
Facebook က ရသမျှဝင်ငွေတွေကို အရင်က တစ်ဦးတည်းမူပိုင်သိမ်းနေပေမယ့် မကြာခင်မှာ Facebook က အသုံးပြုသူတွေကို ဝင်ငွေတွေ ပြန်လည်မျှဝေပေးတော့မှာ ဖြစ်ပါတယ်။ ဒီစနစ်ကို YouTube က အစောကတည်းက လုပ်ဆောင်ပေးနေခဲ့တာဖြစ်ပါတယ်။ ခုတော့ Facebook ကလည်း စတင်အကောင်အထည်ဖော်လို့ ဆုံးဖြတ်လိုက်ပါပြီ။
Facebook မှာ Video တင်ဆက်နေတဲ့ Facebook Cele တွေနှင့် Publisher တွေတော့ ဝင်ငွေကောင်းတော့မှာ ဖြစ်ပါတယ်။ Facebook က Video မှ ရတဲ့ ကြော်ငြာခ အကျိုးအမြတ် ၄၅ ရာခိုင်နှုန်းကိုသာ ရယူမှာဖြစ်ပြီး ၅၅ ရာခိုင်နှုန်းကိုတော့ Video တင်သူမှ ရရှိမှာ ဖြစ်ပါတယ်။
YouTube မှာကဲ့သို့ Copyright ကို ထိန်းချုပ်မှုရှိမရှိကိုတော့ မသိရသေးပါဘူး။ YouTube မှာတော့ Copyright ကို အလေးထားပါတယ်။ ဒါကြောင့် Upload လုပ်တိုင်းလည်း ကြော်ငြာထည့်သွင်းလို့မရနိုင်ပါဘူး။
Facebook ရဲ့ Ads ကိုတော့ လက်ရှိအချိန်မှာ စမ်းသပ်မှုတွေလုပ်နေပြီး လအနည်းငယ်အတွင်းမှာ ဝန်ဆောင်မှုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
Thank you Thiha Bo Bo.