InternetTech News

နောက်ဆုံးနှစ် ကွန်ပျူတာကျောင်းသားတွေ ပရောဂျက်လုပ်ဖို့ VPS အခမဲ့ပေးမည်

0
နောက်ဆုံးနှစ် ကွန်ပျူတာကျောင်းသားတွေ ပရောဂျက်လုပ်ဖို့ VPS အခမဲ့ပေးမည်
နောက်ဆုံးနှစ် ကွန်ပျူတာကျောင်းသားတွေ ပရောဂျက်လုပ်ဖို့ VPS အခမဲ့ပေးမည်

နောက်ဆုံးနှစ် ကွန်ပျူတာကျောင်းသားတွေ ပရောဂျက်လုပ်ဖို့ VPS အခမဲ့ပေးမည်

ရန်ကုန်၊ မတ် ၇ – ပြည်တွင်းရှိ နောက် ဆုံးနှစ် ကွန်ပျူတာကျောင်းသားတွေမှာ ကုမဏီတွေရဲ့အလုပ်သင် (intern)ခေါ်ယူတဲ့ အထဲ မပါတဲ့ ကျောင်းသားတွေ ပရောဂျက်လုပ်ရာမှာ အဆင်ပြေဖို့ VPS ဝန်ဆောင် မှု ကို နည်းပညာသင်တန်း တစ်ခု ဖြစ်တဲ့ Cybers Wings Team က အခမဲ့ ပေးမှာ ဖြစ်ပါတယ်။

ကွန်ပျူတာတက္ကသိုလ်တွေဖြစ်တဲ့ UCSY, UIT & UCSM or အခြား CU/TU တွေမှာ Intern ဆင်းရတဲ့ ကျောင်းသားနဲ့ မဆင်းရတဲ့ ကျောင်းသားနှစ်မျိုးရှိပါတယ်။ Intern ဆင်းရတဲ့ ကျောင်းသားတွေကတော့ ကုမဏီက အလုပ်သင်အနေနဲ့ ခေါ်ယူတာကြောင့် အဆင်ပြေပေမဲ့ Intern မဆင်းရတဲ့ ကျောင်းသားတွေက ကျောင်းမှာ ကျောင်း ပရောဂျက်တွေ လုပ်ရပါတယ်။

Intern မပါတဲ့ နောက်ဆုံး နှစ်ကျောင်းသားတွေအတွက် ပရောဂျက်လုပ်ရာမှာ တချို့ကိစ္စတွေအတွက် အဖွဲ့တစ်ဖွဲ့ကို VPS တစ်လုံးလိုအပ်ပါတယ်။ VPS ဆိုတာကတော့ Virtual Private Server ဖြစ်ပြီး နိုင်ငံတကာက လူတွေ အချိန်မရွေး ကြိုက်တဲ့နေရာကနေ အင်တာနက်ကနေတစ်ဆင့် ဝင်ရောက် ကြည့်ရှုနိုင်တဲ့ တကယ့်ဆာဗာဖြစ်ပါတယ်။

“ ကျောင်းပရောဂျက်တွေကို လုပ်တဲ့အခါမှာ သူက VPS တွေလိုတယ်၊ VPS တွေလိုတော့ ကျွန် တော်တို့ဘက်က ကျောင်းသားတွေကို အကူအညီသဘောမျိုးနဲ့ VPS တွေ အခမဲ့ပေးသွားမယ်၊ ပရောဂျက်စပြီဆိုတာနဲ့ လင့်ခ်တစ်ခုလုပ်ပေးမှာ၊ သူတို့ရဲ့ ပရောဂျက်အကြောင်းလေးတွေ ပြောပြပေါ့၊ ဒီပရောဂျက်မှာ VPS လို လား မလိုဘူးလားဆိုတာ သေချာကြည့်ရမှာပေါ့၊ သူတို့ရဲ့ request အရ VPS နဲ့ကိုက်ရင် ကျွန်တော် တို့က ထုတ်ပေးမှာ” လို့ Cyber Wings team ရဲ့ လုံခြုံရေးပိုင်းဆိုင်ရာ နည်းပညာရှင်ကိုရန်နိုင် မြင့်က ပြောပါတယ်။

ဒါကြောင့် VPS တကယ်ကို လိုအပ်တဲ့အဖွဲ့တွေအတွက် အခမဲ့ ရစေဖို့ လျှောက်လွှာတွေကို စီစဉ်ပေးမှာ ဖြစ်ပါတယ်။ VPS Request လျှောက်လွှာအတွက် Google Form လေး လုပ်ထားပါတယ်။ ကျောင်းသားကျောင်းသူတို့အနေနဲ့ သူတို့လိုအပ်တဲ့ VPS အတွက် server ထိုင်ပေးခြင်းနဲ့ အခြား config တွေ ပြုလုပ်ရာမှာ ကူညီပေးခြင်းတို့အတွက် လိုအပ်လား၊ မလိုအပ်လားဆိုတာကိုပါ ထည့်ထားပေးကြောင်း ကိုရန်နိုင် မြင့်က ဆိုပါတယ်။

ဒါပေမဲ့ စည်းကမ်းချက်အရ Offensive Abuse Report ထိရင်တော့ ပရောဂျက် အဖွဲ့ခေါင်းဆောင်က တာဝန်ယူရမှာ ဖြစ်ကြောင်း သိရပါတယ်။

နောက်ပြီး Cyber Wings team အနေနဲ့ တချို့အဖွဲ့တွေအတွက် လိုအပ်တဲ့ server ထိုင်ပေးတာမျိုးလည်းလုပ်ပေးနိုင်ဖို့ ရည်ရွယ်ထားပြီး ပရိုဂရမ်ကုတ်တွေ ရေးတဲ့အခါ ဘယ်လို ဆာဗာထိုင် ရမလဲဆိုတာ မသိကြတာတွေရှိတာကြောင့် အဲသည်တော့ ဘယ်လို ဆာဗာတွေထိုင်ရမလဲ၊လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ဆာဗာလိုမျိုး ထောက်ပံ့ပေး ဖို့လည်းအစီအစဉ်ရှိပြီး ဝက်ဘ်ဆိုက်တင်ဖို့ ဝက်ဘ်ဆာဗာကိုလည်း ထောင်ပေးဖို့ ကူညီပေးမှာ ဖြစ်ကြောင်း သိရပါတယ်။

သည်အစီအစဉ်ကို ကျောင်းတွေက ပရောဂျက်ချပေးတဲ့ အချိန်စတာနဲ့ စီစဉ်ပေးမှာဖြစ်ပြီး VPS အခမဲ့လျှောက်ဖို့အတွက် ဖေ့စ်ဘုတ်ခ်မှာ Cyber Wings team ပေ့ချ်ကနေတစ်ဆင့် လင့်ခ်ပေးထားမှာ ဖြစ်ကာ လင့်ခ်ထဲဝင်ပြီး လျှောက် ထားရမှာ ဖြစ်ပါတယ်။

Author  မေဘယ်လ်

ကုမုဒြာဂျာနယ်မှ ကူးယူဖော်ပြသည်။

MIUI Smartphone များတွင် Mobile Data ကို အသုံးလိုသည့် App များကိုသာ ဖွင့်သုံးနည်း

Previous article

Telenor SIM Card ကို Messenger မှ မှတ်ပုံတင်နိုင်ပြီ

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Internet