You are here
Home > PC & Mobile > Android > ဘေးဘောင်မဲ့ မျက်နှာပြင်ပြည့် စမတ်ဖုန်း CAMON CM

ဘေးဘောင်မဲ့ မျက်နှာပြင်ပြည့် စမတ်ဖုန်း CAMON CM

ဘေးဘောင်မဲ့ မျက်နှာပြင်ပြည့် စမတ်ဖုန်း CAMON CM နှင့်အတူ ပိုမို ထူးခြားကောင်းမွန်သော အတွေ့အကြုံများကို ယူဆောင်လာသည့် TECNO Mobile

မျက်မှောက်ခေတ် ဈေးကွက်တွင်းမှာ စမတ်ဖုန်းများ မရေမတွက်နိုင်အောင် များပြားနေသော်လည်း အချို့သော စမတ်ဖုန်းများကတော့ “Smartphone” ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လိုက်လျောညီထွေရှိတဲ့ ဒီဇိုင်းပိုင်း၊ စွမ်းဆောင်ရည်ပိုင်း၊ လုပ်ဆောင်ချက်ပိုင်းတို့မှာ သာမန်ထက်ကို ပိုမိုထူးခြား ကောင်းမွန်နေပါတယ်။

အခုဆိုရင် TECNO Mobile မှ နောက်ဆုံး ထွက်ရှိလာတဲ့ ဘေးဘောင်မဲ့ မျက်နှာပြင်ပြည့် (Bazel-Less Full-Screen) စမတ်ဖုန်းဖြစ်တဲ့ CAMON CM ရဲ့ သတင်းဟာ ပြည်တွင်းဈေးကွက်မှာ လျင်မြန်စွာ ပြန့်နှံ့နေပါတယ်။

Split Screen

CAMON CM ရဲ့ ၅.၇ လက်မ အရွယ် မျက်နှာပြင်ဟာဆိုရင် အလွန်ထူးခြား ကောင်းမွန်ပြီး သုံးစွဲသူများအတွက် အသုံးပြုရလွယ်ကူစေမယ့် (1:1) Split-screen လုပ်ဆောင်ချက် တစ်ခုလည်း ထည့်သွင်းပေးထားပါတယ်။

ဒါဟာ ဖုန်းရဲ့ မျက်နှာပြင်ကို (၂) ပိုင်းခွဲပြီး သုံးစွဲနိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်တာကြောင့် သုံးစွဲသူများ အနေနဲ့ ဗီဒီယိုကြည့်ရင်းမှာ SMS ပို့နိုင်သလို၊ Facebook သုံးနေစွဲမှာ Email ပေးပို့ခြင်း စသည်တို့ကို တစ်ချိန်တည်း တစ်ပြိုင်တည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ CAMON CM ၏ (1:1) Split-screen လုပ်ဆောင်ချက်ကို သုံးစွဲသူအများစု အနေနဲ့ ချက်ခြင်း သတိမထားမိသော်လည်း သုံးစွဲပြီးသည့် အခါမှာတော့ အလွန်အသုံးဝင်တဲ့ လုပ်ဆောင်ချက် တစ်ခုဖြစ်တယ်ဆိုတာကို လက်ခံသွားကြမှာ အသေအချာပါပဲ။

CAMON CM ရဲ့ ကြီးမားကျယ်ပြန့်ပြီး ပုံထွက်နှုန်း အထူးကောင်းမွန်တဲ့ ၅.၇ လက်မ မျက်နှာပြင်ဟာဆိုရင် ပုံထွက်နှုန်း 720p HD ရှိပြီး ဗီဒီယိုကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ စာရိုက်စာပို့ခြင်း တို့အတွက် ထူးခြားကောင်းမွန်သော အတွေ့အကြုံတွေ ပေးနိုင်ပါတယ်။

Camera

CAMON CM ရဲ့ နောက်ထပ် ထူးခြားချက်ကတော့ ကင်မရာပိုင်းဆိုင်ရာ လုပ်ဆောင်ချက်နဲ့ စွမ်းဆောင်ရည်များပဲ ဖြစ်ပါတယ်။ 13MP အသီးသီး ပုံထွက်နှုန်းရှိတဲ့ နောက်ဖက် ပင်မကင်မရာနဲ့ ရှေ့ဖက် Selfie ကင်မရာများဟာ ထူးခြားကောင်းမွန်ပြီး အရောင်အသွေး စိုပြေလှပတဲ့ Selfie ဓာတ်ပုံများ၊ အလှဓာတ်ပုံများ ရရှိစေဖို့ ဆောင်ရွက်ပေးနိုင်သလို အထူးတောက်ပတဲ့ Flash ၄ လုံးတပ် Mix-Flash နည်းပညာနဲ့ Night Shot Algorithm နည်းပညာတွေ ပါဝင်သည့်အတွက် အလင်းရောင်နည်းပါးချိန် ရိုက်ကူးမှုအတွက်လည်း အထူးကောင်းမွန်တဲ့ စမတ်ဖုန်းပဲ ဖြစ်ပါတယ်။

2.5D Corning မှန်သား မျက်နှာပြင်

စမတ်ဖုန်း တစ်လုံးဟာ လုပ်ဆောင်ချက်တွေ ဘယ်လိုပဲ ထူးခြားပါစေ၊ စွမ်းဆောင်ရည်ပိုင်း ဘယ်လိုပဲ ကောင်းမွန်နေပါစေ ကြံ့ခိုင်ကောင်းမွန်တဲ့ ကိုယ်ထည်နဲ့ ပုံစံဒီဇိုင်း မပါရှိဘူးဆိုရင်လည်း အဆင့်မြင့် စမတ်ဖုန်းစာရင်း ဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း TECNO Mobile အနေနဲ့ CAMON CM စမတ်ဖုန်းကို ဆွဲဆောင်မှုရှိပြီး လှပသေသပ်သည့် ကိုယ်ထည်၊ အထူးကြံ့ခိုင်ပြီး ရင်သပ်ရှုမောဖွယ် ကောင်းတဲ့ တတိယမျိုးဆက် 2.5D Corning မှန်သား မျက်နှာပြင်တို့ကို တပ်ဆင်ပေးထားလို့ သုံးစွဲသူများအနေဖြင့် ရုပ်ထွက်ပိုမိုကောင်းမွန်ခြင်း၊ ထိတွေ့မှုလွယ်ကူမြန်ဆန်ခြင်း၊ စမတ်ဖုန်းမျက်နှာပြင် အက်ကွဲမှုနည်းပါးခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မှာ ဖြစ်ပါတယ်။

System

CAMON CM စမတ်ဖုန်းရဲ့ စွမ်းဆောင်ရည် အပိုင်းကလည်း တန်းတူစမတ်ဖုန်းများနဲ့ ထပ်တိုက်ရင်ဆိုင်နိုင်တဲ့ အနေအထား ရှိနေပါတယ်။ 1.3 GHz ပရော်ဆက်ဆာ၊ 3GB RAM နဲ့ 32GB သိုမှီးမှုပမာဏတို့ ပါရှိပြီး 3000mAh အား ဘက်ထရီ တပ်ဆင်ပေးထားပါတယ်။

Color and Price

ပြည်တွင်း ဈေးကွက်မှ သုံးစွဲသူများ အနှစ်သက်ဆုံး ဖြစ်မယ့် အရာကတော့ CAMON CM ရဲ့ ဈေးနှုန်းပဲ ဖြစ်ပါတယ်။ City Blue (အထူးထုတ် မန်ချက်စတာ စီးတီး အပြာ)၊ Midnight Black (အနက်) နှင့် Champagne Gold (ရွှေရောင်) စသည့် အရောင် (၃)မျိုး ဖြင့် ထုတ်လုပ်ထားတဲ့ TECNO Mobile ရဲ့ နောက်ဆုံးထုတ် CAMON CM စမတ်ဖုန်းကို ဈေးကွက်ထဲမှာ ကျပ် ၁၉၉၀၀၀ နှုန်းဖြင့် ရောင်းချပေးလျက် ရှိနေပါတယ်။

TECNO Mobile အကြောင်း

TECNO Mobile ဆိုတာကတော့ ဟောင်ကောင်ခြေစိုက် Transsion Holdings ၏ ပရီမီယမ် မိုဘိုင်းဖုန်း အမှတ်တံဆိပ်တစ်ခု ဖြစ်သည်။ ၂၀၀၆ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး အာဖရိက ဈေးကွက်တွင်းမှာ Dual-SIM ဟန်းဆက်များကို ပထမဆုံး ထုတ်လုပ်ရောင်းချ ပေးခဲ့တဲ့ Brand တစ်ခု ဖြစ်သည်။ လက်ရှိ အချိန်တွင် TECNO ထုတ်ကုန်တွေကို နိုင်ငံပေါင်း (၄၀)ကျော်မှာ ဖြန့်ဖြူး ရောင်းချလျက် ရှိနေပြီး Smartphones ၊ Tablets နှင့် အထူးထုတ် Feature Phones စတဲ့ ထုတ်ကုန်တွေကိုလည်း ချိုသာတဲ့ဈေးနှုုန်းတွေနဲ့ ရောင်းချပေးနေပါသည်။ TECNO ဟာ (၂၀၁၀) ခုနှစ်ကနေ (၂၀၁၆) ခုနှစ်အတွင်း ထုတ်ကုန် (၁၀၀) မီလီယံအထိ အရှိန်အဟုန်ဖြင့် ရောင်းချနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့်ကို လျှင်မြန်စွာ ရောက်ရှိလာတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ခဲ့သည်။ လက်ရှိအချိန်၌လည်း အာဖရိ ကဈေးကွက်ရဲ့ ရောင်းအား အကောင်းဆုံး မိုဘိုင်းဖုန်း အမှတ်တံဆိပ် (၃) ခုထဲ တစ်ခု အပါအဝင်ဖြစ်ပြီး ကမ္ဘာတစ်ဝန်း၌ နာမည်ကောင်း ရနေတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်သည်။ထို့အပြင် Transsion ၏ After-Sale ဝန်ဆောင်မှုအတွက် လက်ခွဲ အဖွဲ့အစည်းဖြစ်သည့် CarlCare မှ တာဝန်ယူထားပြီး TECNO ထုတ်ကုန်ပစ္စည်း သုံးစွဲသူများအတွက် Service Point ၁၀၀၀ ကျော်ကို အပိုပစ္စည်းနှင့် ပြင်ဆင်မှုဆိုင်ရာ စက်ရုံ (၄) ရုံ၏ အကူအညီဖြင့့် ပြိုင်စံရှားသည့် ဝန်ဆောင်မှုများကို ပေးအပ်လျက် ရှိနေပါသည်။

အသေးစိတ်အချက် အလက်များ သိရှိလိုပါက –

Website: http://www.tecno-mobile.com

Facebook: https://web.facebook.com/TECNOMobileMyanmar/

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top