Bitcoin ဆိုတာ Digital Coin အမျိုးအစားဖြစ်ပြီး တစ်ကမ္ဘာလုံးက ငွေကြေးဆိုင်ရာအဖွဲ့အစည်းက အသိအမှတ်ပြုထားတဲ့ digital coin ဖြစ်ပါတယ်။ အချို့နိုင်ငံတွေမှာ ဒေါ်လာတွေကို အသုံးပြုစရာမလိုပဲ bitcoin နဲ့ ငွေပေးချေနိုင်ပါတယ်။ Facebook ကလည်း ကိုယ်ပိုင်ငွေကြေး cryptocurrency ဖြစ်တဲ့ Libra ကို မကြာခင် လူတွေအသုံးပြုလို့ရနိုင်တော့မယ်လို့လည်း သိရပါတယ်။
ကိုယ်ပိုင် Cryptocurrency ထုတ်ဖို့အတွက်က super computer တွေလိုအပ်ပြီး power လည်းများများလိုအပ်ပါတယ်။ ၂၀၁၈ ခုနှစ် စစ်တမ်းအရ Bitcoin ထုတ်ဖို့အသုံးပြုတဲ့ power က Ireland ကျွန်းတစ်ကျွန်းလုံး အသုံးပြုတဲ့ power နဲ့ တူတူပဲလို့ စစ်တမ်းပညာရှင်တွေက ပြောဆိုကြပါတယ်။ Facebook ရဲ့ Libra coin ကို ထုတ်ဖို့အတွက်က servers အများကြီးလိုအပ်ပြီး ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေအများကြီးလိုအပ်ပါတယ်။Facebook အတွက်ကတော့ ဒီကိစ္စက အသေးအမွှားလေးပဲ ဖြစ်ပါတယ်။
အရေးကြီးဆုံးက power အရင်းအမြစ်ဖြစ်ပါတယ်။ Digital Coin တွေကို ထုတ်တဲ့အခါ Power source က အများကြီးလိုအပ်ပါတယ်။ Power ကို တတ်နိုင်သလောက် လျှော့ချပြီး coin တွေကို ထုတ်နိုင်မယ်ဆိုရင်တော့ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် coin တွေထုတ်တဲ့အခါ servers တွေက ပူလာနိုင်ပြီး အေးအောင်ပြုလုပ်မယ့် နည်းလမ်းတွေ အများကြီး လိုအပ်ပါတယ်။ Facebook company က နည်းပညာနဲ့ပတ်သတ်ရင် ရှေ့ပြေးတဲ့ company တစ်ခုဖြစ်ပြီး လူမှုကွန်ရက် လောကမှာလည်း ဘုရင်တစ်ပါးဖြစ်ပါတယ်။ Libra coin ကို အသုံပြုမယ်ဆိုရင်တော့ Facebook မှာ ငွေပေးချေရတဲ့ service တွေကို အသုံးပြုနိုင်ပြီး အခြားနေရာတွေမှာ ငွေပေးချေမှုမလိုပဲ Libra coin နဲ့ ငွေပေးချေနိုင်မှာ ဖြစ်ပါတယ်။
Libra coin က တရားဝင် ထွက်ရှိမှုမရှိသေးပါဘူး။ Cryptocurrency တွေက စျေးအတက်အကျရှိပြီး လက်ရှိ Bitcoin တစ်ယူနစ်ပေါက်စျေးကတော့ မြန်မာငွေ သိန်းတစ်ရာကျော် ရှိပါတယ်။ Facebook ရဲ့ Libra coin ထွက်လာရင်တော့ တစ်ယူနစ်ပေါက်စျေးက ဘယ်လောက်ရှိမလဲဆိုတာတော့ မသိရသေးပါဘူး။
Comments