Tech News

E3 2019 က အလန်းစား ဂိမ်းများ။

0

သင်ကိုယ်တိုင် Gamer တစ်ယောက်မဟုတ်တောင် Trailer ကြည့်တာနဲ့တင် ဂိမ်းကိုဆော့ချင်စိတ်ပေါက်သွားပါလိမ့်မယ်။ E3 2019 ဆိုတာက Game Developers တွေနဲ့ Game Company ကြီးတွေ ပြသတဲ့ Expo Show ဖြစ်ပါတယ်။ ဒီပွဲမှာဆိုရင်​ မတူညီတဲ့ platform က ဂိမ်းအမျိုးအစား​တွေအားလုံးကို မိတ်ဆက်ပေးတဲ့ ပွဲလည်းဖြစ်ပါတယ်။ လက်ရှိ Game လောကမှာ နာမည်ကြီးတဲ့ X-Box  Games တွေနဲ့ Sony ရဲ့ Playstation Games တွေအပါအဝင် Game Companies တွေက ပစ္စည်းအသစ်အဆန်းတွေ မိတ်ဆက်ပါတယ်။ ဒီပွဲကို တစ်ကမ္ဘာလုံးက Gamers တွေနဲ့ Game Developers တွေအပါအဝင် Game Company တွေက တာဝန်ရှိပုဂ္ဂိုလ်တွေပါ တတ်ရောက်ကြပါတယ်။

၂၀၁၉ မှာထူးခြားတာကတော့ အရင်ထွက်ခဲ့တဲ့ ဂိမ်းတွေမှာ ပါတဲ့ စိတ်ကူးယဉ်ဇာတ်ကောင်တွေမဟုတ်ပဲ တစ်ကယ့်အပြင်မှာ နာမည်ကြီး မင်းသား၊မင်းသမီးတွေကိုပါ Game Story ထဲမှာ ထည့်သွင်းလာတာဖြစ်ပါတယ်။ လက်ရှိ​အောင်မြင်မှုရနေတဲဲ့ John Wick မင်းသား Keanu Reeves ကိုယ်တိုင် Cyberpunk Game Trailer ကို စင်ပေါ်မှာ မိတ်ဆက်ပြသခဲ့ပါတယ်။ သူကိုယ်တိုင် Game Story ထဲမှာ Character တစ်ယောက်အနေနဲ့ ပါဝင်ပါတယ်။ ဒါ့အပြင် The Walking Dead Series တွေမှာပါတဲ့ သရုပ်ဆောင်တွေလည်း အချို့ Game Story ထဲမှာ ပါဝင် သရုပ်ဆောင်ထားပါတယ်။ တစ်ခါမှ မမြင်ဖူးတဲဲ့ အလန်းစား Graphic တွေနဲ့ Stories တွေက Gamers တွေကို အံ့အားသင့်စေပါတယ်။ အခု videos တွေထဲမှာပါတဲဲ့ Games တွေက အောင်မြင်မှုရထားတဲ့ Game တွေဖြစ်ပြီး မကြာမီ Gamers တွေလက်ထဲ ရောက်ရှိလာမယ့် games တွေပဲ ဖြစ်ပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

ဂျပန်မှာ ဘာကြောင့် Vending Machine တွေပြည့်နေတာလဲ။

Previous article

Facebook ရဲ့ original Portal နှင့် Portal+ Projectကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပြောကြား

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Tech News