HardwareWindows

Desktop Performance နဲ့လာသော laptop (သို့) Alienware Area-51m

0

ဂိမ်းဆော့တဲ့လူတော်တော်များများက PC Desktop နဲ့ဆော့ကြတာများပါတယ်။ Graphic Card နဲ့ RAM တွေကို စိတ်ကြိုက်ဖြုတ်လဲတပ်လို့ရအောင် လုပ်တာဖြစ်ပါတယ်။ Alienware Area 51m ကတော့ ဒီလိုမျိုးဖြုပ်လဲတပ်လို့ရအောင် လုပ်ထားပါတယ်။ Processor ကအစ အကုန်လဲလို့ရပြီး PC မှာဆော့တဲ့ ဂိမ်း performance အတိုင်းရမှာဖြစ်တယ်။

ဒီလိုဖြုတ်လဲတပ်လို့ရတာကြောင့် ကွန်ပျူတာ size က ထူသွားပြီး တော်တော်လေးလေးသွားပါတယ်။ ဒါ့အပြင် fan အသံကလည်း ညံတာကြောင့် တော်ရုံနားညီးဒဏ်မခံနိုင်တဲ့ လူတွေအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စေမှာ အမှန်ပါပဲ။  Display ကလည်း တော်တော်လေးကောင်းပါတယ်။ power adapter ကအစ နှစ်ခုပါတာကြောင့် အားအကြာကြီးခံပြီး ဂိမ်းကို စိတ်ကြိုက်ဆော့နိုင်ပါတယ်။

ပြဿနာက တစ်နေရာမှ တစ်နေရာ သင်သွားတဲ့အခါမှာ laptop နဲ့ charger ယူသွားတာနဲ့တင် တော်တော်လေး လေးနေမှာဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဝိတ်အားလုံးပေါင်းလိုက်ရင် 6kg လောက် လေးတာကြောင့်ဖြစ်တယ်။ ဒီနေ့နာမည်ကြီးတဲ့ ဘယ် Game ကိုမဆို ဒီ ကွန်ပျူတာမှာ ကစားနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၀၀ ကစပြီး ၄၀၀၀ အထိ သင်ထပ်တိုးတဲ့ processor , graphic card, ram တွေအပေါ်မူတည်ပြီး ဈေးကြီးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့အကောင်းဆုံး PC desktop ကို ဒီပိုက်ဆံနဲ့တပ်ဆင်ရင်တောင် ဒီလောက်ကောင်းတဲ့ laptop မျိုးရမှာ မဟုတ်ပါဘူး။ Company ကလည်း အနာဂတ်မှာ i9 အပြင် ထပ်လာမယ့် အခြား processor တွေကိုပါ တပ်ဆင်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

အသေးစိတ်ကို https://www.dell.com/en-us/shop/cty/pdp/spd/alienware-17-area51m-laptop#carousel-example-with-caption မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

Beats က အသစ်ထပ်မံမိတ်ဆက်လိုက်တဲ့ Powerbeats Pro

Previous article

လူတွေရဲ့ဘဝနေထိုင်မှုပုံစံတွေမှာ ပါဝင်လာတဲ့ Drones

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Hardware