Product ReviewsUncategorized

E3 2019 ကို တတ်ရောက်ခဲ့တဲ့ Elon Musk

0
LOS ANGELES, CALIFORNIA - JUNE 13: Elon Musk speaks onstage at the Elon Musk in Conversation with Todd Howard panel during E3 2019 at the Novo Theatre on June 13, 2019 in Los Angeles, California. (Photo by Charley Gallay/Getty Images for E3/Entertainment Software Association)

E3 2019 ပွဲမှာ နောက်ထပ်ထူးခြားမှု တစ်ခုကတော့ Elon Musk ကိုယ်တိုင် တက်ရောက်ပြီး အနာဂတ်ဂိမ်းတွေအကြောင်း စင်ပေါ်မှာ ဆွေးနွေးပြောဆိုခဲ့ပါတယ်။ Elon Musk ဆိုတာက​ Tesla လျှပ်စစ်ကား company ရဲ့ founder ဖြစ်သလို အခြားနည်းပညာ companies တွေဖြစ်တဲ့ space-x, boring company တို့ရဲ့ founder လည်းဖြစ်ပါတယ်။ အင်ဂျင်နီယာတစ်ယောက်ဖြစ်သလို programmar ဆိုလည်း မမှားပါဘူး။ သူ programming ကို စတင်လေ့လာခဲ့ရတဲ့ ရည်ရွယ်ချက်ကလည်း game တွေ ဘယ်လိုအလုပ်လုပ်လဲ သိချင်လို့ စလေ့လာခဲ့တယ်လို့ E3 ပွဲမှာ ပြောကြားခဲ့ပါတယ်။

E3 ဆိုတာက အနယ်နယ်အရပ်ရပ်က​ game တွေကို မိတ်ဆက်တဲ့ပွဲ ဖြစ်ပါတယ်။ ဒီပွဲမှာဆိုရင် Game Producer , Developers တွေနဲ့ Gamers များစွာ တတ်ရောက် ဆုံဆည်းကြတဲ့ ပွဲဖြစ်ပါတယ်။ ဒီလိုပွဲမျိုးက​ Elon Musk နဲ့ မသက်ဆိုင်ပေမယ့် သူကိုယ်တိုင်တတ်ရောက် လာရခြင်းက အကြောင်းရှိပါတယ်။ လက်ရှိ ကမ္ဘာမှာနည်းပညာမြင့် အကောင်းဆုံးလျှပ်စစ်ကားတွေ ဖြစ်တဲ့ Tesla ကားထဲမှာ Game တွေကို ဆော့နိုင်တဲ့ platform စတင်ထည့်သွင်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

ဒါ့အပြင် သင့်မှာ X-Box Controller ရှိရင် ကားထဲမှာ game တွေကို လက်ကိုင်နဲ့ အေးဆေးဆော့နိုင်ကြောင်း မိတ်ဆက်ခဲ့ပါတယ်။ Elon Musk က​ Game ဆော့ရတာကြိုက်တဲ့လူဖြစ်ပြီး လျှပ်စစ်ကား Truck ဒီဇိုင်းကိုလည်း Cyberpunk Game ထဲက ဒီဇိုင်းအတိုင်း တည်ဆောက်ထားတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Tesla ကားထဲမှာ ဆော့နိုင်တဲ့ Game တွေက သာမန်အသေးစား ဂိမ်းတွေသာမက  အချို့ ဂိမ်းအကြီးစားတွေကိုလည်း ဆော့နိုင်မှာဖြစ်ကြောင်း Game Developer တွေက အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ Games တွေက တော်တော်တိုးတက်လာပြီး အခုဆို အပြင်လောကမှာ ရိုက်ထားတဲ့ ဇာတ်လမ်းအတိုင်း တော်တော်လေးကို နီးစပ်လာပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

ခေတ်တစ်ခေတ်ရဲ့ အကူးအပြောင်းနှင့် အလုပ်အကိုင်များ။

Previous article

Amazon မှာ ပစ္စည်းတွေကို free ဘယ်လိုရနိုင်လဲ။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.