိုင်ပါတယ်။ ဒါကြောင့် Microsoft ကလည်း Sony နဲ့ ပူးပေါင်းလိုက်ပါတယ်။ X-Box နဲ့ Playstation ပူးပေါင်းလိုက်တဲဲ့ အရာက Game လောကမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခုပါပဲ။ Two is Better than One ဆိုရိုးစကားနဲ့အညီ Stadia ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Microsoft က​ ကွန်ပျူတာ လောကရဲ့ ဘုရင်တစ်ပါးဖြစ်တာနဲ့အညီ Google ရဲ့ Stadia ကို ယှဉ်ပြိုင်နိုင်တဲ့ တစ်ဦးတည်းသော အကောင်းဆုံးပြိုင်ဖက် ဖြစ်ပါတယ်။ Microsoft က နည်းပညာ background နဲဲ့ Sony ရဲ့အကူအညီ နှစ်ခုပေါင်းတာက Stadia ကို အဆုံးသတ်နိုင်မလား၊  Stadia က “I am Google” ဆိုတာကို ပြမလားဆိုတာတော့ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အကယ်၍ သင်သာ Gamer တစ်ယောက်ဆို ဒီတိုက်ပွဲမှာ ဘယ်သူ့ဘက်က လောင်းကြေးထပ်မှာလဲ။

Win Thet Oo
Think Different! Do what you love! Love what you do!

Apple ရဲ့ အကောင်းဆုံး product တစ်ခု (သို့) iPad Pro။

Previous article

ဂျပန်မှာ ဘာကြောင့် Vending Machine တွေပြည့်နေတာလဲ။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Lifestyle