LifestyleProduct ReviewsUncategorizedWindows

Chrome 0S ကို ဘယ်လို USB Drive နဲ့ ဘယ်လိုတင်မလဲ။

0

Chrome OS ဆိုတာ Mac OS , Window OS , Linux OS တို့လို Google က ထုတ်ထားတဲ့ Chrome OS ဖြစ်ပါတယ်။ သင့်ကွန်ပျူတာမှာ Window OS တင်ထားပြီး Window Update တွေနဲ့ အခြား ခေါင်းရှုပ်ရတဲ့ Virus တွေကို မခံစားနိုင်ရင် Chrome OS ကို သုံးကြည့်ပါ။ Chrome OS က အခြားကွန်ပျူတာတွေဖြစ်တဲ့ LG, Samsaung တွေနဲ့တွဲထုတ်ပြီး Chromebook အနေနဲ့လာပါတယ်။ အခုပြောပြမယ့်အကြောင်းအရာက Chromebook ကို တစ်ကူးတစ်က ဝယ်စရာမလိုပဲ USB လေးက တစ်ဆင့် boot တက်အောင်လုပ်ပြီး Chrome OS ကိုသုံးလို့ရမယ့် နည်းလမ်းဖြစ်ပါတယ်။

သင်လိုအပ်တဲ့အရာတွေကတော့

၁။ USB Port အလုပ်လုပ်တဲ့ ကွန်ပျူတာတစ်လုံး။

၂။ အနည်းဆုံး 8GB ရှိတဲ့ USB။

၃။ ဒီ link ကို https://www.7-zip.org/download.html

Window Computer တွေအတွက် Down ပါ။

၄။ Image ကို Flash ရိုက်ဖို့ ဒီ https://www.balena.io/etcher/ 

down ပါ။ (Etcher)

အလုပ်လုပ်ပုံ အဆင့် (၁)။

Chrome OS က တရားဝင် link တော့မရှိပါဘူး။ ဒါပေမယ့် ဒီ link ကတော့ယုံကြည်စိတ်ချရပါတယ်။ https://chromium.arnoldthebat.co.uk/?dir=daily

အလုပ်လုပ်ပုံ အဆင့် (၂)။

Down ပြီးရင်တော့ နံပါတ်၃ မှာပြောထားတဲ့ Zip file software ကို သုံးပြီး zip ဖြည်ပါ။ သင့်မှာ နဂိုရှိပြီးသားဆိုရင်တော့ မလိုပါဘူး။

အလုပ်လုပ်ပုံ အဆင့် (၃)။

USB Drive ကို format ချပါ။ အလွယ်ကူဆုံးနည်းလမ်းကတော့ right clik ထောက်ပြီး ချလို့ရပါတယ်။ Format ချရမယ့် Type က FAT32 ဖြစ်ပါတယ်။

အလုပ်လုပ်ပုံ အဆင့်(၄)။

USB ကိုလည်း Format ချပြီးရင်တော့ ကွန်ပျူတာထဲထည့်ပါ။ USB ထဲမှာ အပေါ်က ပြောပြခဲ့တဲ့ Download လုပ်ထားတဲ့အရာအားလုံးရှိနေဖို့လိုပါတယ်။ ကွန်ပျူတာမှာတော့ နံပါတ်၄ အချက်မှာပြောပြထားတဲ့ link က download လုပ်ထားတဲ့ etcher software installed လုပ်ထားဖို့လိုပါတယ်။

ဒါဆိုရင် Etcher software က တစ်ဆင့် chrome OS ကို flash ရိုက်ပြီး နောက်ဆုံး ready ဖြစ်တဲ့အဆင့်ထိ သင်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံး chrome OS ကို ပြီးတဲ့အချိန် save လုပ်မယ့်နေရာက USB မှာ ဖြစ်ဖို့အရေးကြီးပါတယ်။

အလုပ်လုပ်ပုံ အဆင့်(၅)။

ကွန်ပျူတာကို​ shutdown လုပ်ပြီး boot တင်တဲ့အဆင့်လုပ်ပါ။ select ရွေးတဲ့အဆင့်ရောက်ရင် USB ကိုရွေးပြီး boot တင်ပါ။

 

ဒါဆိုရင် သင့်ကွန်ပျူတာမှာ Chrome OS ကို အသုံးပြုနိုင်ပါပြီ။ Chrome OS ရဲ့အားသာချက်က Android App တွေပါအသုံးပြုနိုင်ပြီး Virus တွေရန်က ကင်းဝေးနိုင်ပါတယ်။ ပေါ့ပေ့ါပါးပါးနဲ့ စာရင်းဇယားတွေသုံးမယ်၊ ဖုန်းမှာသုံးတဲ့ software တွေပါသုံးချင်ရင်တော့ Chrome OS က သင့်အတွက်အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ကျောင်းသားတွေအတွက်နဲ့ Web browsing , သာမန် basic အသုံးပြုမယ့်လူတွေအတွက်တော့ Virus ကိစ္စနဲ့ window update ရန်ကတော့ ကင်းစေမှာ ဖြစ်တယ်။

 

Win Thet Oo
Think Different! Do what you love! Love what you do!

Dell Computer အကြောင်း တစ်စေ့တစ်စောင်း။

Previous article

လူတွေနဲ့ A.I တွေအတွက် Algorithm လုပ်ဆောင်ပုံက ဘယ်လိုကွာခြားလဲ။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Lifestyle