Windows

Windows အတွက် မရှိမဖြစ်လိုအပ်သော System Tool များ

0
Windows အတွက် မရှိမဖြစ်လိုအပ်သော System Tool များ

ကျွန်တော် Windows မှာ System နဲ့ ပတ်သက်ပြီးလိုအပ်တဲ့ Application software နည်းနည်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Application software တွေကို ကျွန်တော်လက်ရှိသုံးနေပါတယ်။ မိတ်မဆက်ပေးခင်တော့ ဘာကြောင့် သုံးသင့်တယ်ဆိုတာကို ကျွန်တော် ဗဟုသုတအနေနဲ့ ရေးပေးသွားမှာပါ။

Registry ၏ အရေးပါပုံ

ကျွန်တော်တို့ End user တွေအသုံးများတဲ့ Windows OS (Operating System) မှာ တည်ဆောက်မှုအရ Registry နဲ့ အဓိက အလုပ်လုပ်ပါတယ်။ Registry ဟာ Windows OS မှာ အရမ်းကို အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်လို့ရပါတယ်။ Windows OS တစ်ခုလုံး Registry ကို မှီခိုပြီးတော့ အလုပ်လုပ်ပါတယ်။ Windows OS တစ်ခုလုံးရဲ့ Database လို့လည်း သတ်မှတ်နိုင်ပါတယ်။ ဘာလုပ်လုပ် Registry နဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ဒါကြောင့် Registry လျင်မြန်စွာ အလုပ်လုပ်နိုင်ဖို့နဲ့ Operating System (OS) လျင်မြန်ဖို့ဟာ Registry ပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ Registry ကို သန့်ရှင်းပေးမယ့် (Cleaner) Tools program တွေ အသုံးပြုဖို့ လိုအပ်ပါတယ်။

Hard Disk Drive ၏ အရေးပါပုံ

ကျွန်တော်တို့ရဲ့ အချက်အလက် (Data) တွေကို Hard Disk Drive (HDD) ပေါ်မှာ သိမ်းကြရပါတယ်။ အဲဒီအခါမှာ ကျွန်တော်တို့ အချက်အလက် တွေကို ခေါ်ကြည့်ပြီဆိုရင် (သို့မဟုတ်) Application Software တစ်ခုခုကို အလုပ်လုပ်ခိုင်းပြီဆိုရင် အချက်အလက်တွေ အကုန်လုံးက HDD ထဲမှာ သိမ်းထားတဲ့အတွက် HDD ရဲ့ မြန်နှုန်းကလည်းပဲ အရေးပါ ပါတယ်။ HDD မြန်နှုန်းတွေကို RPM နဲ့ သတ်မှတ်ပါတယ်။ ကွန်ပျူတာ တစ်လုံးဆင်တော့မယ် သို့မဟုတ် HDD အသစ်ဝယ်တော့မယ်ဆိုရင် HDD မြန်နှုန်းကောင်းတာတွေ (RPM များတာကို) ဝယ်သင့်ပါတယ်။ ပြီးတော့ ကျွန်တော် အချက်အလက်သိမ်းတဲ့အခါ အစီစဉ်အတိုင်း ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ အဲဒီလို အစီအစဉ်မကျမှုတွေ ဖြစ်ရင် HDD က ရှာဖွေပေးရတဲ့ အချိန်တွေဟာ ကြာမြင့်တတ်သလို ကြာလာရင် HDD ရဲ့ စွမ်းဆောင်ရည်ကိုလည်းပဲ ထိခိုက်လာစေမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ HDD အတွက် အချက်အလက်တွေကို စနစ်တကျဖြစ်အောင် နေရာချပေးရပါတယ်။ ဒီ Tools program ကတော့ Windows မှာ ပါလာပြီးသားဖြစ်ပေမယ့် ကျွန်တော်တို့ သိပ်မသုံးဖြစ်ပါဘူး။ တစ်နှစ်လောက်နေမှ တခါသာ HDD ကို ပြန်လည် စနစ်တကျဖြစ်အောင် ပြန်လည်နေရာချပေးမယ်ဆိုရင်တော့ အချိန်တော်တော်ပေးပြီး စနစ်တကျဖြစ်အောင် ပြန်စီပေးရမှာဖြစ်ပါတယ်။ အဲဒီအတွက် အလိုအလျောက် စနစ်တကျ နေရာချပေးမယ့်  Tools program တွေ အသုံးပြုနိုင်ပါတယ်။ ခုနောက်ပိုင်းထွက်တဲ့ SSD တွေမှာတော့ မလိုတော့ပါဘူး။

Windows System အတွက် မရှိမဖြစ်လိုအပ်တဲ့ Software ၃ ခု

အောက်မှာ ကျွန်တော်ကြိုက်တဲ့ လက်ရှိ အသုံးပြုနေသော Software ၃ ခုကို ဖေါ်ပြပေးလိုက်ပါတယ်။ Ccleaner နဲ့ Auslogics BoostSpeed က သိပ်မကွာပေမယ့် အချို့ အသုံးတည့်တဲ့ Feature တွေက Ccleaner မှာ မရှိသလို Auslogics BoostSpeed မရှိတဲ့ Feature တွေကလည်း Ccleaner မှာ ရှိနေတဲ့အတွက် အဲဒီနှစ်ခုကို တွဲသုံးမယ်ဆိုရင် အရမ်းကိုလျင်မြန်ကောင်းမွန်တဲ့ PC တစ်လုံးအဖြစ် စွမ်းဆောင်ပေးမှာ ဖြစ်ပါတယ်။ အဲဒါတွေနဲ့ O&O Defrag ကို တင်သုံးပြီး အလိုအလျောက်စနစ်နဲ့ Defrag ကို ပြုလုပ်ထားမယ်ဆိုရင်တော့ ပြောဖွယ်ရာ မရှိတော့ပါဘူး။ သင့် PC ဟာ အရမ်းကို ကျန်းမာရေးကောင်းမွန်တဲ့ PC တစ်လုံးဖြစ်သွားမယ်ဆိုတာ ကျွန်တော် အာမခံပါတယ်။

Ccleaner

Ccleaner

Ccleaner

Auslogics BoostSpeed

Auslogic BoostSpeed

Auslogic BoostSpeed

O&O Defrag

O&O Defrag

O&O Defrag

 

စမတ်ဖုန်း ပေါက်ကွဲမှု တွေ မဖြစ်အောင် ရှောင်ကြဉ်သင့်တဲ့ အချက်များ

Previous article

Huawei ရဲ့စမတ်ဖုန်းအသစ် Huawei Mate 9 ကိုမိတ်ဆက်ပြသ

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Windows