HardwareWindows

Dell Computer အကြောင်း တစ်စေ့တစ်စောင်း။

0

ကွန်ပျူတာသုံးတဲ့လူတိုင်း Dell ကို မသိကြတဲ့လူမရှိပါဘူး။ လူတော်တော်များများရဲ့ ပထမဆုံးကွန်ပျူတာက Dell ဖြစ်ပါတယ်။ Dell က အကြမ်းခံပြီး အသုံးတည့်စျေးသက်သာတယ်ဆိုပြီး နာမည်တော်တော်ရခဲ့ပါတယ်။ အခုနောက်ပိုင်း ကွန်ပျူတာစျေးကွက်မှာ Dellနာမည် မတွေ့ရသလောက် ရှားလာပါတယ်။ ဘာလို့လဲဆိုတာ ဆက်ကြည့်သွားရအောင်။

 

Dell computer company ကို ၁၉၈၄ ခုနှစ်မှာ Michael Dell ဆိုတဲ့ ကောင်လေးတစ်ယောက် က စတင်ခဲ့ပါတယ်။ ထိုအချိန်က Michael Dell က အသက် ၁၉နှစ်သာရှိပါသေးတယ်။ ဒါ့အပြင် Apple နဲ့ Microsoft တို့ကလည်း Dell နဲ့အပြိုင် ခေတ်မှီပေါ်လာပါတယ်။ Dell Personal Computer တစ်လုံးကို ထိုအချိန်က ဒေါ်လာ တစ်ထောင်အောက်ရောင်းချနိုင်ပြီး ကွန်ပျူတာလောကမှာ လူအများဆုံး ဝယ်တဲ့စာရင်း တန်းဝင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ကွန်ပျူတာကို Hardware အတိုင်းရောင်းတာထက် Cloud System တွေက ပိုအရေးပါလာခဲ့ပါတယ်။ အခုဆိုရင် ကမ္ဘာမှာ နာမည်အကြီးဆုံး Cloud System Company တွေက Amazon နဲ့ Google ပဲ ဖြစ်ပါတယ်။

ဒီအချိန်မှာတော့ Dell company က Tablet နဲ့ Smartphone စျေးကွက်ကို မယှဉ်နိုင်တာကြောင့် ကွန်ပျူတာရောင်းအားတွေက ထိုးကျလာခဲ့ပါတယ်။ Dell CEO, Michael Dell က ဒါကိုသတိထားမိပြီး အနာဂတ်မှာ Cloud System တွေက အရေးပါလာတော့မယ်ဆိုတာ သိတာကြောင့် နည်းစနစ်ကို ပြောင်းလဲခဲ့ပါတယ်။ Cloud Server တွေနဲ့ Network Structure တွေနဲ့ Research and Development တွေအပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာပါတယ်။ VMWare company က Dell ရဲ့ကိုယ်ပိုင် Cloud Server company တစ်ခုဖြစ်ပါတယ်။ အခုဆိုရင် ကမ္ဘာပေါ်မှာ သုံးနေကြတဲ့ cloud server ရဲ့ ၁၆ရာခိုင်နှုန်းကို Dell က ပိုင်ပါတယ်။

နောက်ပိုင်းမှာ Dell က Network နဲ့ Security company ပိုင်းမှာ ပိုပြီးအာရုံစိုက်လာပြီး ကွန်ပျူတာရောင်းတဲ့အပိုင်းမှာတော့ အရင်လို Pc တွေ Laptop တွေကိုတော့ အများကြီးမထုတ်တော့ပါဘူး။ ဒါပေမယ့် အခုချိန်ထိ ကွန်ပျူတာလောကမှာ Dell က အကောင်းဆုံး ကွန်ပျူတာတွေ ထုတ်ပြီး နာမည်ရလျက်ရှိပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

USB Drive နဲ့ လွယ်လွယ်ကူကူ Window 10 ဘယ်လိုတင်မလဲ။

Previous article

Chrome 0S ကို ဘယ်လို USB Drive နဲ့ ဘယ်လိုတင်မလဲ။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Hardware