Social Media

Facebook Account Hack ခံထိပြီလို့သိရင် ဘာလုပ်သင့်လဲ။

0

ဒီနေ့ခေတ်မှာ Facebook Account တော်တော်များများက Hack ခံထိကြပါတယ်။ အထူးသဖြင့် မိန်းကလေး account တော်တော်များများရဲ့ account ကို မသမာသူတွေက hack ပြီး ငွေကြေးညှစ်တာမျိုးတွေ လုပ်ကြပါတယ်။ တစ်ခါတစ်လေမှာ ကိုယ့် account ကို hack ပြီးဝင်ကြည့်တာမျိုးတောင် မသိတာတွေ ရှိပါတယ်။ ကိုယ့် account လုံခြုံရေးကို ကြည့်နိုင်တဲ့နေရာကတော့ settings ထဲက security and login ပဲ ဖြစ်ပါတယ်။ Securities and login ထဲမှာ သင်သုံးနေကျ ဖုန်း၊ကွန်ပျူတာတွေ မဟုတ်ပဲ အခြားနေရာက အခြား device တွေ အသုံးပြုထားမယ်ဆိုရင် သင့် account ကို တစ်ယောက်ယောက်က ဝင်ကြည့်ထားတယ်ဆိုတာ သင် သိနိုင်မှာ ဖြစ်ပါတယ်။

ဒီလိုမျိုးတွေ့ပြီဆိုရင် password ကို ပြောင်းပါ။ password  ပြောင်းတဲ့အခါမှာ အရင်တုန်းက ဝင်ခဲ့တဲ့ device တွေအားလုံးကို ​log out လုပ်ရပါမယ်။ နောက်တစ်နည်းက သင် fb account ကို အခြား device မှာ ဝင်တဲ့အခါ ဖုန်းနံပါတ်ကို passcode ပို့တာမျိုး (သို့) e-mail ကို passcode ပို့တဲ့ Two -Factor Authentication ကို အသုံးပြုပါ။ Two factor Authentication ဆိုတာက သင် fb acc ကို ပြန်ဝင်တဲ့အခါတိုင်း သင့်ဆီကို ဂဏန်းပို့တာ ဖြစ်ပါတယ်။ ဒီနည်းက အလုံခြုံဆုံးဖြစ်ပြီး သင့် account ကို password သိရင်တောင် အလွယ်တကူ မဝင်နိုင်တာကြောင့် ဖြစ်ပါတယ်။

ဖြစ်နိုင်ချေနောက်တစ်နည်းက application တွေဝင်တဲ့အခါ သင့် fb account သုံးပြီး ဝင်ထားတဲ့အခါမှာ သင့် account history တွေက ကျန်တတ်ခဲ့ပါတယ်။ ဒီ history တွေကို အသုံးပြုပြီးလည်း သင့် account ကို ရယူနိုင်ပါတယ်။ ဒါကြောင့် သင် စိတ်မချရတဲ့ application (သို့) website တွေမှာ fb account နဲ့ login ဝင်တာမျိုးကို ရှောင်ပါ။ အကယ်၍ ဝင်ထားခဲ့တာမျိုးရှိရင်လည်း facebook မှာ remove လုပ်ပါ။

အပေါ်က ပြောပြခဲ့တဲ့ နည်းလမ်းတွေက ၁၀၀ ရာခိုင်နှုန်းမလုံခြုံပေမယ့် ၉၀ရာခိုင်နှုန်းလောက် လုံခြုံပါတယ်။ င်္

Win Thet Oo
Think Different! Do what you love! Love what you do!

Apple ရဲ့ Mimoji အတိုင်း တစ်ထေရာတည်း ထွက်လာတဲ့ Xiaomi ရဲ့ Mimoji အသစ်။

Previous article

Airpods ကို ယှဉ်ပြိုင်မယ့် Sony ရဲ့ wireless earbuds WF-1000X

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Social Media