You are here
Home > PC & Mobile > Android > TECNO မှ 24MP Selfie ကင်မရာ တပ်ဆင်ထားသည့် CAMON X Pro အား မိတ်ဆက်

TECNO မှ 24MP Selfie ကင်မရာ တပ်ဆင်ထားသည့် CAMON X Pro အား မိတ်ဆက်

2018 Global Spring Launch ပွဲ၌ အဆင့်မြင့် စမတ်ဖုံး ၃ မျိုးအား ထုတ်ဖော်ပြသခဲ့
2018 Global Spring Launch ပွဲ၌ အဆင့်မြင့် စမတ်ဖုံး ၃ မျိုးအား ထုတ်ဖော်ပြသခဲ့

လားဂို့စ်၊ နိုင်ဂျီရီးယားနိုင်ငံ (၂၀၁၈ ခုနှစ် ဧပြီ ၁၀ ရက်) – ဟောင်ကောင်အခြေစိုက် Transsion Holdings ၏ အရည်အသွေးမြင့် မိုဘိုင်းဖုန်း အမှတ်တံဆိပ် TECNO မှ ကမ္ဘာ့ပထမဆုံးသော 24MP Clear Selfie ရှေ့ဖက် ကင်မရာ တပ်ဆင်ထားသည့် CAMON X Pro ကို အာဖရိကဈေးကွက်၌ မိတ်ဆက်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ထို့အပြင် ကမ္ဘာကျော် အင်တာနက် ကုမ္ပဏီကြီး Google နှင့် ပူးပေါင်းကာ Android™ Oreo™ (Go Edition) OS သုံး စမတ်ဖုန်းများကိုလည်း နိုင်ဂျီးရီးယားနိုင်ငံ၊ လာဂို့စ်မြို့၌ ဧပြီလ ၅ ရက်နေ့က ကျင်းပပြုလုပ်သည့် 2018 Global Spring Launch ပွဲကြီး၌ မိတ်ဆက်ပေးခဲ့သည်။ TECNO Mobile အနေဖြင့် အာဖရိကဈေးကွက်တွင် ကြီးမားသည့် ဈေးကွက်ဝေစုကို ရရှိထားပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာဈေးကွက် ၄၀ ကျော်အတွက် ခေတ်ရှေ့ပြေး နည်းပညာပိုင်းနှင့် အရည်အသွေးပိုင်း အထူးကောင်းမွန်သည့် စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချလျက် ရှိနေသည်။

TECNO Mobile အမှတ်တံဆိပ်သည် စတင်တည်ထောင်ခဲ့သည့် အချိန်မှစပြီး ယနေ့ထက်တိုင် ဆန်းသစ်မှု နည်းပညာများကို ဖန်တီးတီထွင် အသုံးပြုနေပြီး သုံးစွဲသူများအတွက် ဈေးနှုန်းချိုသာပြီး ပိုမိုလွယ်ကူ အဆင်ပြေနိုင်သည့် ထုတ်ကုန်တစ်ခုဖြစ်သည်။ TRANSSION HOLDINGS ၏ Vice President ဖြစ်သူ Mr. Andy YAN မှ “TECNO အနေနဲ့ မိမိတို့ရဲ့ ထုတ်ကုန်တွေကို တစ်စုံတစ်ယောက်အတွက် အဆင်ပြေလွယ်ကူစေရန် တီထွင်ထုတ်လုပ်ထားတာ မဟုတ်ဘဲ သုံးစွဲသူတွေအားလုံးရဲ့ အမူအကျင့်တွေ၊ ကြိုက်နှစ်သက်မှုတွေ၊ လိုအပ်မှှုတွေ စတာတွေကို လေ့လာဆန်းစစ်ပြီး နေ့စဉ် လူနေမှုဘဝတွေမှာ အပြည့်စုံဆုံးနဲ့ အသုံးဝင်ဆုံး ဖြစ်စေနိုင်ဖို့ ကြိုးစားထားပါတယ်” ဟု ပြောကြားခဲ့ပါသည်။

“ကျွန်တော်တို့ဟာ အာဖရိကဈေးကွက် အပါအဝင် အခြားသော ဖွံ့ဖြိုးဆဲဈေးကွက်များနဲ့ မစိမ်းပါဘူး။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ရဲ့ ထုတ်ကုန်များဟာ ဤဈေးကွက်များမှ သုံးစွဲသူများနဲ့ အံဝင်ခွင်ကျ ဖြစ်စေဖို့ အသေးစိတ် လေ့လာဆန်းစစ်ပြီး ဖန်တီးတီထွင် ထုတ်လုပ်ထားခြင်းဟာ TECNO ကို ပြိုင်ဖက်များနဲ့ ကွာခြားတဲ့ အချက်ပဲ ဖြစ်ပါတယ်။”

ဟု TECNO Mobile ၏ General Manager ဖြစ်သူ Mr. Stephen HA က ထပ်မံပြောကြားခဲ့သည်။

အထူး ကြည်လင် ပြတ်သားသည့် 24MP Selfie ကင်မရာနှင့် Live FACE ID ပါဝင်သည့် CAMON X Pro
ယနေ့ မိတ်ဆက်ပြသခဲ့သည့် Face ID လုပ်ဆောင်ချက် ထည့်သွင်းပေးထားသည့် 24MP ရှေ့ဖက် Selfie Camera နှင့် 16MP ကျောဖက် ပင်မကင်မရာများ တပ်ဆင်ပေးထားသည့် CAMON X Pro စမတ်ဖုန်း သည် ယခင် ထွက်ရှိထားသည့် CAMON CX စမတ်ဖုန်းထက် ပုံရိပ် ပြတ်သားမှှု ၃၀ ရာခိုင်နှုန်း ပိုမိုသည်။ ပြိုင်ဖက်များထက် သာလွန်ကောင်းမွန်သည့် 18:9 Bezel-less Full-Screen Display ဘေးဘောင်မဲ့ ၆ လက်မ အရွယ် မျက်နှာပြင်ဟာ FullHD ပုံထွက်နှုန်း ရှိပြီး၊ သိမ်းဆည်းမှုပမာဏ 64GB ROM နှင့် 4GB RAM တို့ပါဝင်သည်။

Dual ISP Image Processor ပါဝင်သောကြောင့် CAMON X Pro စမတ်ဖုန်းသည် လုပ်ဆောင်ချက်များကို ပိုမိုလျှင်မြန်စွာ ဆောင်ရွက်နိုင်ပြီး ယခင်ထွက်ရှိပြီး CAMON စီးရီး စမတ်ဖုန်းများထက် များစွာ သာလွန်ကောင်းမွန်သည်။ CAMON X Pro တွင် အနက်ရောင် ပုံရိပ်ထွက်မှုနှင့် Noise Reduction လုပ်ဆောင်ချက်များကို ယခင်ထက် ၂၀ ရာခိုင်နှုန်း တိုးမြင့်ထားပြီး ဓါတ်ပုံများ၏ သဘာဝပုံထွက်နဲ့ အနီးစပ်ဆုံး တူညီစေနိုင်သည့် လုပ်ဆောင်ချက်လည်း ပါဝင်တာကြောင့် သုံးစွဲသူများ အနေဖြင့် ဓါတ်ပုံ ရိုက်သည့် အခါတိုင်း စိတ်ကျေနပ်မှှု ရစေနိုင်မည် ဖြစ်သောကြောင့် CAMON X နှင့် X Pro ၏ Portrait Background လုပ်ဆောင်ချက်ဖြင့် လှပသော Selfies များကို ရိုက်ကူးနိုင်ပါသည်။
“ကောင်းမွန်သော ဒီဇိုင်းနှင့် လုပ်ဆောင်ချက်များ ပါဝင်သော်လည်း သာမန်အဆင့်သာရှိတဲ့ ကင်မရာ တပ်ဆင် ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းကို ခေတ်ရှေ့ပြေး မျိုးဆက်သစ် စမတ်ဖုန်းလို့ ပြောလို့ မရနိုင်ပါဘူး။ စမတ်ဖုန်းတွေနဲ့ ဓါတ်ပုံရိုက်ကူးခြင်းဟာ မျက်မှောက်ခေတ်မှာ လူကြိုက်အများဆုံး Trend အသစ်တစ်ခု ဖြစ်နေပြီး စီပွားရေး လုပ်ငန်းသစ်များ အနေနဲ့လည်း လုပ်ငန်းများ အောင်မြင်ရေးအတွက် စမတ်ဖုန်း ကင်မရာတွေကို သုံးစွဲနေပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ယနေ့ မိတ်ဆက်လိုက်တဲ့ CAMON X နဲ့ CAMPN X Pro စမတ်ဖုန်း ၂ ခုလုံးကို လက်ဖျားခါလောက်တဲ့ သေသပ်လှပမှုနဲ့ သုံးစွဲသူများအတွက် အဆင်ပြေ လွယ်ကူစေမှုတို့ကို ဦးစားပေးပြီး ထုတ်လုပ်ထားပါတယ်။” ဟု TECNO Mobile ၏ Chief Marketing Officer ဖြစ်သူ Mr. Philex MENG က ရှင်းလင်း ပြောကြားခဲ့သည်။

ယနေ့ခေတ်တွင် စမတ်ဖုန်းများသည် လူနေမှှုဘဝအတွက် အရေးပါသည့် တစ်စိတ်တစ်ပိုင်း အဖြစ် နေရာယူနေကြပြီ ဖြစ်သည်။ CAMON X နှင့် CAMON X Pro စမတ်ဖုန်းများတွင် သုံးစွဲသူ၏ မျက်နှာပုံရိပ်ဖြင့် Unlock လုပ်ပေးမည့် Face ID နည်းပညာအသစ်ကို မိတ်ဆက်ပေးထားသည်။ TECNO ၏ Face ID နည်းပညာသည် သုံးစွဲသူများ၏ မျက်နှာပုံရိပ်ဆိုင်ရာ အချက်အလက်များကို 50ms နှုန်းဖြင့် တွက်ချက်ပေးနိုင်သဖြင့် လက်ဗွေစနစ်ထက်ပင် ပိုမိုလျင်မြန်ပြီး လုံခြုံစိတ်ချရသည်။ ထို့အပြင် TECNO Mobile ၏ မူပိုင်ဖြစ်သည့် HiOS UI သည် အသုံးမပြုသည့် လုပ်ဆောင်ချက်များကို နောက်ကွယ်မှ အလိုအလျောက် သိရှိဖယ်ရှားပေးပြီး ဖုန်းအပူချိန်တက်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။

ဤ CAMON X နှင့် CAMON X Pro စမတ်ဖုန်းများသည် ယခင် CAMON စမတ်ဖုန်း မျိုးဆက်များဖြင့် နှိုင်းယှဉ်ပါက များစွာသာလွန်ကောင်းမွန်သည်။ လျင်မြန်မှုနှင့် စွမ်းဆောင်ရည် အပိုင်းများအတွက် Mediatek Helio P23 Chipset ကို အသုံးပြုထားပါသည်။ ဤ ပရော်ဆက်ဆာ Chipset သည် ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးမျှဝေမှုအတွက် ဦးစားပေးထားပြီး အမြန်နှုန်း 2 GHz၊ 16 Nano Meter Silicon နှင့် Image Signal Processing လုပ်ဆောင်ချက်များ ပါဝင်ခြင်းကြောင့် CAMON X နှင့် CAMON X Pro စမတ်ဖုန်းများ၏ ဘတ်ထရီသက်တမ်းမှာ ပိုမို ကြာရှည်ခံမည် ဖြစ်သလို ရင်သပ်ရှုမောဖွယ်ဓါတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးနိုင်မှာ ဖြစ်လို့ ဈေးနှုန်းချိုသာပြီး လုပ်ဆောင်ချက်နှင့် စွမ်းဆောင်ရည်ပိုင်းမှာ အထူးပင် ကောင်းမွန်တဲ့ စမတ်ဖုန်းများပင်ဖြစ်သည်။

Google Android™ Oreo™ System နှင့် TECNO F Series

CAMON F Series စမတ်ဖုန်းများသည် TECNO ၏ အလတ်တန်းစား စမတ်ဖုန်းများဖြစ်ပြီး ကောင်းမွန်သည့် စွမ်းဆောင်ရည်နှင့် memory တို့အပြင့် အဆင့်မြင့် ကင်မရာများ တပ်ဆင်ပေးထားသည်။ TECNO F Series တွင် မျက်နှာပြင်ပြည့် IPS Touchscreen ဖြစ်ပြီး ၊ CAMON F1 နှင့် CAMON F2 တို့တွင် 2MP ရှေ့ဖက် ကင်မရာနှင့် POP1 (F3) စမတ်ဖုန်းတွင်မူ 5MP ရှေ့ဖက် ကင်မရာတို့ တပ်ဆင်ပေးထားသည်။ CAMON F Series စမတ်ဖုန်း အားလုံးတွင် မြင်ကွင်းကျယ် Wide Degree Selfie Panorama လုပ်ဆောင်ချက် ပါဝင်သည့် အတွက် အသုံးပြုသူများအနေဖြင့် စမတ်ဖုန်းကို တစ်ပတ်လှည့်ပြီး ထားပြီး မြင်ကွင်းကျယ် Selfie များကို စိတ်တိုင်းကျ ရိုက်ကူးနိုင်မည် ဖြစ်သည်။
ပိုမိုထူးခြားသည့် အချက်မှာ TECNO F Series ကို Android™ Oreo™ (Go Edition) ထည့်သွင်း ထုတ်လုပ်ထားခြင်းဖြစ်ပြီး သုံးစွဲသူများ အတွက် အောက်ပါ အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါသည် –

– 1GB RAM သာ ပါဝင်သည့် စမတ်ဖုန်းများအတွက် လုပ်ဆောင်ချက်များ လွယ်ကူလျင်မြန်စေသည်။

– တန်ဖိုးနည်း စမတ်ဖုန်းများအတွက် အဓိကထားသည့် တီထွင်ဆန်းသစ်မှုများ ပါဝင်သည့် Google Apps များ ထည့်သွင်းပေးထားသည်။

– သတင်းအချက်အလက် မျှဝေဖြန့်ဖြူးမှုကို ပိုမိုလျင်မြန်လွယ်ကူပြီး လုံခြုံမှုအပိုင်း ပိုမိုကောင်းမွန်လာသည်။

Android ၏ Product Management ဌာန၏ ဒါရိုက်တာဖြစ်သည် Sagar Kamdar က “Android Oreo (Go Edition) ဟာ Google နှင့် Android တို့ရဲ့ မှော်အစွမ်းများကို ပေါင်းစပ်ပြီး စွမ်းဆောင်ရည်နှင့် Memory နိမ့်သည် တန်ဖိုးနည်း စမတ်ဖုန်းများအတွက် အကောင်းဆုံး လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ TRANSSION Group အနေနဲ့ ယင်းတို့ရဲ့ TECNO Mobile စမတ်ဖုန်း မျိုးဆက်သစ်များမှာ Android Oreo (Go Edition) ကို ထည့်သွင်းထုတ်လုပ်ခြင်းဟာ အားလုံးအတွက် စိတ်လှုပ်ရှားစရာပါပဲ။” ဟု ပြောကြားခဲ့သည်။
CAMON F Series စမတ်ဖုန်းများကို ဧပြီလ အတွင်းမှာ အာဖရိကဈေးကွက်တွင်း စတင် ဖြန့်ချိမည်ဖြစ်ပြီး CAMON X နှင့် CAMON X Pro စမတ်ဖုန်းများကို ဧပြီလအကုန်ပိုင်းတွင် ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်အသီးသီးသို့ ဖြန့်ဖြူးရောင်းချ သွားမည်ဖြစ်သည်။

ဆက်စပ်ဆောင်းပါး – ဘေးဘောင်မဲ့ မျက်နှာပြင်ပြည့် စမတ်ဖုန်း CAMON CM

TECNO Mobile အကြောင်း

TECNO Mobile ဆိုတာကတော့ ဟောင်ကောင်ခြေစိုက် Transsion Holdings ၏ ပရီမီယမ် မိုဘိုင်းဖုန်း အမှတ်တံဆိပ်တစ်ခု ဖြစ်သည်။ ၂၀၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အာဖရိက ဈေးကွက်တွင်းမှာ Dual-SIM ဟန်းဆက်များကို ပထမဆုံး ထုတ်လုပ်ရောင်းချ ပေးခဲ့တဲ့ Brand တစ်ခု ဖြစ်သည်။။

လက်ရှိ အချိန်တွင် TECNO ဟာ ၎င်းတို့ရဲ့ထုတ်ကုန်တွေကို နိုင်ငံပေါင်း (၄၀)ကျော်မှာ ဖြန့်ဖြူး ရောင်းချလျက် ရှိနေသည်။ Smartphones ၊ Tablets နှင့် အထူးထုတ် Feature Phones စတဲ့ ထုတ်ကုန်တွေကိုလည်း ချိုသာတဲ့ဈေးနှုုန်းတွေနဲ့ ရောင်းချပေးလျက် ရှိနေသည်။
TECNO ဟာ (၂၀၁၀) ခုနှစ်ဟာ (၂၀၁၆) ခုနှစ်အတွင်း ထုတ်ကုန် (၁၀၀) မီလီယံအထိ အရှိန်အဟုန်ဖြင့် ရောင်းချနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့်ကို လျှင်မြန်စွာ ရောက်ရှိလာတဲ့ အမှတ်တံဆိပ် တစ်ခုဖြစ်ခဲ့သည်။ လက်ရှိ အချိန်၌လည်း အာဖရိကဈေးကွက်ရဲ့ ရောင်းအား အကောင်းဆုံး မိုဘိုင်းဖုန်း အမှတ်တံဆိပ် (၃) ခုထဲ တစ်ခု အပါအဝင်ဖြစ်ပြီး ကမ္ဘာတစ်ဝန်း၌ နာမည်ကောင်း ရနေတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်သည်။ ထို့အပြင် Transsion ၏ After-Sale ဝန်ဆောင်မှုအတွက် လက်ခွဲ အဖွဲ့အစည်းဖြစ်သည့် CarlCare မှ တာဝန်ယူထားပြီး TECNO ထုတ်ကုန်ပစ္စည်း သုံးစွဲသူများအတွက် Service Point ၁၀၀၀ ကျော်ကို အပိုပစ္စည်းနှင့် ပြင်ဆင်မှုဆိုင်ရာ စက်ရုံ (၄) ရုံ၏ အကူအညီဖြင့့် ပြိုင်စံရှားသည့် ဝန်ဆောင်မှုများကို ပေးအပ်လျက် ရှိနေပါသည်။

အသေးစိတ်အချက် အလက်များ သိရှိလိုပါက –
Website: http://www.tecno-mobile.com
Facebook: https://web.facebook.com/TECNOMobileMyanmar/

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top