Amazon နဲ့ Alibaba အပြင် အခြားနာမည်ကြီး online shopping site တွေလည်း အများကြီးရှိပါတယ်။ အချို့ online shopping site တွေက သယ်ယူပို့ဆောင်ခ ပေးစရာမလိုပဲ ဝယ်တဲ့ပစ္စည်းဖိုးပဲ ပေးရတဲ့ Online Shopping site တွေအများကြီး ရှိပါတယ်။
၁။ DealExtreme
DealExtreme က လက်ရှိ တရုတ်ပြည်ရဲ့ အရောင်းရဆုံး online retailer တစ်ခုထဲမှာ ပါပါတယ်။ ဒီနေ့မှာ တရုတ်ပြည်ပြင်ပက customers ပေါင်း တစ်သန်းကို ပိုင်ဆိုင်ထားတဲ့ online retailers တစ်ခုလည်း ဖြစ်ပါတယ်။ နည်းပညာနဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေကို အများဆုံးရောင်းချပြီး အခြားပစ္စည်းတွေကိုတော့ ရောင်းချခြင်း နည်းပါတယ်။
၂။ Newegg
Newegg က အမေရိကန်ပိုင် online shopping company တစ်ခုဖြစ်ပြီး shipping fees ပေးစရာမလိုတဲ့ online shopping site လည်းဖြစ်ပါတယ်။ နိုင်ငံပေါင်း ၅၀ ကျော်ကို shipping fees ပေးစရာမလိုပဲ အခမဲ့ပို့ဆောင်ပေးတဲ့ online site လည်း ဖြစ်ပါတယ်။
၃။ YesAsia
YesAsia ကိုတော့ Gamers တော်တော်များများ သိထားသင့်ပါတယ်။ PS3, 4, Nintendo Switch , XBox One, Wii U နဲ့ Nintendo DS ဂိမ်းခွေတွေနဲ့ ပစ္စည်းတော်တော်များများကို ရရှိနိုင်ပါတယ်။ Free shipping ဖြစ်ပြီး နိုင်ငံအားလုံးမှာ ရရှိနိုင်ပါတယ်။
၄။ Dorothy Perkins
Dorothy Perkins က UK အခြေစိုက် retailer ဖြစ်ပြီး မိန်းမအဝတ်အထည်နဲ့ ယောကျာ်း အဝတ်အထည်တွေကို ရရှိနိုင်တဲ့ online shopping site တစ်ခုဖြစ်ပါတယ်။ UK £75 ထက်ကျော်တဲ့ amount ဖိုးဝယ်ရင်တော့ shipping ဖိုးပေးစရာမလိုပါဘူး။
၅။ ASOS
ဒီ site က ယောကျာ်းနဲ့မိန်းမ အသက် ၂၀ မှ ၃၅ ကြား ဝတ်ဆင်နိုင်တဲ့ အဝတ်အစားတွေ ရောင်းပါတယ်။ £12 ထက် ကျော်ပြီးဝယ်ရင်တော့ shipping ဖိုး free ဖြစ်မှာ ဖြစ်ပါတယ်။
၆။ Shopbop
Shopbop ကို Amazon က ၂၀၀၆ ခုနှစ်တည်းက ပိုင်ဆိုင်ထားပါတယ်။ ရောင်းတဲ့ ပစ္စည်းတွေကတော့ စျေးကြီးတဲ့ branded ပစ္စည်းတွေဖြစ်ပြီး ဒေါ်လာ ၁၀၀ အထက် ဝယ်ယူတဲ့လူတွေကို free shipping ပို့ပေးမှာ ဖြစ်ပါတယ်။
၇။ Stawberrynet
Stawberrynet က အမျိုးသမီးတွေအတွက် သီးသန့် online shopping site ဖြစ်ပါတယ်။ အလှအပရေးရာနဲ့ အလှကုန်ပစ္စည်းသီးသန့်ရောင်းတဲ့ site ဖြစ်ပါတယ်။ ဒေါ်လာ ၃၀ ထက် ကျော်တဲ့ amount ကို ဝယ်မယ်ဆိုရင်တော့ shipping ခ free ရရှိမှာ ဖြစ်ပါတယ်။
၈။ Topshop
Topshop က နာမည်ကြီး ဗြိတိန် fashion ဆိုင်ဖြစ်ပြီး နိုင်ငံကြီးတော်တော်များများမှာ store တွေရှိပါတယ်။ ဒေါ်လာ 100 နဲ့ အထက် မှာပြီး ဝယ်ယူမယ်ဆိုရင်တော့ ဘယ်နိုင်ငံဖြစ်ဖြစ် free delivery ရမှာ ဖြစ်ပါတယ်။
၉။ Animi Causa
Animi Causa က အိမ်တွင်းအလှဆင်ပစ္စည်းတွေနဲ့ ပတ်သတ်တာရောင်းတဲ့ online shopping retailer တစ်ခုဖြစ်ပါတယ်။ Delivery Free ဖြစ်ပြီး ဘယ်နိုင်ငံမဆို ပို့ပေးပါတယ်။ ပစ္စည်းရောက်ဖို့ ကြာချိန်ကတော့ တစ်ပတ်(သို့) ၆ရက် ကြာမြင့်ပါတယ်။
၁၀။ Art.com
art.com မှာတော့ paintings နဲ့ပတ်သတ်တဲ့ ပစ္စည်းတွေနဲ့ အိမ်တွင်းအလှဆင် ပစ္စည်းတွေ ရောင်းချတဲ့ site ဖြစ်ပါတယ်။ Free shipping ဖြစ်ပြီး သတ်မှတ်ထားတဲ့ ပစ္စည်းတွေသာ free shipping ရတာ ဖြစ်ပါတယ်။
အခုပြောပြခဲ့တဲ့ online shopping site တွေက နာမည်ကြီး site တွေဖြစ်ပြီး fee shipping ရရှိနိုင်တဲဲ့ site တွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နီးစပ်ရာ bank က Visa card လုပ်ထားမယ်ဆိုရင်တော့ ပစ္စည်းတွေကို အလွယ်တကူ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Comments