Facebook page မှာ ကြော်ငြာမယ့် Ad Image တွေမှာ စာလုံးအရေအတွက် ၂၀ ရာခိုင်နှုန်းသာ ပါဝင်တယ်လို့ရပါတယ်။ ကိုယ့်ရဲ့ page မှာ ကြော်ငြာမယ့်အကြောင်းအရာအတွက် ဓာတ်ပုံရဲ့ စာလုံးရေပါဝင်မှုကို ပို့စ်မတင်ခင်မှာ Facebook 20% Text Rule နဲ့ ကိုက်ညီမှုရှိ၊ မရှိ အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။
Facebook 20% Text Rule နဲ့ ကိုက်ညီမှုရှိ၊ မရှိကို စစ်ဆေးနိုင်ဖို့အတွက် ကိုယ်ဒီဇိုင်းလုပ်ထားတဲ့ ကြော်ငြာဓာတ်ပုံကို http://bit.ly/2AfAAsU ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ သွားရောက်စစ်ဆေးနိုင်ပါတယ်။ ဖော်ပြထားတဲ့ ဝက်ဘ်ဆိုက်လိပ်စာကိုရောက်ပြီဆိုရင် ဒီဇိုင်းလုပ်ပြီး JPEG ထုတ်ထားတဲ့ ဖိုင်ကို upload လုပ်ပေးလိုက်ပါ။

နောက်တစ်ဆင့်ကတော့ upload လုပ်လိုက်တဲ့ image file တွေဟာ စာသားတွေများနေတယ်ဆိုရင် Image Text: High, Image Text Medium, Image Text Low ဆိုပြီး အဆိုပါ ပုံတွေနဲ့ boost လုပ်လို့မရဘူးဆိုတာကို ဖော်ပြပေးပါလိမ့်မယ်။ တကယ်လို့ ကိုယ်ကြော်ငြာချင်တဲ့ပုံဟာ Facebook 20% Text Rule နဲ့ ကိုက်ညီတယ်ဆိုရင် Image Text: OK ဆိုပြီး အစိမ်းရောင် အမှန်ခြစ်လေးနဲ့ ဖော်ပြပေးပါလိမ့်မယ်။

ဒါဆိုရင် အဆိုပါ ဓာတ်ပုံကို ကိုယ့်ရဲ့ Facebook page မှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်း boost လုပ်နိုင်ပါပြီ။
Internet Journal မှ ကူးယူဖော်ပြသည်
-သီဟ
Comments