You are here
Home > Lifestyle > Gaming > Tower ချိုးပါ

Tower ချိုးပါ

First Tower ကို ချိုး
ပြီးရင် Second Tower ကို ထပ်ချိုးပါ။
ပြီးရင် Third Tower ကို ချိုးပါ။
ပြီးရင် Throne Tower ကို ထပ်ချိုးပါ။
ပြီးရင် Tower နဲ့ ခပ်ဆင်ဆင်တူတဲ့ Throne ကြီးကို ချိုးပါ။

ရုတ်တရက် ဖတ်ကြည့်ရင်တော့ ဘာမှ မထူးခြားတဲ့ ကိစ္စလေး တစ်ခုကို ရေးကြီးခွင်ကျယ်ပြောနေသယောင် ထင်ရပါလိမ့်မယ်။ တကယ်တော့ Professional အဆင့်သာမကဘဲ နေ့စဉ်ကစားနေတဲ့ Public Match တွေ အားလုံးမှာ အရေးအကြီးဆုံး ကိစ္စတစ်ခုဖြစ်ပါတယ်။ ရိုးရှင်းတဲ့ အနှစ်သာရတွေဟာ Tower ချိုးခြင်းမှာ ရှိနေပါတယ်။ တက်နိုင်သလောက် လမ်းတိုးပါ။ Tower ချိုးပါ။ အသင်းတစ်သင်းရဲ့ အနိုင်အရှုံးဟာ Tower တစ်လုံးချင်းစီ အပေါ်မှာ အများကြီး မူတည်နေပါတယ်။

5k MMR မတိုင်ခင်အထိ ကစားသမားအားလုံးနီးပါးက ပျော်ချင်တဲ့သူတွေ များပါတယ်။ တကယ်တော့ လမ်းဘယ်လို တိုးရမလဲ မသိကြတာပါ။ တစ်ဖက်အသင်းက Hard Carry တွေပါနေလို့ ကိုယ့်အသင်းရဲ့ Ganker တွေက ပွဲအစောပိုင်းမှာ အသာစီးရနေတာကို လမ်းတိုးရကောင်းမှန်းမသိဘဲ ပျော်နေလေ့ရှိတဲ့ ကစားသမားတွေများပါတယ်။ ဒါကြောင့် သင်က +25 MMR လိုချင်တာဆိုရင် လမ်းတိုးပါ။ တိုးနိုင်သမျှ တိုးပါ။ (ဒါကြောင့် Under 3k MMR မှာ Pusher တွေနဲ့ ကစားဖို့ အကြံပြုရခြင်းလည်းဖြစ်ပါတယ်။)

Tower တစ်လုံးဟာ ပွဲအခြေအနေများစွာကိုဖြစ်ပေါ်နိုင်ပါတယ်။ ဥပမာ သင်က Dire အခြမ်းဆိုပါစို့။ Dire Team ရဲ့ Safe Lane Tower (Top Tower) ရှိနေသေးရင် သင်က 30 seconds တိုင်းမှာ တစ်ခါတိုက်တဲ့ မြေပုံထောင့်က Creep ၂ အုတ်စုံတဲ့နေရာမှာ Tower ကို ကျောပေးပြီး စိတ်ချလက်ချ Creep စားနိုင်ပါတယ်။

Tower ရှိနေတဲ့အတွက် အဆိုပါ Tower ရဲ့ တောင်ဘက်ခြမ်းက Small Camp နဲ့ Large Camp ကိုလည်း စားနိုင်ပါသေးတယ်။
Tower ရှိတဲ့အတွက် သင်တစ်ခုခုဖြစ်ရင် Town Portal သုံးပြီး သင့်အသင်းသားတွေ ခုန်ချလာနိုင်ပါတယ်။
Tower ရှိတဲ့အတွက် Invisible Ganker တွေ အန ္တရာယ်ကနေ ကာကွယ်နိုင်ပါတယ်။

တကယ်လို့ အဲ့ဒီ့ 1st Tower သာ မရှိတော့ရင်

အဆိုပါ Camp ၂ ခုကို စားဖို့ ကျောမလုံတော့ပါဘူး။
သင့်ကို လာကယ်မယ့် Ally တွေလည်း ချက်ချင်းမရောက်နိုင်တော့ပါဘူး။
အခန့်မသင့်လို့ တစ်ယောက်တည်းစားနေတုန်း သေသွားရင် ဘာလို့ တစ်ယောက်တည်းသွားလို့ Blame တောင် ခံရနိုင်ပါသေးတယ်။
သင့်ရဲ့ Dire Jungle မှာ စားလို့ရတဲ့ Creep Camp ၅ ခုမှာ ၂ ခုက စိတ်မချရတဲံ အခြေအနေကို ရောက်သွားပါလိမ့်မယ်။

Dire Top Lane 2nd Tower မရှိတော့ရင်

သင့်ရဲ့ Dire Jungle တစ်ခုလုံးဟာ စိတ်ချရတဲ့ အခြေအနေမှာ မရှိတော့ပါဘူး။ ဘယ်လောက်ပဲ Ob, Sentry တွေထောင်ထားပါစေ။ သင့်အနားမှာ Hero ၂ ကောင်၊ ၃ ကောင်က အချိန်တိုင်းစောင့်ပေး မနေနိုင်တဲ့အတွက် Dire Jungle ရဲ့ Camp ၅ ခုစလုံးကို အချိန်ပြည့် စားဖို့ မလွယ်တော့ပါဘူး။ ကိုယ့် Ally Support တွေကလည်း Carry အတွက် Neutral Creep Camp ကို Stack ပေးဖို့ မလွယ်တော့သလို Stack ထားရင်လည်း တစ်ဖက်က စားသွားနိုင်ပါတယ်။

Dire Bottom Lane နဲ့ Mid Lane တို့ရဲ့ 1st Tower တွေ မရှိတော့ရင်

Roshan ကုန်း နဲ့ Ancient Creep Stack ကလည်း မသေချာတော့ပါဘူး။ လမ်းပေါ်မှာ Ob ထောင်ထားပြီး Vision ယူခြင်းကလည်း Lane Defence ဖို့ထက် မပိုပါဘူး။

Dire Bottom And Mid ရဲ့ 2nd Tower တွေ မရှိတော့ရင် Secret Shop ကို Item ဝယ်ဖို့တောင် စိတ်မချရတော့ပါဘူး။ သေချာတာကတော့

ဒါက Dire ခြမ်းရဲ့ Tower ၆ လုံးမရှိတော့တဲ့ အခြေအနေပါ။ Radiant အခြမ်းမှာလည်း အပေါ်က သာဓက ကိုကြည့်ပြီး ကိုယ့်ဘာသာ စဉ်းစားကြည့် နိုင်ပါတယ်။ Tower မရှိခြင်းက Ally Hero တွေရဲ့ Reinforcement မရောက်လာနိုင်တဲ့ အကြီးမားဆုံး အားနည်းချက်ကြီးဖြစ်တာကို သတိပြုရပါမယ်။ Neutral Creep, Lane Creep ကနေ ရရှိမယ့် Farming ပမာဏတွေ အားလုံး ကျဆင်းသွားပါလိမ့်မယ်။

ဒါကြောင့် Map Control ကို အကောင်းဆုံးရဖို့ Tower ချိုးပါ။ ကိုယ်က 5 Man Party မဟုတ်ဘဲ Solo ဆော့တဲ့ အခါမှာ Tower ချိုးဖို့ကို သတိပြုသင့်ပါတယ်။ Tower ချိုးခြင်းဟာ အကောင်းဆုံး ကစားကွက်တွေထဲက တစ်ခုဖြစ်ပါတယ်။

Counter

ဒါပေမယ့် သတိထားရမယ့် တစ်ချက်တော့ရှိပါသေးတယ်။ တကယ်လို့ ကိုယ့်အသင်းဘက်က Am, Medusa, Spectre တို့လို Hard Carry ကြမ်းကြမ်းတွေ ပါမယ်ဆိုရင်တော့ Aggressive Pushing ကို လိုတာထက် ပိုပြီး လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ရမယ့်အချက်ပါ။ တစ်ဖက်က ပွဲအစောပိုင်းမှာ အလုပ်ဖြစ်တဲ့ Ganker တွေ အရမ်းများနေတဲ့အခါမှာ မသေချာပဲ လမ်းမတိုးမိဖို့ လိုပါတယ်။ ဆိုလိုတာက တစ်ဖက်က Hero ၂ ကောင်၊ သို့မဟုတ် ၃ ကောင်လောက် ကျနေတဲ့ အခြေအနေမျိူးမှာမှ Tower ကို အသည်းအသန်ချိုးပေးသင့်ပါတယ်။ သင့်ရဲ့ Hard Carry က အချိန်ပြည့် Team Fight မကူပေးနိုင်သေးတဲ့အခြေအနေမှာ 4 vs 5, 3 vs 4 လိုမျိူး နိုင်ဖို့မသေချာတဲ့ Team Fight တွေ လုပ်မယ့်အစား ကိုယ့် Tower မကျိုးအောင် ထိန်းပြီး ဆော့ကစားသင့်ပါတယ်။

အနှစ်ချူပ်ကတော့

Enemy Tower ချိုးဖို့ အခြေအနေပေးရင် အစွမ်းကုန်ချိုးပါ။
မသေချာတဲ့ Team Fight ကို ရှောင်ပြီး မိမိ Tower ကိုလည်း မကျိူးအောင် Lane Defence ကို အာရုံစိုက်ပါ။

ဒီ သုံးသပ်မှုက Public Match တွေမှာတော့ ထိရောက်ဖို့ ခက်ခဲပါတယ်။ တက်နိုင်သလောက် Tower ချိုးရင် အပေါ်က ပြောထားသလို အားသာချက်တွေ ရှိတာကတော့ သေချာပါတယ်။ မိမိက Team တစ်ခုနဲ့ ဆော့နေတဲ့ ကစားသမားဖြစ်မယ်ဆိုရင် ဘယ်လို Hero တွေ ထုတ်ပြီး Tower ကို ဘယ်လိုချိုးမလဲ၊ Leader ရဲ့ စကားတစ်ခွန်းနဲ့ Tower ဘယ်လိုချိုးမလဲ ဆိုတဲ့အချက်ကိုတော့ အလေးထားပြီး လေ့ကျင့်သင့်ပါတယ်။

Dota ရဲ့ အဓိက အနှစ်သာရက တစ်ဖက်အသင်းရဲ့ Throne ကို ချိုးဖို့ဖြစ်ပါတယ်။ သင်ဘယ်လောက် ကြမ်းကြမ်း ပွဲရှုံးရင် အလကားပဲ ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ Comeback Is Real ဆိုတဲ့ Dota ဆောင်ပုဒ်တစ်ခုကိုလည်း မေ့မထားသင့်ပါဘူး။ ဒါကြောင့် ပျော်တဲ့ အကျင့်လေးတွေကို ဖျောက်ပြီး တက်နိုင်သလောက်

First Tower ကို ချိုးပါ။
ပြီးရင် Second Tower ကို ထပ်ချိုးပါ။
ပြီးရင် Third Tower ကို ချိုးပါ။
ပြီးရင် Throne Tower ကို ထပ်ချိုးပါ။
ပြီးရင် Tower နဲ့ ခပ်ဆင်ဆင်တူတဲ့ Throne ကြီးကို ချိုးပါ။

(p.s. only for pub games)

yahooyeeha

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top