Social MediaTech News

Facebook ရဲ့ရှယ်ယာရှင်တွေ နဲ့ Zuckerberg ရဲ့ ပါဝါ။

0

Facebook company က ၂၀၁၈ ခုနှစ်အလယ်ပိုင်းလောက်ထဲက ပြဿနာတွေ စတင်ရင်ဆိုင်နေရပါတယ်။ အဓိကအကြောင်းရင်းကတော့ Privacy တွေချိုးဖောက်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။ လူတွေရဲ့ privacy အချက်အလက်တွေပေါက်ကြားတဲ့ ပြဿနာက​ Facebook ရဲ့ ဂုဏ်သိက္ခာတွေကျဆင်းသွားခဲ့သလို stock စျေးကွက်ပါ ထိခိုက်မှုတွေဖြစ်လာခဲ့ပါတယ်။ ဒါတွေအားလုံးကို အဓိကရင်ဆိုင်ဖြေရှင်းရတာကတော့ Founder and CEO Zuckerberg ကိုယ်တိုင်ပဲဖြစ်ပါတယ်။ မီဒီယာတော်တော်များများက ပြစ်တင်ဝေဖန်ရေးသားကြသလို Facebook ရဲ့ Director အဖွဲ့ဝင်တွေကိုယ်တိုင် Zuckerberg ကို အမြင်မကြည်လာမှုတွေ ဖြစ်လာပါတယ်။ ဒါကြောင့်မကြာသေးမီက ဒါရိုက်တာအဖွဲ့ဝင်တွေက Zuckerberg ကို တောင်းဆိုမှုတွေ လုပ်ခဲ့ပါတယ်။ Zuckerberg က ဒါရိုက်တာအဖွဲ့ဝင်တောင်းဆိုမှုတွေကို အားလုံးငြင်းပယ်ခဲ့ပါတယ်။ တောင်းဆိုမှုတွေကတော့

၁။ ရှယ်ယာရှင်များထက်ခေါ်ခြင်း။

၂။ ဇူကာဘက်မပါပဲ လွတ်လပ်တဲ့ ဒါရိုက်တာအဖွဲ့ဝင် ဖွဲ့စည်းခြင်း။

၃။ ရှယ်ယာရှင်တွေက လွတ်လပ်စွာ ဒါရိုက်တာအဖွဲ့ဝင်ကို မဲစနစ်နဲ့ ဖွဲစည်းနိုင်ခြင်း။

၄။ Facebook ကို company အခွဲတွေ ဖွဲ့စည်းနိုင်ခြင်း။

အဆိုပါ တင်သွင်းချက်အားလုံးက Zuckerberg ရောက်လာတဲ့အခါမှာတော့ အားလုံးသေဆုံးသွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ Zuckerberg က Facebook ရဲ့ ရှယ်ယာရှင်အများဆုံးဖြစ်ပြီး ပါဝါအားလုံးက​ သူ့လက်ထဲမှာ ရှိနေတာကြောင့်ဖြစ်ပါတယ်။ Zuckerberg ရဲ့ တစ်ခုတည်းသောဖြေရှင်းချက်ပေးချက်က ” Company ရဲ့ အရေးကြီးဆုံး အချိန်ကို အခု ကျွန်တော်တို့ရောက်နေပါတယ်။ မှန်တဲ့အရာတွေအတွက် ကျွန်တော်လုပ်သင့်တာ ဆက်လုပ်ရမှာပဲ” ဆိုပြီး ဖြေရှင်းချက်ပေးခဲ့ပါတယ်။

Zuckerberg ရဲ့ သမိုင်းတစ်လျှောက်မှာလည်း အဆင်မပြေခဲ့တဲ့လူတော်တော်များခဲ့ပါတယ်။ အခုလူတွေသုံးနေကြတဲ့ whatsapp နဲ့ Instagram apps တွေကို Facebook က ဝယ်ယူပြီးတဲ့နောက်ပိုင်းမှာလည်း Zuckerberg နဲ့ founders တွေအဆင်မပြေဖြစ်တာကြောင့် founders တွေအသီးသီး  နှုတ်ထွက်ခဲ့ကြပါတယ်။ အခုလည်း Facebook Company က ဒါရိုက်တာအဖွဲ့ဝင်တွေ ကိုယ်တိုင်​ Zuckerberg ကို ရာထူးက ဖယ်ချချင်နေပါတယ်။

ဒီလိုဖြစ်စဉ်မျိုးကို Apple ရဲ့ ဖခင် Steve Jobs မသေဆုံးမီက ဖြစ်ခဲ့ဖူးပါတယ်။ Steve Jobs လက်ထက်တုန်းက​ ဒါရိုက်တာအဖွဲ့ဝင်တွေကိုယ်တိုင် မဲစနစ်နဲ့ Steve Jobs ကို ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။ ဒီလိုတွေဖြစ်တဲ့ အကြောင်းရင်းက အလုပ်ခွင်မှာ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုတွေလွဲတာကြောင့် ဖြစ်ပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

Apple ရဲ့ WWDC 19 မှာ ဘာတွေ မျှော်လင့်နိုင်လဲ။

Previous article

Phone application နဲ့ Website တွေဖြစ်လာဖို့ ဘယ်သူတွေလိုအပ်လဲ။ ဘာတွေလိုအပ်လဲ။ ဘယ်လိုအလုပ်လုပ်တာလဲ။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Social Media