မောင်းသူမဲ့ကားတွေကို အမေရိကန်နိုင်ငံရဲ့ လမ်းမတွေမှာ မြင်နေရပါပြီ။ Tesla လျှပ်စစ်ကား company က ပထမဆုံးမောင်းသူမဲ့ကားကို A.I စနစ်နဲ့ စတင်မိတ်ဆက်ခဲ့ပြီး အခုဆိုအခြား company တွေဖြစ်တဲ့ Uber မှာတောင် မောင်းသူမဲ့ အငှားကားတွေ ရရှိနေပြီဖြစ်ပါတယ်။ မောင်းသူမဲ့ကားဆိုတာက ကားမောင်းတဲ့လူမလိုအပ်ပဲ အလိုအလျောက် ကားက ကိုယ်သွားချင်တဲ့နေရာကို အလိုအလျောက် မောင်းပေးတာဖြစ်ပါတယ်။ ဒီလိုအလိုအလျောက် မောင်းနိုင်ဖို့က Artificial Intelligence (A.I) နည်းပညာလိုအပ်ပါတယ်။
Self-Driving Car တွေပေါ်လာပေမယ့် Self-Driving Truck တွေကို မတွေ့ရသေးပါဘူး။ Tesla က ကိုယ်ပိုင် Truck ကို ထုတ်လုပ်နေပေမယ့် တရားဝင်မိတ်ဆက်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် လျှပ်စစ်စွမ်းအင်သုံး Truck တွေကိုတော့ တစ်စီး၊ နှစ်စီး လမ်းပေါ်မှာ မြင်တွေ့နေရပါပြီ။ မောင်းသူမဲ့ Trucks ကိုတော့ ပထမဆုံး တီထွင်စမ်းသပ်လိုက်တဲ့ company နာမည်ကတော့ Starsky Rbotics company ဖြစ်ပါတယ်။ Truck ကားက ၁၈ဘီးပါတဲ့ ကားဖြစ်ပြီး Truck ကို အဝေးတစ်နေရာက လူတွေက computer screen က တစ်ဆင့် ထိန်းချုပ်ပါတယ်။ လုံး၀ကြီး ထိန်းချုပ်တာမျိုးမဟုတ်ပဲ အရေးကြီးတဲ့ decision တွေကို ချတဲ့အခါ အရန်သင့်ရှိအောင် လူတွေက အဝေးတစ်နေရာက ထိန်းချုပ်တာဖြစ်ပါတယ်။
လောလောဆယ်မှာတော့ Semi-Truck ကို စမ်းသပ်ဆဲကာလဖြစ်ပြီး မကြာခင်မှာတော့ Self-Driving Truck တွေကို လမ်းပေါ်မှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ လူမပါပဲ မောင်းနှင်တဲ့ Semi Truck video ကိုလည်း အောက်မှာ ကြည့်ရှုနိုင်ပါတယ်။
Comments