
MEC SIM Card အသုံးပြုသူများ မှတ်သားစရာများ
ဖုန်း ငွေဖြည့်ကဒ် ငွေဖြည့်ရာတွင်
*124* ဖြင့် ဖြည့်ရပါသည်။
ဖုန်း ဘီလ်( ငွေ) ပြန် စစ်ချင်လျှင်
USSD ကုတ် – *123#
Message ဖြင့် မေးရန်အတွက် – 123
Voice call ဖြင့် မေးရန်အတွက် – 123 ကို သုံးရပါသည်။
ငွေဖြည့်ကဒ်တွင်လည်း ဖြည့်ရန်နည်းလမ်း မြန်မာလို ရေးထားပါသည်။ သေသေချာချာ ဖတ်ကြည့်ပြီး ဖြည့်သင့်ပါသည်။
အကယ်၍ *124*1234567890# ပုံစံဖြင့် ငွေဖြည့်ရန် မသေချာပါက 123 ကို နှိပ်၍ ဖုန်းခေါ်ပါ။ မြန်မာဘာသာ အတွက် ၁ ကို တစ်ချက်နှိပ်ပါ။ ပြီးလျှင် ငွေဖြည့်ရန်အတွက် ၂ ကို တစ်ချက် နှိပ်ပါ။ ထို့နောက် ငွေဖြည့်ထဲမှ ခဲခြစ်၍ မြင်ရသော နံပါတ်များကို ရိုက်ထည့်ပြီး # သင်္ကေတကို ရိုက်ပါ။ ဤနည်းသည် အလွယ်ဆုံး နှင့် အမှားအနည်းဆုံး ဖြစ်လိမ့်မည်ဟု ထင်ပါသည်။
ဤ ပို့စ်ကို ရေး ရခြင်း၏ အကြောင်းမှာ ကျွန်တော့်ထံမှ ဖုန်း ဘီလ်ကဒ် ဝယ်သွားပြီး နံပါတ်အမှားနှိပ်မိခြင်း၊ *124* နေရာတွင် *123* ဖြင့် နှိပ်မိခြင်းတို့ကြောင့် ဖုန်းငွေဖြည့်မှု ၂၄ နာရီ ရပ်နားခြင်း၊ ငွေဖြည့်ကဒ် ထပ်သုံးမရခြင်းတို့ ဖြစ်ပေါ်နေကြသည်ကို တွေ့ရပါသဖြင့် သတိပြုကြပါရန် ရေးသားပေးရခြင်း ဖြစ်ပါသည်။
ဖုန်းဘီလ်လွှဲရန်
MECTel ဖုန်းအချင်းချင်းသာ လွှဲနိုင်မည် ဖြစ်ပါတယ်။
*110* ငွေပမာဏ*ဖုန်းနံပါတ်# ရိုက်ပြီးပါက Call ကို နှိပ်ပါ။ ဥပမာ – *110*1000*09319999999#
ဖုန်းနံပါတ်နေရာမှာ ငွေလက်ခံမည့် ဖုန်းနံပါတ်ဖြစ်ပါတယ်။
ငွေလွှဲပမာဏမှာ အနည်းဆုံး ၅၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ ရပါတယ်။
တစ်ကြိမ်းလွှဲပြောင်းမှုအတွက် ၁၀၀ ကျပ် ဝန်ဆောင်ခ ဖြတ်ပါလိမ့်မယ်။
လွှဲပေးသည့်ဖုန်းတွင် အနည်းဆုံး ၂၀၀ ကျပ် ရှိနေရပါမယ်။

MEC ဖုန်းဘေ လွှဲပြောင်းပုံ
Internet လျှောက်ရန်
MEC Card အတွက် Internet ကို SMS ပေးပို့ရုံဖြင့် Internet လျှောက်ထားနိုင်ပါတယ်။ ပေးပို့ရမှာကအောက်ပါအတိုင်းဖြစ်ပါတယ်။
233 ထံသို့ “Open EVDO” ဆိုပြီးပေးပို့ရမှာပါ။
ပေးပို့ပြီး ခေတ္တအကြာတွင် Message တစ်ဆောင်ပြန်ရောက်ပါမည်။ မိမိဖုန်းမှလည်း 10000 အလိုအလျောက်ဖြတ်သွားပါမည်။
အသေးစိတ်သိရှိလိုပါက 1212 call Center သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
မှတ်ချက်။ ။ Internet လျှောက်လိုသူများအနေဖြင့် မိမိ၏ ဖုန်းတွေ လက်ကျန်ငွေ 10000 နှင့်အထက်ရှိရပါမည်။ (ယခုနောက်ပိုင်းတွင် ဖြတ်မဖြတ် မသိရပါ။ )
MEC CDMA 800MHZ အတွက် Internet Setting ချိန်နည်း
အကယ်၍ စာရှုသူ အသုံးပြုတဲ့ဖုန်းဟာ Huawei ဖြစ်မယ်ဆိုရင် –
ဖုန်းရဲ့ APN (Access Point Names) Setting မှာ CTNET ဆိုတာရယ် CTWAP ဆိုတာ ရယ် ၂ ခု ပါဝင်ပါတယ်။
အဲဒီ ၂ ခုထဲက CTNET ထဲကို ဝင်ပါ။
Name = CTNET
APN = ctnet
Username = card
Password = card
MCC = 460
MNC = 03
IP Version = IPv4 and IPv6
Authentication type = PAP or CHAP
APN type = default
Data bearer = Package Data
Prompt password = #777
အပေါ်မှာ ပြခဲ့တဲ့ အတိုင်းဖြည့်ပေးပါ။ ဒီစာရင်းထဲမှာ မပါဝင်တဲ့ အကွက်တွေကို မူရင်းအတိုင်း ချန်ခဲ့ပါ။
Setting တွေ ချိန်ပြီးတဲ့ အခါမှာ Menu key ကို တစ်ချက်နှိပ်ပြီး Save ရွေးပေးပါ။ ပြီးလျှင် နောက်ကို တစ်ချက် ပြန်ထွက်ပြီး
CTNET ဆိုတာကို ရွေးချယ်ပါ။ (Radio button selected)
MECTEL CDMA ဖုန်းများနဲ့ပတ်သက်ပြီး ငွေဖြည့်သွင်းရာမှာဖြစ်စေ၊ အင်တာနက် အသုံးပြုရာမှာဖြစ်စေ
ပြသနာ အခက်အခဲ တစ်စုံတစ်ရာ ရှိပါက ဆက်သွယ်စုံစမ်း အကူအညီ တောင်းခံနိုင်ရန် ဖုန်းနံပါတ် ၁၂၁၂ ကို ခေါ်ဆိုပြီး
အကူအညီ တောင်းခံနိုင်ပါတယ်။
Comments