Product Reviews

China Company အသစ်တစ်ခုနဲ့ Partner ဖွဲ့လိုက်တဲ့ Harley-Davidson

0

Harley Davidson Motorcycle company က မကြာသေးမီ ရက်ကပဲ တရုတ်နိုင်ငံက company အသစ်တစ်ခုနဲ့ ဆိုင်ကယ်အသေးထုတ်ဖို့ စာချုပ်ချုပ်ဆိုလိုက်ပါတယ်။ ​company နာမည်က Qianjiang Motorcycle company ဖြစ်ပါတယ်။ Qianjiang company က Volvo ကားတွေရဲ့ ပစ္စည်းတွေကို ထုတ်ပေးတဲ့ supplier company တစ်ခုဖြစ်ပါတယ်။ Harley-Davidson company အတွက်ကတော့ တရုတ်က ကြီးမားတဲ့စျေးကွက်တစ်ခုဖြစ်ပါတယ်။

အခုဆို Harley Davidson company က နိုင်ငံတစ်ကာစျေးကွက်မှာ နေရာလိုချင်ပါတယ်။ Target က ၂၀၂၇ ခုနှစ်မှာ Harley Davidson ရဲ့ရောင်းအား အားလုံးကို အမေရိကန် နိုင်ငံသာမက တစ်ကမ္ဘာလုံးက စျေးကွက်ကို လိုချင်ပါတယ်။ Showrooms တွေလည်း တစ်ကမ္ဘာလုံး အနှံ့ဖွင့်လာပါတယ်။ အမေရိကန် တရုတ် ကုန်သွယ်ရေ့း စစ်ပွဲဖြစ်လာတဲ့အခါမှာတော့ Harley Davidson က ဆိုင်ကယ်တွေကို တပ်ဆင်တဲ့နေရာကို ထိုင်းကို အပြီးပြောင်းလိုက်ပါတယ်။

Harley Davidson company က အရင်က ဆိုင်ကယ်ကြီးတွေ ထုတ်ပေမယ့် ပြိုင်ဖက် company တွေဖြစ်တဲ့ Honda နဲ့ အခြား company ရဲ့ စျေးကွက်တွေကို ယှဉ်ပြိုင်ချင်တာကြောင့် တရုတ် company အသစ်နဲ့ partner ဖွဲ့လိုက်ခြင်း ဖြစ်ပါတယ်။ တစ်ကယ်တမ်း လက်တွေ့မှာ တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေး စစ်ပွဲကြားမှာတော့ Harley က တရုတ်နဲ့ တစ်ကယ်လက်တွဲမလားဆိုတာတော့ သေချာမသိရသေးပါဘူး။ ကုန်သွယ်ရေးစစ်ပွဲ ဆက်ဖြစ်သွားရင်တော့ Harley ရဲ့ခြေလှမ်းက Thai ကို ဦးတည်သွားနိုင်ပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

ပန်းမန်နဲ့ အပင်စိုက်ပျိုးရေးသမားတွေအတွက် မရှိမဖြစ် လိုအပ်သော apps များ

Previous article

iPad သက်တမ်းတစ်လျှောက်မှာ စျေးအသက်သာဆုံးနဲ့ ရနိုင်မယ့် iPad Pro နဲ့ အခြား gadgets များ

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.