AYA Mobile Last Version Updated

0
1153

AYA Mobile Banking ဆိုတာ

ဧရာဝတီဘဏ်၏ Mobile Banking ကို AYA mBanking ဟုလည်းခေါ်ပါသည်။ Mobile Banking စနစ်ဖြင့် လူကြီးမင်းတို့၏ ဘဏ်လုပ်ငန်းဆောင်တာများကို လွယ်ကူ၊ လုံခြုံစွာနှင့် အဆင်ပြေစွာ မည်သည့်အချိန်၌မဆို စီမံခန့်ခွဲဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်။

AYA mBanking ဆိုသည်မှာ အသုံးပြုသူအနေနှင့် ဘဏ်ဝန်ဆောင်မှုများကို လုံခြံစိတ်ချရသော မိုဘိုင်းအက်ပီလီကေးရှင်း (Mobile Application) သို့ မိုဘိုင်းစာတိုစနစ် (SMS) များမှ တဆင့် အသုံးပြုနိုင်ခြင်းဖြစ်သည်။ mBanking ကို မိုဘိုင်းအက်ပလီကေးရှင်း (Mobile Application) အသုံးပြုနိုင်ရန် အတွက် အင်တာနက်လိုင်း (Internet Access) လိုအပ်မည်ဖြစ်ပြီး၊ မိုဘိုင်းစာတိုစနစ် (Mobile SMS) အတွက်ကိုမူ အင်တာနက်လိုင်း မလိုအပ်ဘဲ ဘဏ်သို့သာ မိမိဆောင်ရွက်လိုသည့် ဝန်ဆောင်မှုများကို စာတိုစနစ် (SMS system) ဖြင့် ပေးပို့ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ထိုသို့ဘဏ်ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန်အတွက် ဧရာဝတီဘဏ်တွင် ဘဏ်စာရင်း ဖွင့်လှစ်ထားရှိရန် လိုအပ်ပြီး၊ iBanking စနစ်ကိုလည်းလျှောက်ထား အသုံးပြုပြီးသား ဖြစ်ရပါမည်။ mBanking စနစ်ကိုအသုံးပြုရန်အတွက် iBankingစနစ်မှ ပေးထားသောအမည် (Username) နှင့် လျှို့ဝှက်နံပါတ် (Password)၊ လုံခြုံရေးဆိုင်ရာကိရိယာ (One Time Password- OTP) တို့လိုအပ်မည်ဖြစ်ပါသည်။

အကျိုးကျေးဇူး

AYA Customer များအနေဖြင့် လူကြီးမင်းတို့၏ မိုဘိုင်းဖုန်းဖြင့် လူကြီးမင်းတို့၏ အကောင့်များကို အချိန်နှင့်တပြေးညီ ကြည့်ရှုစစ်ဆေးနိုင်ခြင်း။

လူကြီးမင်းတို့အနေဖြင့် အင်တာနက်လိုင်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ငွေလှွဲ ငွေလက်ခံခြင်းများကို အသုံးပြုနိုင်ခြင်း။
မည်သည့်အချိန်မဆို ဖုန်းငွေဖြည့်ကဒ်များ ဝယ်ယူနိုင်ခြင်း။

နိုင်ငံခြားငွေစာရင်း၏ ငွေအဝင်အထွက်၊ လက်ကျန်ငွေစစ်ခြင်း၊ ငွေလှွဲခြင်းများကို ကြည့်ရှုစစ်ဆေးခြင်းများ ပြုလုပ်နိုင်ခြင်း။

ဘာတွေ ပါဝင်သလဲ

  • စာတိုစနစ်ဖွဲ့စည်းပုံ ( SMS mbanking အတွက်)။
  • နေ့စဉ်ငွေလဲလှယ်နှုန်း (လက်ရှိနိုင်ငံခြားငွေလဲလှယ်နှုန်း)။
  • ATM Location (မိမိ နှင့်အနီးဆုံးတွင်ရှိမည့် ATM စက်များ၏ တည်နေရာများသိရှိနိုင်ခြင်း)။
  • ဧရာဝတီဘဏ် လိပ်စာရှာဖွေနိုင်သော နေရာများ (website လိပ်စာ, ဖုန်းနံပါတ်များ)။
  • Faculty Calculator (အငှားဝယ်စနစ်၊ ငွေစုစာရင်း နှင့် စာရင်းသေအပ်ငွေစာရင်းတို့၏ အတိုးနှုန်းများ တွက်ချက်ရန်)။
  • AYA Products and Services (ဧရာဝတီဘဏ်တွင် ရရှိနိုင်သော ဝန်ဆောင်မှုများ)။
  • mBanking App သည် မြန်မာဘာသာ နှင့် အင်္ဂ္လိပ်ဘာသာ(၂) မျိုးကိုအသုံးပြုနိုင်ပါသည်။

 

Download AYA Mobile Banking

Google Play Store | APKPure | APKMonk | iOS

[Unicode]

AYA Mobile Banking ဆိုတာ










Download AYA Mobile Banking

Google Play Store | APKPure | APKMonk | iOS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.