Internet

Email နှင့် Gmail အတူတူပဲလား

0
Email and Gmail

ဒီဆောင်းပါးကို ရေးရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော် အမြဲကြုံတွေ့နေရတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတော်တော်များများ နည်းပညာနဲ့ အရမ်းစိမ်းနေကြပါတယ်။ အထူးသဖြင့် နယ်တွေမှာပေါ့။ အခုနောက်ပိုင်း Mobile တွေ ခေတ်စားလာပြီး၊ Mobile phone တွေနဲ့ အင်တာနက်ကြည့်နိုင်လာတာကနေပြီးတော့မှ အင်တာနက်ဆိုတာကို စိတ်ဝင်စားလာကြပါတယ်။ အဲဒီကနေ Google အကောင့်တွေ ဖွင့်ပါတယ်။ ပြီးတော့ Gmail, Gtalk တွေ သုံးပါတယ်။ ဒါပေမယ့် သူတို့တွေဟာ Email ဆိုတာ ဘာမှန်းမသိကြပါဘူး။ Email လို့ ပြောလိုက်ရင် အချို့ဆို Email တော့ မရှိဘူး၊ Gmail ပဲ ရှိတယ်ဆိုပြီး ပြောတာတွေ ကြားသိနေရပါတယ်။ အဲဒီအတွက် ကျွန်တော် ဒီ ဆောင်းပါးကို ရေးခြင်းဖြစ်ပါတယ်။ ရေးခြင်းဆိုပေမယ့် ရေးထားတော့ကြာပါပြီ။ ဒီမှာ ပြန်တင်ပေးတာပဲ ဖြစ်ပါတယ်။ ဒီလို ဆောင်းပါးမျိုးကို အသိမိတ်ဆွေများထံ မျှဝေပေးခြင်းဖြင့် မြန်မာနိုင်ငံကို ကူညီပေးကြပါ။

Email ဆိုတာ

Email ဆိုတာက electric mail ကိုခေါ်ဆိုခြင်းဖြစ်သည်။ အင်တာနက်မှာ အသုံးပြုသော mail အားလုံးကို Email ဟုခေါ်ဆိုပါသည်။ Email ဆိုသည်မှာ [email protected] ဟူ၍အပြည့်အစုံ ကိုပြောတာပါ။

Gmail ဆိုတာ

Gmail ဆိုတာ google ကဝန်ဆောင်မှုပေးထားတဲ့ Email တနည်းအားဖြင့် google webmail လို့ခေါ်ဆိုနိုင်ပါသည်။ Gmail ဟာ google account တစ်ခုပဲဖြစ်ပါသည်။

Google Account

သင့်အနေနဲ့ google ကဝန်ဆောင်မှုအကုန်လုံးကို သင့် google account ဖြင့်အကုန်ဝင်ရောက်နိုင်ပါသည်။ ဥပမာအားဖြင့် Gmail, Gtalk, Blogspot, Picasa, youtube စသဖြင့် အများကြီးရှိပါသည်။ အဲလို google က ဝန်ဆောင်မှုပေးထားသော မည်သည့် ဝန်ဆောင်မှုများမဆို သင့်သိထားတဲ့ Gmail address တနည်းအားဖြင့် google အကောင့်ဖြင့် access လုပ်ပြီး ဝင်ရောက်နိုင်ပါသည်။ အသစ် create လုပ်စရာမလိုပါ။ google မှာများသောအားဖြင့် username ဆိုပြီးအသုံးများပါသည်။ Email လို့ဆိုခဲ့ရင် သင့်မှာ google အကောင့်ရှိတဲ့အတွက် [email protected] ဆိုပြီးတော့လဲ google mail တနည်းအားဖြင့် Gmail သင့်မှာရှိပါတယ်။

Email လိပ်စာဆိုတာ

Email သင်္ကေတကတော့ “@” sign ပဲဖြစ်ပါသည်။ “@” sign ကို At sign လို့ခေါ်ပါသည်။ အဲဒီအတွက် သင့်မှာ email ရှိလားလို့ မေးခဲ့ရင် ငါ့မှာ email မရှိဘူး Gmail ပဲရှိတယ်လို့မလုပ်ပါနဲ့။ သင့်မှာ google အကောင့် ရှိရင် [email protected] ဆိုပြီး သင့်မှာ email account ရှိပါတယ်။ google ဝန်ဆောင်မှုတွေကို သိချင်တယ်ဆိုရင် ဒီမှာကလစ်လုပ် ဖတ်နိုင်ပါတယ်။

Raspberry Pi နှင့် ဖန်တီး အသုံးပြုနိုင်မည့် နည်းပညာ ပစ္စည်း (၂၃) မျိုး

Previous article

Email လုံခြုံရေးနှင့် သိကောင်းစရာများ

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Internet