Internet

Dark Web ဆိုတာ ဘာလဲ။

0

Dark Web ဆိုတာ ဒီနေ့ လူအများဆုံးသုံးတဲ့ အင်တာနက်ပါပဲ။ ဒါပေမယ့် တရားမဝင်တဲ့ မှောင်ခို လုပ်ငန်းနဲ့ ဒုစရိုက်မှုတွေကို အင်တာနက်က တစ်ဆင့်လုပ်ဆောင်တဲ့ အရာတွေဖြစ်ပါတယ်။ Dark Web ကို သုံးတဲ့လူအများစုက တစ်ကမ္ဘာလုံးက ဒုစရိုက်သမားတွေဖြစ်ပါတယ်။ ဒီထဲမှာ ဘိန်းမှောင်ခို ရောင်းဝယ်ဖောက်ကားတဲ့လူတွေ၊ လက်နက်အရောင်းအဝယ်လုပ်တဲ့လူတွေနဲ့ လူအရောင်းအဝယ်လုပ်တဲ့လူတွေ စသဖြင့် တစ်ခါမှမကြားဖူးတဲ့ ဒုစရိုက်မှုတွေကို လုပ်တဲ့လူတွေ အများဆုံးသုံးကြပါတယ်။ Dark Web ကို အသုံးပြုခြင်းဖြင့် ကိုယ့်နောက်ကြောင်းကို အလွယ်တကူ လိုက်လို့မရပါဘူး။

Dark Web ဘယ်လိုစဖြစ်ပေါ်လာသလဲ။

အင်တာနက်စပေါ်လာတဲ့အချိန်တည်းက Dark Web ဆိုတာ စပေါ်လာခဲ့ပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် လူတွေဒီနေ့ google မှာသုံးနေကြတဲ့ အင်တာနက်က ရေထဲမှာမြောနေတဲ့ ရေခဲထု အပေါ်ယံလွှာပဲ ရှိပါတယ်။ Dark Web  ဆိုတာက ရေမျက်နှာပြင်အောက်မှာ မြုပ်နေတဲ့ကြီးမားတဲ့ ရေခဲထုလောက် ရှိပါတယ်။ Dark Web မှာ လူတွေရဲ့ bank information တွေ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ အခြား အတွင်းကျကျ သင်ရှာချင်တာ အားလုံးရှာလို့ရပါတယ်။ Dark Web ကို သုံးချင်ရင် ရိုးရိုး browser တွေဖြစ်တဲ့ Google Chrome တို့နဲ့ သုံးလို့မရပါဘူး။ သတ်မှတ်ထားတဲ့ browser နဲ့ သီးခြား IP Address ရှိမှ သုံးလို့ရပါတယ်။ ၁၉၇၀ ခုနှစ်လောက်က ဘိန်းရာဇာ နှစ်ယောက် တစ်နိုင်ငံမှ တစ်နိုင်ငံကို ပိုက်ဆံအလွှဲအပြောင်းလုပ်တဲ့အခါမှာ MIT ကျောင်းသားနှစ်ယောက်က Dark Web က တစ်ဆင့်ရဲတွေခြေရာခံလို့မရအောင် စကူညီခဲ့ပါတယ်။

Dark Web ကိုသုံးချင်ရင်တော့ US Government က ကိုယ်တိုင် ထောက်ပံ့မှုပေးထားတဲ့ Tor Browser ကို သုံးလို့ရပါတယ်။ Tor Browser သုံးတဲ့လူတွေက ကိုယ်ရေးကိုယ်တာအချက်အလက်ကို ဘယ်သူမှ မသိနိုင်ပါဘူး။ US အစိုးရကလည်း  အတွင်းရေးနဲ့ နိုင်ငံရေး အချက်အလက်များကို လျှို့ဝှက်စွာ လုပ်ဆောင်ချင်တာကြောင့် Tor Browser ကို စတည်ထောင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုစရိုက်လုပ်တဲ့လူတွေက Dark Web မှာ ငွေကြေးခဝါချမှုနဲ့ အခြား ဒုစရိုက်မှုလုပ်ငန်းတွေကို လုပ်ကြပါတယ်။ ဒီနေ့ခေတ်မှာ Tor မရှိတော့ရင် Dark Web လည်းဆက်ရှိနေနိုင်ပြီး Chrome မရှိတော့ရင်လည်း အခြား browser တွေရှိနေနိုင်တဲ့အတွက် internet ကို ဆက်သုံးလို့ရပါတယ်။

Dark Web ကို သုံးမယ်ဆိုရင် site တွေအများကြီးရှိပြီး ကိုယ်လိုချင်တဲ့ဟာကို သေချာသိဖို့လိုပါတယ်။ ဥပမာ သင်က ကြေးစားလူသတ်သမား ငှားချင်တယ်ဆိုပါစို့။ သင် Dark Web ကို စသုံးတည်းက information ကို စောင့်ကြည့်ခံရနေပါတယ်။ အစမ်းသဘောသုံးတာ ဖြစ်ဖြစ် သွားစမ်းသပ်လို့ကတော့ အစိုးရအဖွဲ့ရော ဒုစရိုက်မှု အဖွဲ့ကြားထဲရောက်သွားနိုင်ပါတယ်။ ကံဆိုးရင် ထောင်ဒဏ်နှစ်နဲ့ချီ ကျသွားနိုင်ပါတယ်။ Dark Web ရဲ့နောက်ကွယ်မှာ ထိန်းချုပ်နေကြတာကတော့ Hackers တွေနဲ့  IT ဒုစရိုက်သမားတွေ ဖြစ်ပါတယ်။ IT ဒုစရိုက်သမားဆိုတာက bank account transaction တွေနဲ့ cryptocurrency တွေကို​ လွှဲပြောင်းလုပ်ကိုင်ကြတဲ့ လူတွေပါဝင်ပါတယ်။

 

Win Thet Oo
Think Different! Do what you love! Love what you do!

Action Camera ထဲမှာ အကောင်းဆုံးဖြစ်လာမယ့် Osmo Action

Previous article

Microsoft နှင့် Sony တို့ ပူးပေါင်းပြီး Game Streaming လောကတွင်ခြေလှမ်းအသစ်စတင်မည်

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Internet