LifestyleProduct Reviews

Beats က အသစ်ထပ်မံမိတ်ဆက်လိုက်တဲ့ Powerbeats Pro

0

Beats လို့ပြောလိုက်တာနဲ့ နားကြပ်ထဲမှာဈေးကြီးပြီး အသံထွက်လည်း ကောင်းတယ်ဆိုတာ လူတိုင်းသိပြီးသား ဖြစ်မှာပါ။ Beats က နားကြပ်သာမက အရည်အသွေးကောင်းတဲ့ speakers နဲ့ Headphones တွေကြောင့်လည်း နာမည်ကြီးပါတယ်။ အထူးသဖြင့် musicians တွေကြားမှာ တော်တော်လေး popular ဖြစ်တဲ့ brand တစ်ခုပါ။ Apple က Airpod ကို ယှဉ်နိုင်တဲ့ earphones companies က နည်းပါတယ်။ Beats ကို အမေရိကန် Rapper အဆိုတော်တစ်ယောက်ဖြစ်တဲ့ Dr.Dre က စတင်တည်ထောင်ခဲ့ပြီး ၂၀၁၄ခုနှစ် မေလ ၈ရက်နေ့မှာ Apple က အပိုင်ဝယ်လိုက်ပါတယ်။ နောက်ပိုင်းမှာ တစ်ကမ္ဘာလုံးက Apple Store မှာ Beats နားကြပ်တွေက မပါမဖြစ်ပါလာပါတယ်။


Beats ရဲ့အရည်အသွေးက iPhone နားကြပ်အရည်အသွေးတွေနဲ့ ယှဉ်လို့ရပါတယ်။
Airpod ထွက်ပြီး မကြာသေးမီမှာပင် Beats တံဆိပ်နဲ့ Powerbeats Pro ကို ထပ်မိတ်ဆက်လိုက်ပါတယ်။ Size အပိုင်းနဲ့စပြောရရင် Airpod ထက်ကို size ကြီးပါတယ်။ နားမှာ ချိတ်လို့ရတဲ့အတွက် တော်ရုံလှူပ်ရှားမှူကတော့ Beats က စာမဖွဲ့ပါဘူး။ ရေစိမ်ခံတော့ မဟုတ်ပေမယ့် ချွေးနဲ့မိုးဒဏ်ကိုတော့ ကောင်းကောင်းခံနိုင်ပါတယ်။ Powerbeats Pro ရဲ့အားကလည်း Airpods ထက် အကြာကြီးပိုခံပါတယ်။ Airpods ငါးနာရီခံတဲ့နေရာမှာ Powerbeats က ၉နာရီလောက်ခံပါတယ်။


Airpods အတိုင်း iPhone နဲ့လုပ်ဆောင်ချက်တွေအကုန် တူတူလုပ်လို့ရတဲ့အပြင် Android User တွေနဲ့လည်း အဆင်ပြေပါတယ်။ ဒါ့အပြင် နားကြပ်နှစ်ဖက်လုံးမှာ microphone ပါတဲ့အတွက် ဖုန်းပြောတဲ့နေရာမှာလည်း အဆင်ပြေပါတယ်။ အားသွင်းကြိုးက အစ iPhone အားသွင်းကြိုးနဲ့ သွင်းရတာကြောင့် iPhone user တွေအတွက်တော့ တော်တော်လေး အဆင်ပြေပါတယ်။

နောက်ဆုံး ဈေးနှူန်းအရ ပြောရမယ်ဆိုရင် Airpods ထက် ဒေါ်လာတစ်ရာလောက် ပိုများပါတယ်။ ဒါပေမယ့် ပေးရတဲ့ ဈေးနှူန်းနဲ့ ယှဉ်ရင်တော့ တန်တဲ့ wireless နားကြပ်လေးတစ်ခုလို့လည်း ပြောလို့ရပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

နည်းပညာ သူခိုးကြီးများ (သို့) ပထမဆုံးထုတ်လုပ်သူတို့ရဲ့အိမ်မက်ဆိုးများ

Previous article

Desktop Performance နဲ့လာသော laptop (သို့) Alienware Area-51m

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Lifestyle