You are here
Home > Hardware > ကွန်ပျူတာOS မှာ အလုပ်လုပ်တဲ့ 32 Bit နဲ့ 64 Bit တို့ ခြားနားချက်

ကွန်ပျူတာOS မှာ အလုပ်လုပ်တဲ့ 32 Bit နဲ့ 64 Bit တို့ ခြားနားချက်

difference between 32 bit and 64 bit

ကွန်ပျူတာတွေ လက်ဝယ်အသီးသီးကိုင်သုံးနေကြတဲ့ခေတ်မှာ လူတိုင်း ကိုယ့်ကွန်ပျူတာ OS မှာ အလုပ်လုပ်တဲ့ 32bit နဲ့ 64 bit အကြောင်းလေးကို သိထားသင့်တယ်ထင်လ့ိုအခြေခံလေး ဗဟုသုတအနေနဲ့ ပြန်ရေးလိုက်ပါတယ်။

အရင်ဆုံး 32 bit /64 bit ဆိုတာမှာပါတဲ့ bit ဆိုတာကို စပြီးပြောပါမယ်။ ကျွန်တော်တို့ bit ဆိုတာက ရှင်းအောင်ပြောရရင် တွက်ချက်စစ်ထုတ်မှုဆိုင်ရာကိစ္စတွေနဲ့ ဒီဂျစ်တယ်communications တွေမှာသုံးလေ့ရှိတဲ့ အခြေခံအကျဆုံး unit တစ်ခုဘဲဖြစ်ပါတယ်။ ကျွန်တော်တို့ အခြေခံအားဖြင့် ကွန်ပျူတာရဲ့ operating system OS မှာ 32 bit နဲ့ 64 bit ဆိုပြီး နှစ်မျိုးရှိပါတယ်။ 32 bit/64 bit ဆိုတာက ကျွန်တော်တို့ Radom Access Memory(RAM) နဲ့ Microprocessor ကြားမှာ လုပ်ဆောင်ပေးတဲ့ Data passing bus width တွေဘဲဖြစ်ပြီး တနည်းဆိုရရင် CPU က data အချက်အလက်တွေကို ဘယ်လိုအလုပ်လုပ်ဆောင်ရွက်ပေးတယ်ဆိုတဲ့ စနစ်ဘဲဖြစ်ပါတယ်။ 32 bit and 64 bit ဆိုတာကလည်း အဲ့CPU ပေါ်မှာ ဘယ် bit system ပေါ် အလုပ်ဘယ်လောက်လုပ်နိုင်သလဲ၊ ဘယ်လောက်မြန်ဆန်သလဲဆိုတာပေါ်မူတည်ပြီးကွာခြားသွားတာဘဲဖြစ်ပါတယ်။

ဆိုရရင် 32 bit system က အလုပ်လုပ်နိုင်တဲ့ ပမာဏက အကြမ်းဖျင်းဆိုရရင် 2^32 ဖြစ်ပြီး range ကတော့ integer representation လုပ်မှုပေါ်မူတည်ပြီးကွာခြားနိုင်ပါတယ်။ အကြမ်းဖျင်းအရ unsigned ဖြစ်တဲ့ အခြေအနေမှာ 32 bit ဟာ 2 ^32 = 4,294,967,295 ပမာဏအထိ အလုပ်လုပ်နိုင်ပါတယ်။အဲလိုဘဲ 64 bit system ကလည်း သူရဲ့နှစ်ဆဖြစ်ဖြစ်ပြီး 2^64 = 1.8*10^19 အထိ အလုပ်လုပ်နိုင်ပါတယ်။ ပြောချင်တာက 64 bit မှာ data transfer rate က 32bit ထက် နှစ်ဆနီးပါးလောက်ပိုမြန် အလုပ်လုပ်သွားတယ်လို့ဆိုလိုချင်တာပါ။ တစ်ခုရှိတာက ကျွန်တော်တို့ 32 bit system မှာ RAM ကိုအမြင့်ဆုံးအနေနဲ့ 4 Gb ထိဘဲသုံးနိုင်ပါတယ်။ ဒါကလည်း 32 bit system ရဲ့ maximum limited ပမာဏဖြစ်နေလို့ပါဘဲ။ ဒါပေမဲ့ specially chip တွေနဲ့အတူ OS မှာ Physical Address Extension(PAE) စနစ်ကိုသုံးပြီး 32 bit systemsမှာ RAM ကို 64 Gb အထိတိုးမြှင့် သုံးနိုင်ပါတယ်။ ဒါပေမဲ့ ကန့်သတ်မှုတွေနဲ့ error တွေများစွာွှိလာနိုင်ပါတယ်။ဒါကြောင့် 32 bit မှာ အများဆုံး RAM 4Gb ထိဘဲ supporting ရပါတယ်လို့ဘဲ ပြောပါရစေ။ ဒီနေရာမှာ ကျွန်တော်တို့ 32 bit မှာ RAM 4 Gb လို့ဆိုပေမဲ့ ကျွန်တော်တို့စက်တွေမှာ OS က RAM 4 Gb အပြည့်မရပါဘူး။ ဥပမာ – Video card တို့၊ဘာတို့က RAM ကနေ 1Gb ပမာဏယူသုံးရင် ကျွန်တော်တို့ Window OS အတွက်က RAM ကနည်းသွားပါတယ်။ အပြည့်အဝ မသုံးရတော့ဘူးပေါ့။ တခြားတစ်ဖက်က 64bit system (Home edition ) မှာက RAM ကိုအများကြီး 16Gb အထိ သုံးနိုင်လာပါတယ်။ ထပ်တိုး Ultimate and professional version မှာတော့ RAM ပမာဏကို 192 Gb အထိ တိုးမြှင့်သုံးနိုင်ပါတယ်။ သူမှာက 32 bit မှာလို video card တွေ၊ ဘာတွေအတွက် RAMထဲက ဖဲ့ပေးစရာမလိုတော့ဘဲ အဆင်ပြေပြေသုံးနိုင်ပါတယ်။

တခြားသော အကြောင်းအရာတစ်ခုက 32 bit software တွေကို 64 bit system မှာ အလုပ်လုပ်နိုင်တယ်ဆိုတာပါဘဲ။ ဘာလို့အလုပ်လုပ်နိုင်လည်းဆိုတော့ 64bit system မှာပါတဲ့ WOW64(x86 emulator) ကြောင့်ဖြစ်ပြီး သူဟာ 32bit softwaresတွေ run နိုင်ဖို့ 64 bit system နဲ့ 32bit system ကြားမှာ flexibility ဖြစ်အောင်လုပ်ပေးနိုင်လို့ပါဘဲ။ ဒါပေမဲ့ တချို့သော window driverလို softwaresတွေ၊ သီးသန့်ထုတ် Antivirus softwaresတွေ၊ အချို့ချို့သော software တွေက 64 bit system ပေါ်မှာ အလုပ်မလုပ်ပါဘူး။

တချို့သူတွေက ကိုယ်စက်ရဲ့ processorက 32 bit ဖြစ်နေတယ်။ အဲ့တော့ ကိုယ်က 64 bit အနေနဲ့ သုံးချင်တယ်။ 64 bit ကိုသုံးချင်ရင် 64 bit နဲ့ ကိုက်တဲ့ CPU ရှိမှ ကောင်းကောင်းအလုပ်လုပ်နိုင်မှာပါ။ တချို့က ကိုယ်စက်က window ကနေ 64 bit နဲ့ အဆင်ပြေပြေ ဖြစ်မဖြစ် သိချင်ကြပါတယ်။ ဒါဆိုရင်အရင်ဆုံးကိုယ့်စက်ရဲ့ bit system ကိုသိချင်ရင် my computer ရဲ့ system properties က တစ်ဆင့် ကြည့်နိုင်ပါတယ်။ ဒါဆို ကိုယ့်စက်OS က 32 bit လား /64 bit လားဆိုတာ သိနိုင်ပါပြီ။ ထပ်ပြီးတော့ ကိုယ့်စက်ဟာ 64 bit နဲ့ capable ဖြစ်ဖြစ်ဆိုတာသိချင်ရင်-
Window-7 မှာဆိုရင် my computer ပေါ်မှာ right click ထောက်ပြီးရင် အောက်ဆုံးနားက performance information and tools ကိုထပ်ထောက်၊ ပြီးရင် view and print detailed performance and system information ကိုနှိပ်ရင် box ကျလာပါမယ်။ အဲ့မှာ 64 bit capable yes or no တွေ့ပါ့လိမ့်မယ်။ ပါလည်းပါတယ်၊ yes လည်းပါတယ်ဆိုရင် capable ဖြစ်ပါတယ်။ မပါရင်တော့ မဖြစ်ဘူးပေါ့နော်။

window 8 မှာလည်း အဲလိုပါဘဲ။ system properties ကတဆင့် performance information and tools ကတစ်ဆင့် သွားကြည့်နိုင်ပါတယ်။

အချုပ်ဆိုရရင် generally အားဖြင့် 32 bit(Home edition) မှာ RAM ကန့်သတ်ချက် 4 Gb ထိဘဲရနိုင်တယ်။ 64 bit (home edition) မှာ 16 Gb ထိရနိုင်မယ်။ 64 bit မှာ RAM သုံးစွဲမှုများတဲ့ softwareတွေကို အလုပ်လုပ်တဲ့အခါ virtual memory ကို တိုးမြှင့်သုံးပေးနိုင်လို့ အသုံးပြုရ comfort ဖြစ်ပါတယ်။များသောအားဖြင့်သော 32 bit softwaresတွေကိုလည်း 64 bit ပေါ်မှာ အလုပ်လုပ်နိုင်ပါတယ်။ ပြီးတော့ 64 bit ရဲ့ data transfer rate ဟာ 32 bit ထက် ၂ဆလောက်ထိ ပိုမြန်ဆန်သုံးနိုင်ပါမယ်။ ဒီလောက်ဆို အခြေခံ အကြောင်းအရာ လေးတွေ သိလောက်ပါပြီ။

လိုတဲ့နေရာရှိလည်း ဖြည့်စွက်ထောက်ပြပေးနိုင်ပါတယ်ခင်ဗျာ။

ဖြည့်စွက် : ကျွန်တော်တို့ တခါတလေ x86 /x64 ဆိုပြီး တွေ့ကြမှာပါ။ x32 လို့ ဘာလို့မခေါ်လည်းလည်း တွေးကြမှာပါ။ဟဒါက ဘာကြောင့်ဆိုရင် 86ဆိုတာက processor architecture name ကိုပြောတာပါ။ ကျွန်တော်တို့ဟိုးအရင်က old intel processorရဲ့ model number တွေက ကျွန်တော်တို့ အဆုံးမှာ 86 တွေနဲ့ဆုံးလေ့ရှိကြပါတယ်။ 8086.,80286,80386,80486 စတာတွေကို 32 bit လို့သတ်သတ်မှတ်ခဲ့ကြပြီး အဲ့နောက်မှာ ဘယ်processor ရယ်လို့ မရေးတော့ဘဲ x…86 လို့ရေးပါတယ်။ ဒါကြောင့် x….86 လို့ဆိုတာနဲ့ 32 bit ဆိုတာ တန်းသိခေါ်နိုင်လို့ x86 ကို တမျိုး 32 bit လို့လည်းဆိုကြတာဖြစ်ပါတယ်။

KoMH

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top