You are here
Home > Lifestyle > Social Media > Facebook Messenger မှ Hello Cabs Taxi ကို ခေါ်နိုင်ပြီ

Facebook Messenger မှ Hello Cabs Taxi ကို ခေါ်နိုင်ပြီ

Hello Cabs မှ ၎င်းတို့ရဲ့ Taxi ဝန်ဆောင်မှုကို အလွယ်ကူဆုံးနှင့် အသက်သာဆုံးဖြစ်စေရန် Facebook messenger မှတဆင့် ခေါ်ယူနိုင်ပြီလို့ Hello Cabs ရဲ့ Official Facebook စာမျက်နှာမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

Hello Cabs မှ ခရီးသည်များ ပိုမိုလွယ်ကူစေရန်အတွက် Facebook Messenger ကနေတဆင့် တက္ကဆီ ခေါ်လို့ရပြီနော်…….

ရိုးရိုးရှင်းရှင်း အဆင့် (၄) ဆင့်နဲ့ စတင်ငှားရမ်းနိုင်ပါပြီ…

၁. မိုဘိုင်းလ်ဖုန်းထဲမှ Facebook Messenger ကိုဖွင့်လိုက်ပါ။

၂. Messenger ရဲ့ Search Bar မှာ @hellocabsmyanmar လို့ ရိုက်လိုက်ပါ။
Hello Cabs Logo ပုံလေးနဲ့တက်လာပါလိမ့်မယ်။ အဲ့ဒါကို တစ်ချက်နှိပ်လိုက်ပါ။

၃. စတင် အသုံးပြုတဲ့သူတွေအတွက် Start ကိုထပ်နှိပ်လိုက်ပါ။

၄. Hello ရဲ့ အလိုအလျောက်ဖြေကြားသောစနစ်မှတဆင့် လူကြီးမင်း၏ ခရီးစဉ်အချက်အလက်များကို ထည့်သွင်းခြင်းဖြင့် Hello တက္ကဆီကို ငှားလို့ရပြီနော်……..

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top