Buying GuidesFinanceiPhone & iPad

KBZ Bank အကောင့်တွင် ဝယ်ယူမည့် iPhone 7 နှင့် 7 Plus တန်ဖိုး ငွေပမာဏရှိပါက အရစ်ကျဝယ်နိုင်

0
KBZ Bank အကောင့်တွင် ဝယ်ယူမည့် iPhone 7 နှင့် 7 Plus တန်ဖိုး ငွေပမာဏရှိပါက အရစ်ကျဝယ်နိုင်

ကမ္ဘောဇဘဏ် ဖြင့် ပူးပေါင်းပြီး mDrive (Apple Authorised Reseller) နှင့် Telenor တို့မှ iPhone 7 နှင့် iPhone 7 Plus များကို Hire Purchase (H.P) စနစ်ဖြင့် (၉.၁၁.၂၀၁၆)မှ စတင်၍ ရောင်းချသွားမည်ဖြစ်ပါသည်။

အရစ်ကျ ဝယ်ယူရန် လိုအပ်ချက်များ

ကမ္ဘောဇဘဏ်တွင် အပ်ငွေစာရင်း (Current A/C, Saving A/C, Call A/C) တစ်ခုခုရှိပြီး ဝယ်ယူမည့် ဖုန်းတန်ဖိုးနှင့် ညီမျှသော စုငွေပမာဏရှိသူတိုင်း iPhone 7 နှင့် iPhone 7 Plus တို့ကို (၆)လ (သို့မဟုတ်) (၁၂)လ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ပါပြီ။ ဆိုလိုတာသည်မှာ KBZ bank အကောင့်ထဲမှာ ဖုန်းတန်ဖိုးငွေ ပမာဏစပေါ်အနေနဲ့ ရှိနေရမှာ ဖြစ်ပါသည်။

အတိုးနှုန်း

(၆)လ အရစ်ကျဝယ်မည်ဆိုပါက ငှားရမ်းခ(၃)%၊ ဝန်ဆောင်ခ(၁)%၊
(၁၂)လ အရစ်ကျဝယ်မည်ဆိုပါက ငှားရမ်းခ(၅)%၊ ဝန်ဆောင်ခ(၁)% ကျသင့်မည်ဖြစ်ပါသည်။

ဥပမာအားဖြင့်

I Phone 7 Plus 32 GB ၏တန်ဖိုးမှာ (1,262,000) ကျပ်အတွက်
Rental Fees – 63,100
Service Charges – 12,620
တစ်လချင်းပေးသွင်းရမည့်ငွေ – 105,166.66 ဖြစ်ပါသည်။


I Phone 7 Plus 128GB ၏တန်ဖိုးမှာ (1,420,000) ဖြစ်ပါသည်။
Rental Fees – 71,000
Service Charges – 14,200
တစ်လချင်းပေးသွင်းရမည့်ငွေပမာဏ – 118,333.33 ဖြစ်ပါသည်။

ဆက်သွယ်ဝယ်ယူနိုင်သည့် နေရာများ

အသေးစိတ်အချက်အလက်များ၊ ဝယ်ယူမည့်ဖုန်း အရောင်နှင့်အမျိုးအစားများအား အောက်ပါဆိုင်များတွင် စုံစမ်းမေးမြန်းနိုင်ပါသည်-
(၁) Myanmar Plaza ဒုတိယထပ်၊ တယ်လီနောအရောင်းဆိုင်၊ ရန်ကုန်မြို့။
(၂) mDrive၊ Junction Center Maw Tin မြေညီထပ်၊ ရန်ကုန်မြို့။ Hot Line – 09-73322999, 09-450047999။
(၃) တယ်လီနောအရောင်းဆိုင်၊ အမှတ် ၂၂၁/၂၂၃ အနော်ရထာလမ်း နှင့် ၁၁ လမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
(၄) တယ်လီနောအရောင်းဆိုင်၊ အမှတ် ၇၁၊ ၇၃ လမ်းနှင့် လမ်း ၃၀ ထောင့်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့ များသို့ ဦးစွာဆက်သွယ်မေးမြန်းပြီး ကမ္ဘောဇဘဏ်ခွဲများတွင် စာရင်းသွင်းဝယ်ယူလိုက်ပါ။

KBZ Bank Facebook page မှ ကိုးကားဖော်ပြသည်။

iPhone 7/ 7 Plus ကိုအရစ်ကျပေးပြီးဝယ်ယူနိုင်ရန် AYA Credit Card (FREE) အခမဲ့လျှောက်ထားနိုင်

Previous article

တယ်လီနော မှ My Tune ဝန်ဆောင်မှု ရယူ အသုံးပြုနည်း

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.