You are here
Home > Services > Email ဝန်ဆောင်မှု

Email ဝန်ဆောင်မှု

Myanmar End User မှ ရရှိနိုင်သော အီးမေးလ် ဝန်ဆောင်မှုများမှာ ကိုယ်ပိုင် Domain နဲ့ Gmail နှင့် ကိုယ်ပိုင် Domain နဲ့ Email တို့ ဖြစ်ပါတယ်။

ကိုယ်ပိုင် Domain နဲ့ Email

1 GB Storage for each = 5000 MMK/Month
10 GB Storage for each = 10000 MMK/Month
Unlimited Storage for each = 20000 MMK/Month

ကိုယ်ပိုင် Domain နဲ့ Gmail

30 GB Storage for each = 10000 MMK/Month
Unlimited Storage for each = 20000 MMK/Month

ဝဘ်ဆိုက်ဆိုတာ အဖွဲ့အစည်းတစ်ခုရဲ့ အများပြည်သူကို တရားဝင် သတင်းထုတ်ပြန်ရာ နေရာဖြစ်သလို အီးမေးလ်ဆိုတာဟာလည်း အဖွဲ့အစည်းတစ်ခုရဲ့ တရားဝင် အကြောင်းကြားစာ ပေးပို့တဲ့ သင်္ကေတပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခုလို အိုင်တီခေတ်မှာ အဖွဲ့အစည်းတစ်ခုအနေနဲ့ ဝဘ်ဆိုက်နဲ့ အီးမေးလ်ဆိုတာ မရှိမဖြစ်လိုအပ်သလို အဖွဲ့အစည်းရဲ့ ပုံရိပ်တစ်ခုဆိုလည်း မမှားပါဘူး။

မြန်မာနိုင်ငံမှာ Gmail ကို အသုံးများကြပါတယ်။ Gmail ဟာ သုံးရလွယ်ကူပြီး အစစအရာရာအဆင်ပြေပါတယ်။ ဒါပေမယ့် အဖွဲ့အစည်းတစ်ခုမှာ Gmail ကို သုံးတာဟာ မသင့်တော်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အပေါ်မှာ အီးမေးလ်ဆိုတာဟာ အဖွဲ့အစည်းတစ်ခုရဲ့ တရားဝင်အကြောင်းကြားစာ ပေးပို့တဲ့ သင်္ကေတလို့ သတ်မှတ်ထားလို့ပါ။ Gmail အကောင့်ကို လူတိုင်း ပြုလုပ်ပြီး ရယူနိုင်ပါတယ်။ ထင်ယောင်ထင်မှား ဖြစ်စေမယ့် ပုံသဏ္ဍာန်တူ Gmail အကောင့်တွေ ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် အဖွဲ့အစည်းရဲ့ သတင်းအချက်အလက်တွေကို ထင်ယောင်ထင်မှား ပြုလုပ်နိုင်ပါတယ်။ ဆိုလိုတာက လုံခြုံမှုမရှိစေပါဘူး။

ကိုယ်ပိုင် ဒိုမိန်းနဲ့ အီးမေးလ်ပြုလုပ်ခြင်းက အဖွဲ့အစည်းအတွင်းပဲ အသုံးပြုတဲ့အတွက် လုံခြုံမှုရှိပါတယ်။ လူတိုင်းက အဖွဲ့အစည်းရဲ့ ဒိုမိန်း နဲ့ အီးမေးလ်ကို ပြုလုပ်လို့မရနိုင်တော့ပါဘူး။ ဒါကြောင့် ပုံစံတူ ပြုလုပ်ပြီး ထင်ယောင်ထင်မှား မေးလ်တွေ ပို့လို့မရနိုင်ပါဘူး။

အဖွဲ့အစည်းအတွင်းမှာ Gmail ကိုသာ အသုံးပြုချင်တယ်ဆိုရင်တော့ အဖွဲ့အစည်း ဒိုမိန်း နဲ့ Gmail ကို ဝယ်ယူ သုံးစွဲနိုင်ပါတယ်။ အဲဒါက Gsuite လို့ခေါ်တဲ့ Google ရဲ့ Email ဝန်ဆောင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ Gsuite ကနေတဆင့် ကိုယ်ပိုင် ဒိုမိန်း နဲ့ Gmail ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဆက်သွယ်ရန် –
Phone: 09 262 70 5237
Viber: 09 79 6820 340
[email protected]

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top