Product ReviewsTech News

Creation လောကရဲ့ဘုရင် Adobe က iPad pro အတွက် App အသစ်တစ်ခုမိတ်ဆက်။

0

ကွန်ပျူတာသုံးတဲ့လူမှန်သမျှ Adobe နဲ့ လွတ်တယ်ဆိုတာမရှိပါဘူး။ ဘာမှမသုံးရင်တောင် Adobe Reader ကိုတော့ document တွေဖတ်တဲ့နေရာတိုင်းမှာ သုံးလို့ရပါတယ်။ Adobe ရဲ့ နာမည်ကြီး product တွေဖြစ်တဲ့ Photoshop, Adobe Premier, Illustrator နဲ့အခြား နာမည်ကြီး apps တွေက creator တိုင်း မရှိမဖြစ်သုံးတဲ့ apps တွေဖြစ်ပါတယ်။ အခု Adobe ရဲ့ iPad Pro အတွက်  ထုတ်ထားတဲ့  app နာမည်က Adobe Fresco ပဲဖြစ်ပါတယ်။

Adobe Fresco နာမည်ကတော့ အီတလီက ရေဆေးပန်းချီဆွဲတဲ့ ပုံစံကို အကိုးအကားယူပြီး ပေးထားတာဖြစ်ပါတယ်။ Adobe Fresco မှာဆို တစ်ကယ့်အပြင်မှာ ရေဆေးပန်းချီဆွဲသလို tools  တွေပါပြီး ကိုယ်လိုသလို ဆွဲလို့ရပါတယ်။ Adobe က Apple  နဲ့ တွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိ Tablet မှာ iPad pro က အကောင်းဆုံးဖြစ်ပြီး sensitivity အရမ်းပေါ့ပြီး မြန်ဆန်သွက်လက်လို့ပဲ ဖြစ်ပါတယ်။ Adobe Illustrator အသုံးပြုတဲ့လူတွေအတွက် iPad Pro က မရှိမဖြစ်လိုအပ်တဲ့ tools တစ်ခုဖြစ်လာနိုင်ပါတယ်။

Fresco မှာပါဝင်တဲ့ brush tools တွေက Illustrator မှာပါတဲ့ tools တွေအတိုင်း အသုံးပြုလို့ရပြီး brush နေရာမှာ apple pencil နဲ့ အသုံးပြုပြီး ဆွဲလို့ရတာကြောင့် တော်တော်အဆင်ပြေပါတယ်။ Adobe Fresco မှာ ဆွဲထားတဲ့ ပုံတွေကို Photoshop format အနေနဲ့လည်း save လုပ်နိုင်ပြီး ကွန်ပျူတာမှာ ပြန်တည်းဖြတ်နိုင်ပါတယ်။ လက်ရှိ apple ရဲ့ app store မှာ မရသေးပေမယ့် ဒီနှစ်အတွင်းမှာ အသုံးပြုသူတွေလက်ထဲ အရောက်လာခဲ့မယ်လို့ Adobe က တာဝန်ရှိသူတွေက အတည်ပြုပြောကြားခဲ့ပါတယ်။ Adobe Fresco ရဲ့ Video လေးကိုတော့ ဒီမှာ ကြည့်ရှုနိုင်ပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

Volvo ရဲ့ Autonomous Vehicle ကို Sweden မှာ စတင်အသုံးပြု။

Previous article

ကလေးတွေ အကြိုက်တွေ့မယ့် Dji ရဲ့ robot အသစ် (Robo master)

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.