ပုံမှန်အားဖြင့် ကျွန်တော်တို့က Data တွေကို သိမ်းဖို့၊ဖတ်ဖို့ရာ
Storage Device တွေလိုပါတယ်။
ဒီအတွက် HDD, Ram Stick စသည့် အရာတွေကို အသုံးပြုရပါတယ်။
ဒါကရိုးရိုး Storage Service တစ်ခုပါ။
Cloud Computing ဆိုတာကတော့ သူကရိုးရိုးပုံစံမဟုတ်ဘဲ၊
Internet-Based ကနေ Resource တွေကို ယူသုံးရတဲ့
Storage Service တစ်ခုပဲဖြစ်ပါတယ်။
ဒီ Resource တွေထဲမှာ ဘာတွေပါဝင်လဲဆိုတော့
Hardware, Software, Data, Application စသည့်
အရာတွေများစွာပါဝင်ပါတယ်။
Cloud Computing မှာ သုံးမျိုးရှိပါတယ်။
အဲဒါတွေကတော့
(1) Public Cloud
(2) Private Cloud
(3) Hybrid Cloud တို့ပဲဖြစ်ပါတယ်။
Public Cloud
သူက Standard Cloud Computing Model ပုံစံတစ်မျိုးပဲဖြစ်ပါတယ်။
Cloud Infrastructure ထဲမှာ Server, Storage , Application စတဲ့
အရာတွေပါဝင်ပြီး အများပြည်သူသုံးလို့ရအောင် အင်တာနက်ပေါ်ကနေ
ပေးတဲ့ Service တစ်မျိုးဖြစ်ပါတယ်။
Example; Google App Engine and Windows Azure Services.
Private Cloud
သူကတော့ Private ဆိုတဲ့ အတိုင်း Single Organization တစ်ခုအတွက်သာ
အသုံးပြုခွင့်ရပါတယ်။
Hybrid Cloud
သူကတော့ Private Cloud နှင့် Public Cloud တို့ပါဝင်တဲ့၊
(ရှင်းအောင်ပြောရရင်တော့ အနည်းဆုံး Private Cloud and Public Cloud တစ်ခုစီ)
ပါဝင်တဲ့ Cloud Service ပဲဖြစ်ပါတယ်။
ဒီ Cloud Service မှာတေ့ ဒေတာတွေကို ပျက်စီး၊ပျောက်ရှလွယ်တဲ့ ဒေတာ၊
မပျက်ဆီးနိုင်တဲ့ ဒေတာ စသည်ဖြင့် ခွဲခြားထားလို့ရသလို
Manage လုပ်လို့လည်းရပါတယ်။
အခုနောက်ပိုင်းမှာဆိုရင်တော့ ကျွန်တော်တို့ Cloud Service ကို မဖြစ်မနေလိုအပ်လာပါတယ်။
ဒေတာတွေကို လုံခြုံစိတ်ချရတဲ့နေရာမှာ ထားချင်သော်လည်းကောင်း၊ ဘယ်နေရာမှာဖြစ်ဖြစ် အချိန်မရွေးလှမ်းယူသုံးလို့ရနေသောကြောင့်လည်းကောင်း အသုံးပြုသူများပြားလာပါတယ်
Thanks
Ko Min
ဆက်စပ်ဆောင်းပါးများ –
Desktop Computer မှာပါရှိတဲ့ Power Supply အကြောင်း သိကောင်းစရာ
သင့် ကုမ္ပဏီ ရုံုးခန်းအတွင်း မဖြစ်မနေ ရှိသင့်သော IT System များ အကြောင်း
Google Photos Application နဲ့ ပုံလေးတွေကို Cloud ထဲ သိမ်းကြမယ်