You are here
Home > Author: Thiha Bo Bo

အဝတ်လျှော်စက် ဝယ်တော့မယ်ဆိုရင်

အဝတ်လျှော်စက် ဝယ်တော့မယ်ဆိုရင်

(၁) အဝတ်လျှော်စက် အရွယ်အစားနှင့် ထားမည့်နေရာ အဝတ်လျှော်စက် အမျိုးအစားပေါ်မူတည်ပြီး အရွယ်အစားတွေကွဲပြားမှုရှိပါတယ်။ များသောအားဖြင့် အလျား ၂၇”-၂၈”ခန့် အနံ ၃၀”-၃၅” ရှိတတ်ပြီး အမြင့်အရွယ်အစားအမျိုးမျိုးရှိနိုင်ပါတယ်။ အဝတ်လျှော်စက်ထားရှိမယ့် နေရာအနေအ ထား၊အကျယ်အဝန်း ၊ ရေသွယ်တန်းမည့်နေရာကို မဝယ်ယူခင် ကြိုတင်စဉ်းစားထားဖို့လိုပါတယ်။ ထားရှိမယ့်နေရာရဲ့ အလျား၊အနံ၊အမြင့်အပြင် အဝတ်လျှော်စက်အဖုံးဖွင့်တဲ့အခါ လွတ်ကင်းမှုရှိစေရန်အတွက် တိုင်းတာထားသင့်ပါတယ်။ အဝတ်လျှော်စက်ရဲ့ နောက်ဘက် ရေပိုက်သွယ်တန်းမယ့်နေရာကနေ ၆ လက်မခန့်ခွာထားသင့်ပါတယ်။ ထိုကဲ့သို တိုင်းတာထားမှသာ လိုအပ်ချက်ပေါ်မူတည်ပြီး သင့်တော်မယ့် Compact size အမျိုးအစား၊ Full size အမျိုးအစားစသဖြင့် ရွေးချယ်ဝယ်မှာဖြစ်ပါတယ်။ အဝတ်လျှော်စက်မှ ထွက်မည့်အသံ (Noise)၊ တုန်ခါမှု (Vibration) ကိုလည်း ထည့်သွင်းစဉ်းစားပြီး ထားရှိမယ့်နေရာကို ရွေးချယ်ရန်လည်းလိုအပ်ပါတယ်။ (၂)

How to Fix iOS 12 Zawgyi Font Problem

Apple က iOS 12 Stable Version ကို iPhone ၊ iPad နဲ့ iPod touch တွေအတွက် မနေ့ညကပဲ Update ချပေးလိုက်ပါပြီ။ Update လုပ်ပြီးတဲ့အချိန်မှာ Zawgyi Font သုံးနေသူတွေအတွက် စာဖတ်လို့အဆင်မပြေဖြစ်နေတဲ့ပြဿနာတွေ ကြုံနေရပါတယ်။ အဲ့ဒီပြဿနာအတွက်တော့ Font ကိုပြောင်းပြီး ဖြေရှင်းနိုင်ပါတယ်။ Step 1Font ကိုပြောင်းထည့်ဖို့အတွက်တော့ ပထမဦးဆုံး လက်ရှိ Font ကို ဖယ်ထုတ်ရမှာပါ။ Zawgyi Font ကို iOS မှာ Profile နဲ့ထည့်ထားတာကြောင့် Font Profile ကို ဖျက်ရမှာပါ။ Font Profile ကို ဖျက်ဖို့အတွက်တော့

Keyman အတွင်း Keyboard လက်ကွက်ထည့်သွင်းနည်း

keyman desktop 10

မြန်မာစာယူနီကုဒ်ကို အသုံးပြုသုံးများအနေဖြင့် စာရိုက်ရန်အတွတ် Keyman ကိုလည်း အသုံးပြုနိုင်ပါတယ်။အဆိုပါ Keyman မှာ မိမိစိတ်ကြိုက် လက်ကွက်ကို ထည့်သွင်းရန်အတွတ် အောက်တွင် လုပ်ဆောင်နည်းအဆင့်ဆင့်ကို ပြသပေးသွားပါမယ်၊။ဒီမှာတော့ ပြည်ထောင်စုလက်ကွက်ကို နမူနာအနေနဲ့ ထည့်သွင်းပြသပေးသွားမှာလည်း ဖြစ်ပါတယ်၊။အဆင့်( ၁ )အောက်တွင်းပေးထားသောလင့်မှပြည်ထောင်စုလက်ကွက်ကိုရယူပါ။ဒေါင်းယူထားသော ပြည်ထောင်စုလက်ကွက်ကို ဘယ်ဖိုင်မှာ သိမ်းထားလဲဆိုတာ သေချာမှတ်ထားပါPyidaungsu MM.kmxKeyman Downloadအဆင့်( ၂ )Keyman icon လေးကိုနှိပ်ပြီး configuration ကိုနှိပ်ပါအဆင့်( ၃)ဇယားကွက်ပေါ်လာပြီဆိုရင် Install keyboard ကိုနှိပ်ပါ။ခုနတုန်းက ဒေါင်းယူထားတဲ့ ပြည်ထောင်စုလက်ကွက်ကို သိမ်းထားတဲ့ ဖိုင်ဆီရောက်အောင် သွားပါ၊ပြီးရင် Pyidaungsu MM ဆိုတဲ့လက်ကွက်ကို ကလစ်နှိပ်ပြီး Open နှိပ်ပါအဆင့်( ၄ )အခုဆို Keyman ထဲကို ပြည်ထောင်စုလက်ကွက်ရောက်သွားပြီဖြစ်လို့

Facebook နှင့်ပတ်သက်၍ အရေးတကြီး သိထားသင့်သော အချက်(၁၀)ချက်

10 tips for Facebook's user

တကယ်လို့ သင်ဟာ သောကြာနေ့ (၂၈-၉-၂၀၁၈)ရက်နေ့က Facebook သုံးနေရာကနေ ထွက်လိုက်ရတာမျိုးု ကြုံခဲ့ရတယ်ဆိုရင် သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ Facebook က သုံးစွဲသူ သန်း(၉၀)ကျော်ကို အတင်းအကြပ် ထွက်ခိုင်းလိုက်တာဖြစ်ပြီး ဒါကလည်း အလွန်များပြားလှတဲ့ ဒေတာကျိုးပေါက်မှုကို တုံ့ပြန်ဖို့အတွက် ဖြစ်ပါတယ်။သောကြာနေ့ နေ့လည်ခင်းမှာ ဆိုရှယ်မီဒီယာကုမ္ပဏီကြီးက အမည်မသိဟက်ကာအချို့ဟာ သူ့ရဲ့ဆိုက်မှာရှိတဲ့ အားနည်းချက် (၃)ခုကို တိုက်ခိုက်ဖို့နဲ့ သုံးစွဲသူ သန်း(၅၀)ရဲ့ အချက်အလက်တွေကို ခိုးဖို့စီစဉ်ခဲ့ကြတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပြီး ကြိုတင်ကာကွယ်မှုအနေနဲ့ ကုမ္ပဏီက သုံးစွဲသူ သန်း(၉၀)ခန့်ရဲ့ Access token တွေကို ရှင်းပစ်လိုက်ပါတယ်။ Facebook နှင့်ပတ်သက်၍ အရေးတကြီး သိထားသင့်သော အချက်(၁၀)ချက် ဘယ်လိုပဲဖြစ်ဖြစ်၊ သတင်းထောက်တွေနဲ့ ဖြေဆိုပြောကြားချက်များမှာတော့ Facebook ရဲ့ ထုတ်ကုန်ပိုင်းဆိုင်ရာ

ကွန်ပျူတာOS မှာ အလုပ်လုပ်တဲ့ 32 Bit နဲ့ 64 Bit တို့ ခြားနားချက်

difference between 32 bit and 64 bit

ကွန်ပျူတာတွေ လက်ဝယ်အသီးသီးကိုင်သုံးနေကြတဲ့ခေတ်မှာ လူတိုင်း ကိုယ့်ကွန်ပျူတာ OS မှာ အလုပ်လုပ်တဲ့ 32bit နဲ့ 64 bit အကြောင်းလေးကို သိထားသင့်တယ်ထင်လ့ိုအခြေခံလေး ဗဟုသုတအနေနဲ့ ပြန်ရေးလိုက်ပါတယ်။အရင်ဆုံး 32 bit /64 bit ဆိုတာမှာပါတဲ့ bit ဆိုတာကို စပြီးပြောပါမယ်။ ကျွန်တော်တို့ bit ဆိုတာက ရှင်းအောင်ပြောရရင် တွက်ချက်စစ်ထုတ်မှုဆိုင်ရာကိစ္စတွေနဲ့ ဒီဂျစ်တယ်communications တွေမှာသုံးလေ့ရှိတဲ့ အခြေခံအကျဆုံး unit တစ်ခုဘဲဖြစ်ပါတယ်။ ကျွန်တော်တို့ အခြေခံအားဖြင့် ကွန်ပျူတာရဲ့ operating system OS မှာ 32 bit နဲ့ 64 bit ဆိုပြီး နှစ်မျိုးရှိပါတယ်။ 32 bit/64 bit

Download ဆွဲလျှင် ကြာချိန်နဲ့ မြန်နှုန်း ပျဉ်းမျှတွက်နည်း

download time and speed

ပုံမှာ ကြည့်လျှင် 1Mbps ကို အသုံးပြုထားတာဖြစ်လို့ Download ဆွဲရာတွင် 125KB/s ဝန်းကျင်သာ သွားပါတယ်။1GB Download ဆွဲလျှင် 1Mbps = 125KBps = 2 hr 16 min 32 sec 2Mbps = 250KBps = 1 hr 8 min 16 sec 3Mbps = 375KBps = 45 min 31 sec 4Mbps = 500KBps = 34 min 8 sec 5Mbps = 625KBps = 27 min 18

T95D Android TV Box

T95D Android TV Box

သတင်းအချက်အလက်တွေနဲ့ အခြားနည်းပညာတွေကို အင်တာနက်မှ စောင့်ကြည့်ချင်သူတွေအတွက် ပေါ့ပါးသက်သာပြီး အသုံးတည့်စေမယ့် T95D Android TV Box တစ်မျိုးဖြစ်ပါတယ်။ TV Box လေးရဲ့ Device ကိုတော့ ROCKCHIP RK3229 နဲ့ ထုတ်လုပ်ပေးထားတယ်လို့ သိရပါတယ်။ CPU ကတော့ Quad core 64 bit 1.46GHz ကို ထည့်သွင်း အသုံးပြုပေးထားပြီး system memory ကတော့ 1GB ပါဝင်ပါတယ်။ Storage 8GB ပါပြီး ထပ်တိုးချင်ပါက Micro SD နဲ့ 32GB အထိ ထပ်တိုးအသုံးပြုနိုင်ပါတယ်။ GPU ကတော့ 4K ရုပ်ထွက်ပေးနိုင်မယ့်

Facebook Page မှာ ကြော်ငြာဓာတ်ပုံတွေအတွက် စာလုံးအရေအတွက်ကို ဘယ်လိုစစ်မလဲ

facebook sponsor image text rule

Facebook page မှာ ကြော်ငြာမယ့် Ad Image တွေမှာ စာလုံးအရေအတွက် ၂၀ ရာခိုင်နှုန်းသာ ပါဝင်တယ်လို့ရပါတယ်။ ကိုယ့်ရဲ့ page မှာ ကြော်ငြာမယ့်အကြောင်းအရာအတွက် ဓာတ်ပုံရဲ့ စာလုံးရေပါဝင်မှုကို ပို့စ်မတင်ခင်မှာ Facebook 20% Text Rule နဲ့ ကိုက်ညီမှုရှိ၊ မရှိ အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။Facebook 20% Text Rule နဲ့ ကိုက်ညီမှုရှိ၊ မရှိကို စစ်ဆေးနိုင်ဖို့အတွက် ကိုယ်ဒီဇိုင်းလုပ်ထားတဲ့ ကြော်ငြာဓာတ်ပုံကို http://bit.ly/2AfAAsU ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ သွားရောက်စစ်ဆေးနိုင်ပါတယ်။ ဖော်ပြထားတဲ့ ဝက်ဘ်ဆိုက်လိပ်စာကိုရောက်ပြီဆိုရင် ဒီဇိုင်းလုပ်ပြီး JPEG ထုတ်ထားတဲ့ ဖိုင်ကို upload လုပ်ပေးလိုက်ပါ။နောက်တစ်ဆင့်ကတော့ upload လုပ်လိုက်တဲ့

Monochrome ဓာတ်ပုံ ပုံစံပြုပြင်လို့ကောင်းအောင် ဖုန်းနဲ့ ဘယ်လို ရိုက်ကူးမလဲ

Monochrome ဓာတ်ပုံ ပုံစံပြုပြင်လို့ကောင်းအောင် ဖုန်းနဲ့ ဘယ်လို ရိုက်ကူးမလဲ

Monochrome ဓာတ်ပုံတစ်ပုံအဖြစ်ကိုဆော့ဖ်ဝဲနဲ့ Convert မလုပ်ခင်မှာ ကိုယ့်ရဲ့ဓာတ်ပုံမှာ ဘယ်လိုအချက်တွေနဲ့ ပြည့်စုံစွာ ရိုက်ကူးထားသင့်ပြီး ဘယ်လိုနေရာတွေကို ရိုက်ကူးမယ်ဆိုရင် ပုံကောင်းတွေ ထွက်နိုင်တယ်ဆိုတာကို လေ့လာနိုင်ဖို့အတွက် အောက်မှာ အချက်အလက်အချို့နဲ့ ဖော်ပြပေးသွားပါ့မယ်။၁။ High Contrast မြင်ကွင်တွေကို ရိုက်ကူးခြင်းMonochrome ဓာတ်ပုံဆိုတာဟာ Monotone ဖြစ်တာကြောင့် ကိုယ်ရိုက်ကူးမယ့်မြင်ကွင်းတစ်ခုကို ကြည့်လိုက်တဲ့ အချိန်မှာ မြောက်မြားလှစွာတဲ့ မတူညီတဲ့ အရိပ်ပေါင်းစုံမြင်တွေ့ရမှာပါ။ ဒါကြောင့်မို့ ရိုက်ကူး ဖို့အတွက် ဓာတ်ပုံထဲမှာ အဖြူသန့်သန့်၊ အမည်းသန့်သန့် ထွက်ပေါ်နိုင်လောက်မယ့် အရာတွေ၊ နေရာတွေကို ရွေးချယ်ရိုက်ကူးရမှာ ဖြစ်ပါတယ်။အဲလိုအနေအထားမျိုးတွေ ရိုက်ကူးရတဲ့အခါ High Contrast မြင်ကွင်းတွေက အကောင်းဆုံးပဲဖြစ်ပါတယ်။ High Contrast ဆိုတာက မြင်ကွင်းထဲမှာ အရမ်းမှောင်ပြီး အရမ်းလင်းတဲ့နေရာနှစ်ခု

Spectre ကြောင့် RAM ၁၀ ရာခိုင်နှုန်း ပိုမိုသုံးစွဲမယ့် Google Chrome

Spectre ကြောင့် RAM ၁၀ ရာခိုင်နှုန်း ပိုမိုသုံးစွဲမယ့် Google Chrome

သိပ်မကြာခင်မှာ Google Chrome ဟာ သင့်ရဲ့ RAM ကို ပိုမိုသုံးစွဲတော့မှာ ဖြစ်ပါတယ်။ ဒါဟာ Spectre အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် Chrome 67 မှာ ပါဝင်လာတဲ့ Site Isolation feature သစ်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။Spectre ဆိုတာက စျေးကွက်ထဲက CPU တိုင်းမှာရှိတဲ့ အားနည်းချက်တစ်ခုပါ။ တိုက်ခိုက်သူတွေက အဲ့ဒီအားနည်းချက်ကို အသုံးချပြီး အသုံးပြုခွင့်မရှိတဲ့ အချက်အလက်တွေကို ရယူနိုင်ပါတယ်။ အဆိုးရွားဆုံးက အန္တရာယ်ရှိတဲ့ ဒါမှမဟုတ် hack ခံထားရတဲ့ site တစ်ခုကနေ web browser မှာ JavaScript code ကို run ပြီး PC

Top